UNiQUE ရဲ့ Managing Director ဖြစ်သူ ဦးကျော်ဆန်းဦးနှင့်တွေ့ဆုံခြင်း

ဦးကျော်ဆန်းဦး :Managing Director (UNiQUE)

ကိုယ်တိုင်မိတ်ဆက်

ကျွန်တော့်အနေနဲ့ Unique IT ၊ Mobile & Electronic Center ကိုတည်ထောင်တာ ၁၆ နှစ်ပြည့်ခဲ့ပါပြီ။ ကွန်ပျူတာတက္ကသိုလ်ကနေ ဘွဲ့ရရှိပြီးအခြားသောလုပ်ငန်းခွင်တွေဝင်ပြီးလုပ်ကိုင်ခဲ့ဖူးကာ၊ နောက်ပိုင်းကိုယ်ပိုင်လုပ်ငန်းကိုစတင်လုပ်ကိုင်ခဲ့ပါတယ်။ MBA ဆက်တက်ခဲ့ပြီးနောက်ပိုင်းမှာတော့ လုပ်ငန်းတွေဆက်လက်တိုးချဲ့လာခဲ့ပါတယ်။

UNiQUE IT ၊ Mobile & Electronic Center စတင်တည်ထောင်ခဲ့ပုံကစပြီး လက်ရှိအခြေအနေထိ Miles-tones များ

UNiQUE စတည်ထောင်တုန်းက ကျွန်တော်ဝန်ထမ်းလုပ်ရာကနေ စုဆောင်းလာတဲ့ ငွေနည်းနည်းလေးနဲ့စခဲ့ပါတယ်။ အဲဒီတုန်းက Partner နှစ်ယောက်ပါတယ်။သူငယ်ချင်းသုံးယောက်ပေါင်း မြန်မာငွေသိန်း ၅၀ တောင် မရှိပါဘူး။ လမ်း ၄၀ မှာ ဆိုင်ခန်းသေးသေးလေး ငှားပြီးတော့စခဲ့ပါတယ်။ကျွန်တော်တို့မှာ အရင်းအနှီးက သိပ်မကျန်တော့ ကွန်ပျူတာအဟောင်းလေးတွေဝယ်တာ၊ ရောင်းတာကနေစခဲ့တယ်။ ၂၀၀၄ ခုနှစ်၊ ဇွန်လမှာ စဖွင့်ပြီးတော့ သြဂုတ်လလောက်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီနဲ့ ဘုမသိဘမသိနဲ့ မူဆယ်ကိုတက်သွားတယ်။ အဲဒီကနေ ကွန်ပျူတာပစ္စည်းအဟောင်းတွေဝယ်တယ်၊ သွင်းတယ်။ ကွန်ပျူတာပစ္စည်းအဟောင်းတွေက တရားဝင်တင်သွင်းခွင့်မပေးဘူး။ အဲဒီက ပစ္စည်းတွေဝယ်လာပြီးတော့ ရောင်းတယ်၊ မြတ်တယ်။ အဟောင်းပစ္စည်းဖြစ်တဲ့အတွက် အမြတ်ရာခိုင်နှုန်းကကြမ်းတယ်။ မြတ်တဲ့ပမာဏတူရင်တောင် အသစ် Computer Mother Board တစ်ချပ်ရောင်းရရင် သုံးထောင်မြတ်တာချင်းတူရင်တောင်မှ အသစ်တစ်ချပ်က ငါးသောင်းရင်းမှသုံးထောင်မြတ်တယ်။ အဟောင်းက ၁၅,၀၀၀၊ နှစ်သောင်းရင်းရင်သုံးထောင်မြတ်တာဆိုတော့ မြတ်တာတော်တော် ကြမ်းပါတယ်။

ကွန်ပျူတာအဟောင်းလုပ်ငန်းလေး တော်တော်လည်ပတ်ပြီး နှစ်နှစ်လောက်မှာအရှိန်ရလာတယ်။ ကျွန်တော်ဘာထပ်မြင်လာလဲဆိုတော့ Trend က နည်းနည်းပြောင်းလာတယ်။ အဟောင်းတွေထက်စာရင် အသစ်တွေကဈေးကျလာတယ်။ ကွန်ပျူတာဈေးကွက်က အကြီးကြီးဖြစ်နေပြီ။ ကျွန်တော်တို့ ကွန်ပျူတာအသစ်ကိုတွဲရောင်းတော့ ဘာပြဿနာရှိလဲဆိုတော့ လာဝယ်တဲ့ Customer က ကျွန်တော်တို့ကို ယုံရခက်တယ်။ အဟောင်းတွေကိုအသစ်တွေဆိုပြီးပေးလိုက်ရင် ဘယ်လိုလုပ်မလဲဆိုပြီး အမြင်နဲ့သံသယကလူတိုင်းမှာရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က တစ်ခုခုကိုစွန့်လွှတ်ဖို့ဖြစ်လာတယ်။ Option ကနှစ်ခုရှိတယ်။ နဂိုအတိုင်းသွားနေရင်တော့ အောင်မြင်မှာမဟုတ်ဘူး။ အဟောင်းရော၊ အသစ်ရော တွဲရောင်းနေရင် မအောင်မြင်ဘူး။ တော်တော် များများက အဟောင်းမှာတင် အမြတ်ကြီးနေတာကြောင့် အဟောင်းကိုဆက်တွဲထားရမယ်လို့ ယူဆကြတယ်။ ကျွန်တော်ကတော့ အဟောင်းဆက်လုပ်နေတယ်ဆိုရင် Customer ရဲ့ ယုံကြည်မှုကို တည်ဆောက်ရတာ တော် တော်ခက်တယ်။ ကျွန်တော်ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားနဲ့ အသစ်ဘက်ကို ပြောင်းမယ်ဆိုပြီး ၂၀၀၇ ခုနှစ်မှာ ဝင်တိုး ပြီးတော့ အရှိန်ရလာတယ်။ ၂၀၀၈ ခုနှစ်၊ ၂၀၀၉ ခုနှစ်မှာ ရောင်းအားအကောင်းဆုံးဆိုင် ငါးဆိုင်လောက်မှာပါလာတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ပထမဆုံးအချိုးအကွေ့ဖြစ်တယ်။

