advertisement-image
Trade & Investment

ABC Group တွင်ရင်းနှီးမြုပ်နှံ၍ မြန်မာနိုင်ငံ၏ လူသုံးကုန် ပစ္စည်း (FMCG) ကဏ္ဍသို့ ဝင်ရောက်လာသော Yoma Strategic

Yoma Strategic Holdings Ltd. သည်မြန်မာနိုင်ငံ၏ အများသုံး လူသုံးကုန်ပစ္စည်း (FMCG) ကဏ္ဍကို စတင်ချဉ်းနင်းဝင်ရောက်သည့် အနေဖြင့် Asia Beverages Co., Ltd (ABC Group) နှင့် စီးပွားရေးလုပ်ငန်း အရောင်းအဝယ် သဘောတူညီမှုစာချုပ် (Business Sale Agreement) ကို စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၂၀၁၄ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ သဘောတူညီမှုစာချုပ်၏ မူလအခြေခံအချက်များစိစစ်မှု အောင်မြင်ပါက Yoma Strategic သည် PMM Partners Limited နှင့်အတူ ABC Group ၏ ရေသန့်၊ အရက်၊ ဝိုင်၊ ဘီယာ၊ အဖျော်ယမကာများနှင့် မြန်မာနိုင်ငံရှိ အခြားသောအများသုံးလူသုံးကုန်ပစ္စည်းများ (FMCG) ထုတ်လုပ်ခြင်း၊ ကုန်အမှတ်တံဆိပ်သတ်မှတ်ခြင်း၊ အရောင်းမြှင့်တင်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း၏ […]
Posted On January 27, 2014, By Editorial

နော်ဝေနိုင်ငံအခြေစိုက် Sinor Lines သဘောင်္လိုင်းမိတ်ဆက်

နော်ဝေနိုင်ငံအခြေစိုက် Sinor Lines သင်္ဘောလိုင်းမိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Sinor Lines ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Mr Espen Stubberud က မြန်မာနိုင်ငံမှာ လာရောက်အခြေစိုက်ဖြစ်တာနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါ တယ်။ Sinor Lines ဟာ မော်တော်ကားများကို သယ်ယူပို့ဆောင်နေတဲ့ Ro Ro Carrier အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံရှိ Golden Land Express Co Ltd နဲ့ Joint Venture အဖြစ် ပူးပေါင်းဆောင်ရွက်ထားပါတယ်။ တစ်လလျှင် နှစ်ကြိမ် ပုံမှန် Schedule ရှိပြီး […]
Posted On January 22, 2014, By Editorial

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ရန်ကုန်တွင် လိုင်စင်လျှောက်ထားနိုင်သည့် ကုန်ပစ္စည်းအမယ်များထုတ်ပြန်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ရန်ကုန်တွင် လိုင်စင်လျှောက်ထားနိုင်သည့် ကုန်ပစ္စည်းအမယ်များစာရင်းကို ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ကုန်သည်လုပ်ငန်းရှင်များ လိုင်စင်လျှောက်ထားရာတွင် လွယ်ကူစေရန် ပူးတွဲပါသွင်းကုန်ပစ္စည်း ၂၁ မျိုးအား ရန်ကုန်တိုင်းဒေသကြီးရုံးခွဲမှ သွင်းကုန်လိုင်စင် ထုတ်ပေးလျှက်ရှိပြီး ယခု အခါ စီးပွား/ကူးသန်းဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ၏ (၄၀/၂၀၁၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲတွင် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့မှစပြီး ပူးတွဲပါ ကုန်ပစ္စည်းအမယ်များကို တိုးမြှင့်လိုင်စင်လျှောက်ထားခွင့်ပြုခဲ့ကြောင်း သိရပါသည်။ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲမှ သွင်းကုန်လိုင်စင်ထုတ်ပေးလျက်ရှိတဲ့ သွင်းကုန်ပစ္စည်းတွေကတော့ CMP ၊ ဆေး၊ ဆေးပစ္စည်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ စက္ကူနှင့်စာရေးကိရိယာမျိုးစုံ၊ Plastic Articles ၊ Packing Materials ၊ တိရိစ္ဆာန်အစားအစာမျိုးစုံ၊ […]
Posted On January 16, 2014, By Editorial

ကျောက်စိမ်းဈေးတွေ ထိုးတက်နေလို့ တရုတ်ကုန်သည်တွေ နောက်ဆုတ်ကုန်ကြ

ကျောက်စိမ်းကို တော်ဝင်ဂမ္ဘီရကျောက်မျက်အဖြစ် တန်ဖိုး ထားကြတယ်။ အာရှတိုက်မှာဆိုရင် ငွေကြေးကြွယ်ဝ ချမ်းသာ ကြတဲ့သူတွေရဲ့ ဂုဏ်အဆင့်အတန်းကို ဖော်ပြတဲ့သင်္ကေတ တစ်ခုလိုလည်း သဘောထားကြတယ်။ ဒါပေမဲ့ ဈေးတွေခေါင် ခိုက်နေတဲ့အတွက် ဟောင်ကောင်မှာရှိတဲ့ ကျောက်ကုန်သည် တွေဆိုရင် ၀ယ်သူကို တမျော်မျော်ဖြစ်နေကြတယ်။ ပြီးခဲ့တဲ့ ရှစ်နှစ်အတွင်း ဈေးတွေထိုးတက်လာလိုက်တာ ၀ယ်မယ့်သူ တွေနောက်တွန့်ကုန်ကြတယ်။ ဒါပေမဲ့ ဒီအခြေအနေဟာ  မကြာခင် ပြောင်းလဲသွားမှာဖြစ်တယ်လို့လည်း တချို့က ဆိုကြတယ်။ ကျောက်စိမ်းဈေး ခုလိုအတက်ကြမ်းတဲ့အခြေအနေ ဟာ ကျောက်စိမ်းအဓိကထွက်တဲ့မြန်မာနိုင်ငံထဲက ကျောက် စိမ်းအထွက်နည်းနေတာနဲ့ပတ်သက်ပြီး စိုးရိမ်နေတာလည်း ပါဝင်တယ်။ ”၀ယ်မယ့်သူတွေက ဒီလောက်ဈေးကြီးနေတာကို လက်မခံကြဘူး။ ဒီတော့ အရောင်းအ၀ယ်မဖြစ်ဘူးပေါ့” လို့ ဟောင်ကောင်က ကျောက်စိမ်းကုန်သည်တစ်ဦးက ဆိုတယ်။ သူက ဟောင်ကောင်ကျောက်စိမ်းအရောင်းပြပွဲကို ဆယ်နှစ် တိုင်တိုင်တက်ရောက်ခဲ့သူဖြစ်ပြီး ဒီနှစ်ပြပွဲကို လာအတက် မှာခုလိုပြောတာဖြစ်တယ်။ […]
Posted On January 1, 2014, By Editorial

Ooredo Myanmar နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးလိုက်တဲ့ Digicel Asian Holdings

Digicel Group ၊ Yoma Strategic Holdings Ltd နဲ့ First Myanmar Investment Co Ltd (FMI) တို့ ပါဝင်ပြီး YSH Finance Ltd က အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Digicel Asian Holdings ဟာ Ooredoo Myanmar နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးကာ Ooredoo ရဲ့ မြန်မာနိုင်ငံတစ်ဝန်း ကမ္ဘာ့အဆင့်မီ ဆက်သွယ်ရေး ကွန်ရက်တစ်ခု ဖြစ်ပေါ်လာစေဖို့ ဆက်သွယ်ရေးတာဝါတိုင်တွေ ကြိုးပမ်းတည်ဆောက်တဲ့ နေရာမှာ အကောင်အထည်ဖော် တည်ဆောက် ငှားရမ်းသွားမှာဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ Digicel Asian Holdings ရဲ့ ကုမ္ပဏီဖြစ်တဲ့ Myanmar Tower Company ဟာ […]
Posted On December 4, 2013, By Editorial