ဒုတိယအချိုးအကွေ့ကတော့ အရင်အစိုးရတက်လာတဲ့အချိန်မှာ Telecom နဲ့ပတ်သက်ပြီး ထုံးစံအတိုင်းအစိုးရက ကြေညာချက်တွေကို ဘယ်သူမှမယုံကြဘူး။ ဒါပေမဲ့ ကျွန်တော်ကဖြစ်နိုင်ခြေကို ကြည့်တယ်။ နိုင်ငံတကာ Trend ကိုကြည့်တယ်။ Sim Card တွေကကျိန်းသေတယ်။ အနှေးနဲ့အမြန်ဖြစ်လာမယ်။ ဒီမိုဘိုင်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့အကြီးကြီးဖြစ်လာ မယ်လို့ယူဆတဲ့အတွက်ကြောင့် ၂၀၁၁ ခုနှစ်မှာ ပန်းဆိုးတန်းဆိုင်ကိုထပ်ဖွင့်တဲ့အချိန်မှာ မိုဘိုင်းဖုန်းပါတွဲရောင်းတယ်။ တကယ်တမ်း ကျွန်တော်လုပ်ချင်တာက ယနေ့ရောက်နေတဲ့အခြေအနေကိုလုပ်ချင်တာဖြစ်တယ်။

ကျွန်တော်အရင်က ကွန်ပျူတာစလုပ်တယ်။ တကယ်လုပ်ချင်တာက ကွန်ပျူတာ၊ မိုဘိုင်း၊ Electronic Every Digital Electronic Device အစုံရှိတဲ့ဆိုင်ဖြစ်ချင် တယ်။ ဒီနေ့ဒီအချိန်ထိလည်း လိုအပ်ချက်ရှိနေတယ်။ ၂၀၁၁ ခုနှစ်မှာ ကျွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ အီလက်ထရောနစ် သုံးမျိုးလုံးကို ပန်းဆိုးတန်းဆိုင်မှာ စထည့်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ခွက်ခွက်လန်အောင်ရှုံးတယ်။ မိုဘိုင်းဖုန်း ဆိုတာလည်း အဲဒီခေတ်အခါမှာ Sim Card ကလည်း ဈေး ကြီးတဲ့ခေတ်၊ သုံးတဲ့သူကလည်း တော်တော်နည်းတဲ့ခေတ်၊ ကိုယ်ကလည်း လူသစ်တစ်ယောက်အနေနဲ့ တိုးဝင်နေတဲ့အချိန်ဖြစ်တယ်။ ကျွန်တော်တို့လုပ်ငန်း နည်းနည်းအရှိန်ရ၊ လည်ပတ်လာတဲ့အချိန် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းလောက်မှာ ကျွန်တော်မှောင်ခိုသွင်းတဲ့ အလုပ်လုံးဝမလုပ်တော့ဘူး။ မလုပ်တော့ ဘာပြဿနာတက်လဲဆိုတော့ သူများဆီကပစ္စည်းယူရောင်းရတယ်။ ယူရောင်းတဲ့အခါမှာ ဈေးကမပေါတော့ဘူး။ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိဘူး။တော်တော်လေးကို ရှုံးတယ်။ အပြောင်းအလဲအနေနဲ့ ဘာဖြစ်လာလဲဆိုတော့ ၂၀၁၂ ခုနှစ်မှာ Sim Card တစ်ကတ်ကို ငါးသိန်းဆိုပြီး ငါးသိန်းဖုန်းတွေထွက်လာတယ်။ အဲဒီ အချိန်မှာ ဈေးကွက်နည်းနည်းလေး လှုပ်ခတ်လာတယ်။ ကျွန်တော်တို့ နည်းနည်းလေး အသက်ချောင်လာတယ်။ ဖုန်းဟမ်းဆက်တွေ ရောင်းကောင်းလာတယ်။ကျွန်တော် ခြေတစ်လှမ်းနောက် ပြန်ဆုတ်ရတာရှိတယ်။ အီလက်ထ ရောနစ်လိုင်းကို လုံးဝဖြုတ်လိုက်ပြီးတော့ ကွန်ပျူတာနဲ့ မိုဘိုင်းနယ်ပယ်မှာပဲ ရပ်တည်ခဲ့ရတယ်။ ၂၀၁၄ ခုနှစ်မှာ Telecom နှစ်ခုပေါ်လာတယ်။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်မှာ နှစ်ဆိုင်၊ တာမွေကခုဂုံးတံတား ဖြစ်သွားတဲ့နေ ရာမှာ သုံးဆိုင်မြောက် ဆိုင်လေးတစ်ဆိုင်ထပ်ဖွင့်တယ်။ ၂၀၁၄ ခုနှစ်မှာ သုံးဆိုင်ပဲရှိသေးတယ်။ ၂၀၁၄ ခုနှစ်မှာ Sim Card တွေချပေးတဲ့အချိန်မှာ လွယ်လွယ်ပြောရရင် ငွေရှာလို့တော်တော်ကောင်းတယ်။ Sim Card လုပ်စား လည်း သူဌေးဖြစ်တယ်။ နောက်တစ်ခုက ဟန်းဆက်ရောင်းစားတယ်။ ဟန်းဆက်ဆိုင်တွေ မှိုလိုပေါက်အောင် ဖွင့်လာကြတယ်။ ကျွန်တော်တို့ အဲဒါတွေတစ်ခုမှ မလုပ်ခဲ့ဘူး။ ဘာလို့မလုပ်ခဲ့လဲဆိုတာဝေမျရရင် နံပါတ်တစ်အနေနဲ့ ကျွန်တော်က အလုပ်လုပ်တာကို ငွေရှာရုံ သက်သက်အလုပ်လုပ်ချင်တာ မဟုတ်ဘူး။ ပေါ်ပင် စီးပွားရေး ကျွန်တော်မလုပ်ဘူး။ Sim Card ကို ပေါ်ပင် စီးပွားရေးလို့ယူဆတယ်။ သူ့ဟာ သူ ပိုက်ဆံဘယ်လောက် ဝင်ဝင် ကျွန်တော်မလုပ်ဘူး။ နံပါတ်နှစ်က ဆိုင်တွေများများဖွင့်တာ၊ အရောင်းအဝယ် ပညာတတ်ဖို့မလိုဘူး။ ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး မှန် ကောင်တာလေးထဲမှာ ဟမ်းဆက်ထည့်လိုက်တာနဲ့ စီးပွား ဖြစ်နေတဲ့အခြေအနေ ရောက်နေတယ်။ ဘာမှတတ်စရာမလိုဘဲ စီးပွား ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်ကဘာတွေးလဲဆိုတော့ နဂိုရှိတဲ့ ဝန်ထမ်းအင်အားနဲ့ တက်လာတဲ့ရောင်းအားက မမျတော့ တဲ့အခါ ဆိုင်ထဲမှာ လူတွေကပြည့်ကျပ်ပြီး ပွင့်ပွင့်လင်းလင်းပြောရရင် ဝန်ဆောင်မှုအရည်အသွေး တွေက ကျလာတယ်။ လူတွေကစောင့်ရပြီး ကျွန်တော်တို့ မှာ တော်တော် ရောင်းရတယ်။ အရောင်းသမားကလည်း သူ့မှာ Workload များတဲ့အတွက် စိတ်မရှည်တော့ဘူး။ ဒီလိုပဲ Software သွင်းပေးတဲ့သူတွေကလည်း အလျဉ်မီ အောင် မသွင်းနိုင်တော့ဘူး။ Service Quality ကျတဲ့အ တွက် ကျွန်တော်လုပ်ငန်း လုံးဝမချဲ့ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ အခြေအနေတစ်ခုထိရောက်အောင် ပြန် ထိန်းတယ်။ ထိန်းတယ်ဆိုတာ ဝန်ထမ်းအသစ်တွေ ပြန် ခေါ်တယ်။ လေ့ကျင့်မွေးမြူပေးတယ်။ ဒီဝန်ထမ်းသစ် တွေနဲ့တက်လာ တဲ့ Demand ကို နိုင်တဲ့အပြင် နောက်ထပ် ဝန်ထမ်းအင်အားလည်းထပ်ရှိပြီ။ ဈေးကွက်ကလည်း နည်းနည်းလေး တည်ငြိမ်လာပြီဆိုတဲ့အချိန်ကျမှ ၂၀၁၅ ခုနှစ်ကျမှ ကျွန်တော်ဆိုင်အသစ်တွေ ထပ်ချဲ့တယ်။ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ ဆိုင်အသစ်တွေ ထပ်ချဲ့လာတာ ခုဆို ရင် ရန်ကုန်မှာ ခုနစ်ဆိုင်၊ မန္တလေးမှာ နှစ်ဆိုင် စုစုပေါင်း ကိုးဆိုင်နဲ့ ဝန်ထမ်း ငါးရာလောက်တော့ ဖြစ်သွားပါပြီ။

လုပ်ငန်းရည်ရွယ်ချက်ကဘာလဲ။ ခုလက်ရှိမှာကော ပြည့်မီပြီလား။

ကျွန်တော်ဖြစ်ချင်တာက ဒစ်ဂျစ်တယ်အီလက်ထရောနစ် Product တွေအကုန်လုံး တစ်နေရာတည်းမှာ All In One ရတဲ့ ကိုယ်ရောင်းတဲ့ပစ္စည်းရဲ့ Retail Chain ဖြစ်ချင်တယ်။နောက်ထပ်တစ်ခု လုပ်ငန်းရဲ့ ရပ်တည်ချက်ကတော့ ကျွန် တော်တို့ ငယ်ငယ်တုန်းကတော့ ကိုယ်ပိုင်စီးပွားရေး ဘာ လို့လုပ်လဲဆိုရင် လူတိုင်းစဉ်းစားသလိုပဲ သူဌေးဖြစ်ချင် တယ်။ ငွေရှာချင်တယ်။ ဒါကတော့ ငြင်းလို့မရဘူး။ Profit ကို လူတိုင်း လိုချင်တယ်ဆိုတဲ့နေရာမှာလည်း ကိုယ့်ရဲ့ စံသတ်မှတ်ချက်တော့ရှိရတယ်။ ကျွန် တော်ပြောတာက ပေါ်ပင်စီးပွားရေးလုပ်စားတာမျိုး ကျွန် တော်မလုပ်ဘူး။ ဘာမလုပ်ဘူးဆိုတဲ့ ရပ်တည်ချက်ရှိရ မယ်။ ဒါကတော့ ငွေရှာတဲ့အပိုင်းပါ။

နောက်တစ်ခုက ၂၀၀၄ ခုနှစ်လောက်မှာ လုပ်ငန်းစပြီးတော့ ၂၀၀၅ ခုနှစ် မှာဘာမြင်လာလဲဆိုတော့ ကျွန်တော်က ကွန်ပျူတာ တက္ကသိုလ်ကနေ ကျောင်းပြီးထားတယ်။ ကျွန်တော်တို့ ခေတ်အခြေအနေမှာ ပညာရေးက တော်တော်လေးဆိုး ဆိုးရွားရွားနိမ့်ကျတဲ့အခါ ကျတော့ ကျောင်းပြီးလာတဲ့ ကျောင်းသားတွေက ဘာမှမတတ်ဘူး။ ကွန်ပျူတာ တက္ကသိုလ်ကသာ ကျောင်းဆင်းလာတယ်။ ကွန်ပျူတာကို ဖြောင့်အောင်မကိုင်နိုင်တဲ့ သူတွေများလာတယ်။ ကျွန် တော့်သူငယ်ချင်းတွေက ကိုယ်နဲ့ခင်တဲ့အခါကျတော့ Trainning Ground လို သဘောထားပြီး လာလုပ်ကြတယ်။ သူတို့မှာ ကွန်ပျူတာနဲ့တွေ့ထိဖို့၊ နီးစပ်ဖို့၊ လက်တွေ့လုပ် ငန်းခွင်မှာ ဝင်ဖို့ဆိုတာ အဆင်မပြေဘူး။ အဲဒီအချိန်မှာ ဆရာကြီးဒေါက်တာ အောင်ထွန်းသက်က Capacity Building ကိုပြောနေတဲ့ အချိန်ဖြစ်တယ်။ ကျွန်တော်အဲဒါ ကို သဘောကျတယ်။ ၂၀၀၅ ခုနှစ်လောက်မှာ ဘာသတ်မှတ်လိုက်လဲဆိုတော့ ကျွန်တော်တို့လုပ်ငန်းက ဒီနိုင်ငံ ရဲ့ လူသားအရင်းအမြစ်ကို မြှင့်တင်ပေးတဲ့နေရာမှာ တစ် စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နိုင်ရမယ်။ Capacity Building လုပ်မယ်ဆိုပြီးတော့ ကျွန်တော့်ဆီမှာ အလုပ်ခေါ် ရင် OJT-On Job Training ပဲ ခေါ်တော့တာ ဒီနေ့ဒီအချိန်ထိပါပဲ။ တချို့ ကျွန်တော်တို့လုံး၀ Train မရတဲ့ Position တွေလောက်က လွဲရင် ကျွန်တော်အလုပ်ခေါ်ရင် လုပ်ငန်းအတွေ့အကြုံ မရှိတဲ့ Fresh Graduate ၊ ဒါမှမဟုတ် ကျောင်းဆက်မတက် တော့တဲ့လူငယ်တွေကိုပဲခေါ်တယ်။ ဘာမှတတ်ဖို့မလိုဘူး။ ကွန်ပျူတာအခြေခံအနည်းအကျဉ်းရှိရင်ရပြီ။ သူတို့ လုပ်ချင်ကိုင်ချင်စိတ် ရှိဖို့ပဲလိုတယ်။ ဒီလိုလူတွေကို ကျွန် တော်တို့ Pro ဖြစ်အောင်၊ တကယ်စွမ်းရည်မြင့်တဲ့သူတွေ ဖြစ်အောင် မြှင့်တင်ပေးမယ်ဆိုပြီးတော့ ကျွန်တော်တို့ သတ်မှတ်ခဲ့တယ်။ ဒါကတော့ ကျွန်တော်တို့ Capacity Building ကို လုပ်ငန်းရဲ့ ရပ်တည်ချက်တစ်ခု အနေနဲ့ ထားပါတယ်။ နောက်ပိုင်း လုပ်ငန်းတွေ ထပ်ချဲ့လာတယ်။ အတွေ့အကြုံပိုများလာတယ်။ စာဖတ်တာပိုများလာတယ်။ အမြင်ပိုရှိလာတဲ့အချိန် ကျတော့ ဘာပါထပ်စဉ်းစားလဲဆို တော့ ငွေကြေးအကျိုးအမြတ်ရှာဖို့ ဒီလုပ်ငန်းရှိတယ်။ ပြီးရင် တိုင်းပြည်ကို အကျိုးပြုဖို့ လူငယ်တွေကို မြှင့်တင် ပေးဖို့၊ နောက်ဘာထပ်ရှိလဲစဉ်းစားလိုက်တော့ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကို ကြိုးစားတယ်။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်လောက်ကစပြီးတော့ ကျွန်တော်တို့ Recycle Bag ကို အဓိကထားပြီးသုံးတယ်။ ကြွပ်ကြွပ်အိတ် ကိုလုံးဝမသုံးတော့ဘဲ ရှောင်တယ်။ ၉၀ ရာခိုင်နှုန်းအထက် ကြွပ်ကြွပ်အိတ်ကို မျသုံးနေသေးတယ်။ ၉၀ ရာခိုင်နှုန်းကို Recycle Bag သုံးတယ်။ Recycle Bag သီးသန့် No Plastic ဆိုပြီးတော့ ကျွန်တော်တို့လုပ်ခဲ့တာ သုံးနှစ် လောက်ရှိသွားပြီ။ UNiQUE မှာ Recycle Bag ပဲသုံးတယ်။ကိုက်လားပြောရင် တချို့ပစ္စည်း တွေမှာ ကိုက်တယ်။ တချို့ပစ္စည်းတွေမှာ ကိုက်တယ်။ ဒီလိုပဲမျသွားတယ်။ ကီးဘုတ်မို့လို့ အမြတ် နည်းလို့ ကြွပ်ကြွပ်အိတ်နဲ့ ထည့်မယ်ဆိုတာမျိုး ကျွန်တော် မလုပ်ဘူး။ Covid ကာလမှာ Finance က ကျွန်တော့်ကို ထောက်ပြတယ်။ Recycle Bag တွေအစား ကြွပ်ကြွပ်အိတ် တွေ ပြောင်းသုံးလိုက်ရင် Cost တွေ သက်သာသွားမယ်။ အရှုံးသက်သာသွားမယ်။ ဒါပေမဲ့ ကျွန်တော်လက်မခံပါ ဘူး။ လက်မခံဘူးဆိုတာက ကျွန်တော်မမွဲသေးတဲ့အတွက် ကျွန်တော့်ခံယူချက်၊ ရပ်တည်ချက်ကို မပြောင်းလဲနိုင်ဘူး။ ဒီလုပ်ငန်းတည်ရှိနေခြင်းက တစ်ဦးတစ်ယောက်တည်း ချမ်းသာဖို့အတွက် မဟုတ်ဘူး။ ပြည်သူလူထုကို အကျိုး ပြုနိုင်ရမယ်။ ကမ္ဘာမြေကြီးကို အကျိုးပြုနိုင်ရမယ်။ အဲဒီ ရည်ရွယ်ချက်တွေနဲ့ သွားနေပါတယ်။

ဘဝအတွက်၊ အလုပ်အတွက် လက်ကိုင်ထားတဲ့ဆောင်ပုဒ်

ကျွန်တော်တော်တော်ကြိုက်တဲ့ ဆောင်ပုဒ်လေး တစ်ခုရှိ တယ်။ အဲဒီဆောင်ပုဒ်ကလည်း ကြံကြံဖန်ဖန် ကျွန်တော် သတိထားမိတဲ့အချိန်က TV မှာ ဘောလုံးပွဲကြည့်ရင် ပရီးမီးယားလိဂ်လွှင့်တဲ့အချိန် ဘီယာ Chang က အင်္ဂလန် က အဲဗာတန်အသင်းကို စပွန်ဆာပေးထားတဲ့ အချိန်ဖြစ် တယ်။ ဘီယာ Chang ကြော်ငြာမှာပါတဲ့ How Bad Do You Want It ဆိုတာပါ။ How Bad Do You Want It ဆိုတာက မြန်မာလိုပြန်ပြောရရင် မင်းဒီအရာတစ်ခုကို ပြင်း ပြင်းပြပြ ဘယ်လောက်ထိလိုချင်လဲ။ အဲဒါနဲ့ ကျွန်တော် လည်း အဲဒီစာလုံးလေးကို စိတ်ဝင်စားသွားပြီးတော့ လိုက် ပြီး Google လုပ်ကြည့်လိုက်တော့ ဒါက ဘီယာရဲ့ ကြော် ငြာမဟုတ်ဘဲ တခြားတစ်ယောက်ရဲ့ Quotes ဖြစ်နေတယ်။ လိုရင်းကိုပြောရရင်တော့ လူတိုင်းမှာရည်ရွယ်ချက်၊ အိပ် မက်တွေရှိတယ် ဘာညာပြောကြတယ်။ အိပ်မက်သည် အိပ်မက်ပါ။ ဒီနေ့ဒီအချိန်မှာ ဒီလိုဖြစ်ချင်တယ်ဆိုတာ ဖြစ်ချင်တဲ့စိတ်ဆန္ဒပဲရှိတာ။ အရွေ့မပါဘူး။ အိပ်မက်ပဲရှိ တယ်။ ဒီဆောင်ပုဒ်လေးက ကျတော့ မင်းဘယ်လောက် ပြင်းပြင်းပြပြလိုချင်တာလဲဆိုတဲ့ မေးခွန်းက ထွက်လာ တယ်။ တစ်နေ့ကို ခြောက်နာရီ ပဲအိပ်ရမယ်။ လုပ်နိုင်လား၊ ဒါမှမဟုတ် လေးနာရီပဲ အိပ်ရမယ်။ လုပ်နိုင်လား။ ၂၄ နာရီ အလုပ်လုပ်ရမယ်။ လုပ်နိုင်လား။ နောက်ဆုံးကိုယ် လက်အင်္ဂါပါ စွန့်လွှတ်ရမယ်။ လုပ်နိုင်လား။ မင်းဘယ် လောက်ထိစွန့်လွှတ်နိုင်တယ်၊ ဘယ်လောက်ထိ ပြင်းပြင်း ပြပြလိုချင်လဲဆိုတာက ကျွန်တော့်ဘဝရဲ့ ဆောင်ပုဒ်ပါ။ ကျွန်တော်တို့က အလွယ်လျောက်ပြောရရင် အိပ်မက်တွေ အများကြီးရှိတယ်။ အဲဒီအတွက် စွန့်လွှတ်ရမယ့် အရာ တွေအားလုံးစွန့်လွှတ်နိုင်လား။ မစွန့်လွှတ်နိုင်ရင် အဲဒါ တွေကို ရစရာအကြောင်းမရှိဘူး။ မအောင်မြင်ခင်မှာ Delication လုပ်လို့မရမချင်း ပိတ်ရက်ဆိုတာမရှိဘူး။ Delicate မလုပ်ခင်မှာ ကျွန်တော် သုံးနှစ်ဆက်တိုက် နား ရက်မရှိ ရုံးတက်ခဲ့ရတာတွေရှိတယ်။ မနက်အစောဆုံး ရုံးတက်ပြီး နောက်အကျဆုံးမှ ရုံးပြန်ရတယ်။ အဲဒီလိုအချိန်တွေ အများကြီးရှိပါတယ်။

ကိုဗစ်ကာလအပြီး လုပ်ငန်းတွေအပေါ်သက်ရောက်လာတဲ့ Impact တွေဆိုရင်

ကိုဗစ်အပြီးကတော့ လုပ်ငန်းပုံစံတွေ နည်းနည်းပြောင်း လာမယ်။ တချို့လူတွေရဲ့ ဝယ်ယူသုံးစွဲမှုပုံစံ နည်းနည်း ပြောင်းလာမယ်။ ကျွန်တော်တို့က မျက်မြင်ကိုယ်တွေ့ လာကြည့်ပြီးတော့ ဝယ်ရတာကို ကြိုက်တယ်။ ဒါပေမဲ့ ကိုဗစ်အပြီးမှာတော့ ဒီကြား ကာလမှာ အဓိကတွန်းအားရဖို့ အွန်လိုင်းသုံးစွဲမှုက မြင့်တက်လာတယ်။ အွန်လိုင်းက သုံးစွဲတာကို ကြိုက်နှစ်သက်ပြီးတော့ အွန်လိုင်းမှာနေ ကျန်မယ့်သူတွေလည်းရှိတယ်။ ဥပမာဆိုပါတော့ ကျွန် တော်ရောင်းမယ့်ကုန်ပစ္စည်းနဲ့ပဲပြောမယ်။ ဥပမာ-ဖုန်း ဝယ်မယ်။ သေချာတာက အွန်လိုင်းကတော်တော်သေးတဲ့ ပမာဏမှာပဲရှိမယ်။ ဘာကြောင့်လည်းဆိုတော့ လူရဲ့ အမူအကျင့်တွေကြောင့် ဖြစ်တယ်။ i Phone လို Flagship ဖုန်းကလွဲရင် လူတွေအားလုံးက ကျန်တဲ့ဖုန်းတွေဆိုရင် တွေ့ထိကိုင်တွယ်စမ်းသပ်ပြီမှ ဝယ်ချင်ကြတယ်။ ဆိုပါ တော့ တခြားဖုန်းတစ်ခုကို ကိုယ့်သူငယ်ချင်းက သုံး တယ်။ ကိုယ်ကစမ်းကိုင်ကြည့်တယ်။ ကြိုက်တယ်ဆိုရင် တောင်မှ အွန်လိုင်းကနေ မမှာလိုက်သေးဘဲနဲ့ ဆိုင်ကိုသွား တယ်။ ဒီဖုန်းမော်ဒယ်ကို ဝယ်မှာသေချာနေရင်တောင်မှ ဆိုင်ကိုသွားသေးတယ်။ ဟိုဖုန်းနဲ့ ယှဉ်ကြည့်၊ ဒီဖုန်းနဲ့ ယှဉ်ကြည့်၊ အားလုံးထဲက ယှဉ်ကြည့်ပြီးတော့ ရွေးတယ်။ နဂိုဝယ်မယ်လို့ ရည်ရွယ်ထားတဲ့ဖုန်းကို ဝယ်ဖြစ်တာ ရှိသလို တခြားဖုန်းကိုပြောင်းဝယ်သွားတာလည်းရှိတယ်။ အဓိကကတော့ လူက ထိတွေ့ကိုင်တွယ်ပြီးမှ လုပ်ချင် တယ်။ ဒီပစ္စည်းက နေ့တိုင်းဝယ်နေတာမဟုတ်ဘူး။ ဖုန်း ဟမ်းဆက်တစ်လုံး လူငယ်တွေ မော်ဒယ်အသစ်ထွက် တိုင်းလဲတယ်ဆိုဦး ခြောက်လမှ တစ်လုံးလဲကြတယ်။ ပုံမှန်လူအများစုကကျတော့ နှစ်နှစ်နေမှ ဟမ်းဆက်တစ် လုံးလဲကြတယ်။ နှစ်နှစ်နေမှ တစ်ခါဝယ်ရတဲ့ပစ္စည်း ဖြစ်တဲ့အတွက် သူ့စိတ်တိုင်းကျ နှစ်နှစ်လောက် သုံးမယ့် ပစ္စည်းဆိုတော့ တခြားပစ္စည်းတွေနဲ့ မတူပါဘူး။ ဥပမာ Android အားသွင်းကြိုးပျက်သွားတယ်။ ကိစ္စမရှိ ဘူး အွန်လိုင်းကနေဝယ်လိုက်တယ်။ Charger အတွက် ဆိုင်ကိုလာပြီးကြည့်တာမရှိဘူး။ Product Nature ပေါ်မူတည်ပြီး လူတွေရဲ့ Behaviorur နည်းနည်းပြောင်းသွားတယ်။ အိမ်ရှင်မတွေဆိုရင် အရင် တုန်းက ရပ်ကွက်ထဲကဈေးမှာ သွားဝယ်ကြတယ်။ ခုဆို City Mart ကနေလိုက်ပို့ပေးတဲ့ City Mall Online ကနေ ဝယ်ကြတယ်။ ဒီ Taste ကိုကြိုက်သွားတဲ့သူက နောက်ပိုင်း ဆိုရင် အဲဒီကပဲဝယ်တယ်။ ဘာမှအထွေအထူးမဟုတ် တဲ့ ပစ္စည်းတော်တော်များများက အွန်လိုင်းပေါ်ကို တက် သွားမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဖုန်းလိုဟာမျိုးက အွန်လိုင်းကိုတက်တဲ့ ရာခိုင်နှုန်းနည်းသွားမယ်။ ဖုန်း Accessories ဆိုရင် အွန်လိုင်းပေါ်တက်ရင်တက်သွားမယ်။ပစ္စည်းပေါ်ပဲ မူတည်ပါလိမ့်မယ်။ လူတွေကိုဗစ် နောက် ပိုင်းမှာ ပုံစံလေးနည်းနည်းပြောင်းသွားမယ်။ ကိုယ်ရောင်း နေတဲ့ ကုန်ပစ္စည်းမှာ ကိုယ့်ရဲ့ Customer တွေ ဘယ်လို ပြောင်းသွားလဲဆိုတာကို သေချာလေ့လာ ပြီးတော့ သူတို့ကို ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်တဲ့သူက အောင်မြင် မှာပဲ။

UNiQUE အပြင် အခြားလုပ်ကိုင်နေတဲ့ လုပ်ငန်းများအကြောင်း

UNiQUE ရဲ့ နာမည်နဲ့ဆိုရင် လက်ရှိ IT ၊ Mobile ၊ Electronic လုပ်တယ်။ ကျွန်တော်ဆောက်လုပ်ရေး လုပ်ငန်းလေးလုပ်တယ်။ ဆောက်လုပ်ရေးက လက်ရှိ ခေတ်အခြေအနေမှာ ခဏလေးရပ်ထားတယ်။ စီးပွားရေး ကျတော့ ကျွန်တော်အခြားနာမည်တွေနဲ့ လုပ်တာရှိတယ်။ ကျွန်တော့်မိတ်ဆွေတွေနဲ့ ပေါင်းပြီးတော့ ဖြန့်ချိရေးတစ်ခု လုပ်တာရှိတယ်။ ကွန်ပျူတာပစ္စည်းတွေ၊ မိုဘိုင်းပစ္စည်း တွေဖြန့်တယ်။ Digiware ဆိုတဲ့ နာမည်နဲ့လုပ်တယ်။ ကျွန်တော်ပိုင်တစ်ယောက်တည်းအနေနဲ့ လုပ်တာက Green Tech ဆိုပြီးတော့ OEM Product ထုတ်တာရှိတယ်။ ကွန်ပျူတာပစ္စည်းတွေ၊ မိုဘိုင်းအီလက် ထရောနစ်ပစ္စည်း တွေ ဖြန့်တာရှိပါတယ်။ UNiQUE အနေနဲ့ကတော့ ဒစ်ဂျစ်တယ်အီလက်ထရောနစ် ဈေးကွက်မှာပဲ ရပ်တည် တာရှိပါတယ်။

လုပ်ငန်းအနာဂတ်အစီအစဉ်

Near Future မှာဆိုရင်တော့ ရန်ကုန်မှာတစ်ဆိုင်ထပ် ဖွင့်ပါမယ်။ ကိုဗစ်ကာလမှာ ဖွင့်မယ်ဆိုတော့ ဟာသ လိုဖြစ်နေတယ်။ တကယ်တမ်းပြောရရင် လုပ်ငန်းတိုးချဲ့ တဲ့အချိန်မှာ ရေတိုမှာမြတ်လားဆိုရင် မမြတ်ပါဘူး။ ခွက်ခွက်လန်အောင် ရှုံးပါတယ်။ ဒါတောင် ဒီနယ်ပယ်မှာ နာမည်ရပြီးသား အရှိန်ရပြီးသားသူတောင်မှ အောက်ထစ် ရန်ကုန်မှာဆိုရင်ဆိုင်ခွဲ အသစ်တစ်ဆိုင်ဖွင့်ရင် သုံးလ ကနေ ခြောက်လအထိ ရှုံးပါတယ်။ အဲဒါပြီးမှ လည်ပတ် တာပါ။ ခုမန္တလေးဆိုရင် ပုံမှန်တောင် တစ်နှစ်အောက် ထစ်ရှုံးမယ်လို့တွက်တယ်။ ခုကိုဗစ်ကာလဆိုတော့ အရှုံး ကာလက ကြာမယ်ထင်တယ်။ ဘယ်လိုပဲ ရှုံးရှုံးပါ ကျွန်တော်က မြတ်တဲ့ဆိုင်တွေလည်းရှိတယ်။ ရှုံးတဲ့ဆိုင် တွေလည်းရှိတယ်။ အားလုံးစုပြီးတော့ ချေလိုက်ရင် သူ့ဟာသူအဆင်ပြေသေးတယ်ဆိုရင် လုပ်ငန်းချဲ့မှာပါ။ လတ်တလောဆိုရင် ရန်ကုန်မှာ နေရာတစ်နေရာ၊ မန္တလေးမှာ တစ်နေရာ ထပ်ရှာနေပါတယ်။

တခြား မြို့ကြီးတွေမှာလည်း ကျွန်တော်တို့ လိုချင်တဲ့ Market ရှိတဲ့ မြို့ကြီးတွေကို သွားဖို့ရှိတယ်။ ကောင်းတာတစ်ခုက ကျွန်တော်တို့နောက်တစ်ခု ထပ်လုပ်နေပါတယ်။ unique.com.mm ဆိုတဲ့ Website လေးတစ်ခုပါ။ ကျွန် တော်တို့ Official Launching တောင် မလုပ်ရသေးပါဘူး။ ဒါပေမဲ့ တကယ်တမ်းရောင်းနေပြီ။ အလုပ်လုပ် နေပါပြီ။ သိတဲ့သူတွေတော့ ဝယ်နေကြပြီ။ Nation Wide လုပ်လိုက်တဲ့ အတွက် အားသာချက်ကတော့ တကယ့် ြအေငသည ွျှငိန ဆိုတဲ့ဟာကို အကောင်အထည် ဖော်လို့ရတော့မယ်။ အဲဒါလေးကတော့ Inprogress ပါ။ ဘယ်နှနှစ် လောက်ကြာမလဲဆိုတော့ Website ရဲ့အထဲမှာ ပစ္စည်းအစုံ အလင် ရောက်သွားဖို့က နောက်ခြောက်လလောက်ဆိုရင် တော့ ကျွန်တော်တို့ Official Launching လုပ်နိုင်မယ်လို့ ယူဆပါတယ်။

စီးပွားရေးလောကထဲကို ဝင်ရောက်လာမယ့် မျိုးဆက်သစ်လူငယ် တွေအတွက် အကြံပြုစကား

ကျွန်တော်တို့က အဓိကလူတစ်ယောက် Business Principle တွေကိုပဲ မျဝေလို့ရတယ်။ လူငယ်တွေကို မပြောနဲ့ ကျွန်တော်ကိုယ်တိုင် ဒီလုပ်ငန်းကို ကျွန်တော်စခဲ့တဲ့ပုံစံ အတိုင်း ဒီနေ့ပြန်စရင် အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ မသေချာတော့ဘူး။ ခေတ်အခြေအနေ မတူဘူး။ ကျွန်တော်ကိုယ်တိုင် ကျွန်တော်လုပ်ခဲ့တဲ့ ပုံစံအတိုင်း ပြန်လုပ်ရင် အောင်မြင်မှာ မသေချာတော့ဘူး။ လုပ်လို့ ရတာကတော့ ဘုရားဟောနဲ့ပြောရင် ကံ၊ ဉာဏ်၊ ဝီရိယသုံးပါးမှာ ဉာဏ် ကတော့ ကိုယ်လေ့လာ အားထုတ်ဖို့လိုလိမ့်မယ်။ ဝီရိယ ကတော့ ရှင်းတယ်။ များများလေ့လာ၊ များများကြိုးစား အားထုတ်၊ များများမှားတာ ကြုံလိမ့်မယ်။ ကြုံလာရင် သူ့ဟာသူ အတွေ့အကြုံက ပြန်သင်သွားလိမ့်မယ်။

ကံကတော့ ကျွန်တော်တို့ ဖန်တီးလို့မရဘူး။ ကံကိုဖန်တီးလို့ မရပေမယ့် Focus လုပ်လို့ရတယ်။ နိုင်ငံရေးအပြောင်း အလဲကို ကြည့်ဖို့လိုလိမ့်မယ်။ စီးပွားရေးကို အများကြီး Impact ဖြစ်တယ်။ ခုဆိုရင် ကိုဗစ်ဖြစ်တယ်ဆိုရင် တချို့လုပ်ငန်းနယ်ပယ်တွေ ကျသွားသလို၊ တချို့လုပ်ငန်း နယ်ပယ်တွေ တအားတက်လာတယ်။ Digitalization သေချာရင်တက်လာမှာပဲ။ Government ကိုယ်တိုင်ကလည်း Digitalization ကို အားပေးဖို့ရှိတယ်။ ဒီအခြေအနေမှာ နည်းပညာသမား၊ ဒါမှမဟုတ်လည်း နည်းပညာကုမ္ပဏီတွေမှာ Invest လုပ်ထားတဲ့သူတွေအတွက် ရွှေပဲ။ ကျွန်တော်တို့ Digitalization ပေါ်ကိုရွှေ့ကိုရွှေ့ရမယ်။ လူတိုင်း၊ လုပ်ငန်းတိုင်းက Digitization ကိုသွားမှာဖြစ်တယ်။ Market အကြီးကြီးဖြစ်လာမယ်။ Trend ကို ကြည့်ဖိုလိုမယ်။ ကျွန်တော်တို့လေ့လာ၊ သုံး သပ်တဲ့ပေါ်မှာပဲမူတည်ပါတယ်။ ကံကတော့ ကျွန်တော်တို့ ဖန်တီးလို့မရဘူး။ ဉာဏ်နဲ့ဝီရိယတော့ ကျွန်တော်တို့ဖန်တီးလို့ရတယ်။ ကိုယ့်ဉာဏ်နဲ့ ဝီရိယကိုဖြည့်ဖို့ပဲ လိုပါတယ်။