ကုမ္ပဏီလုပ်ငန်းများ တိုးချဲ့သွားနိုင်ဖို့ FMI Co Ltd မှ ကျပ် ၂၅ ဘီလီယံတန်ဖိုး ရှယ်ယာများရောင်းချ

မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ First Myanmar Investment Co., Ltd. (“FMI”) က ကုမ္ပဏီရဲ့ လက်ရှိရှယ်ယာရှင်တွေအတွက် ကျပ် ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၅.၆ သန်း) တန်ဖိုးရှိတဲ့ rights issue တွေကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် က စတင်ရောင်းချခဲ့ပါတယ်။ အဲဒီလို ရောင်းချရ တဲ့ ငွေကြေးတွေကို ကုမ္ပဏီလုပ်ငန်းအသစ်တွေ တိုးချဲ့ဖို့နဲ့ လက်ရှိလုပ်ငန်းတွေကို ထပ်မံတိုးချဲ့နိုင်ဖို့ ငွေကြေး အထောက်အပံ့အဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။ Right issues တွေကို ရောင်းချတဲ့အတွက် ရိုးရိုးရှယ်ယာ (ordinary shares) ၂,၅၀၀,၀၀၀ ကို တစ်စုလျှင် ကျပ် ၁၀,၀၀၀ နဲ့ ရောင်းချပေးသွားမှာ […]
Posted On December 4, 2013, By Editorial

ဂျပန်နိုင်ငံမှ Mitsubishi Corporation နှင့် စီးပွားဖက်အဖြစ်ပူးပေါင်းရန်အတွက် သဘောတူလက်မှတ် ရေးထိုးလိုက်သည့် Yoma Strategic

  SPA နှင့် First Myanmar Investment Co.,Ltd(FMI) တို့၏ ပူးပေါင်းပါဝင်မှုနှင့်အတူ စင်ကာပူစတော့ဈေးကွက်စာရင်းဝင် လုပ်ငန်းစုကြီးဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လုပ်ငန်းလည်ပတ်ဆောင်ရွက်လုပ်ကိုင်နေသည့် Yoma Stragegic Holdings သည် မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ပူးပေါင်းရှာဖွေရန်အတွက် ဂျပန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ရေးလုပ်ငန်းစုကြီးဖြစ်သည့် Mitsubishi Coporation နှင့် နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးခဲ့ပါသည်။   Mitsubishi Corporation အတွက် ပထမဆုံးအကြိမ် သီးသန့်မဟုတ်သော အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် အနာဂတ်ကာလတွင်ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည့် ပူးပေါင်းမှု အခွင့်အလမ်းများ အတွက် လမ်းဖွင့်ပေးသလိုဖြစ်သွားမည်ဖြစ်ကာ  လုပ်ငန်းအချင်းချင်းလက်ရှိရင်းနှီးဆက်ဆံမှုကို ပိုမိုနက်ရှိုင်း စေမည်ဖြစ်ပါသည်။ အဆိုပါနားလည်မှုစာချွန်လွှာကြောင့်  Yoma Strategic၊ SPA နှင့် FMI တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပိုမိုပြုလုပ်နေသည့် Mitsubishi Corporation ၏ […]
Posted On November 18, 2013, By Editorial

မြန်မာ-ထိုင်ဝမ် စီးပွားရေးလုပ်ငန်းအလိုက် တွေ့ဆုံဆွေးနွေးပွဲ

Taiwan Trade Centre Inc Yangon Branch  ရဲ့အစီအစဉ်အရ ထိုင်ဝမ်မှအသေးစားနဲ့အလတ်စားစီးပွားရေး လုပ်ငန်းရှင် ၃၃ ဦးခန့်ပါဝင်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ အကျိုးတူရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက်UMFCCI အသင်းချုပ်နဲ့ပူးပေါင်းပြီးတော့ အထည်ချုပ် စက်/ကုန်ကြမ်းပစ္စည်းနဲ့ဆက်စပ်လုပ်ငန်း၊ အစား အသောက်လုပ်ငန်း၊ အလှကုန်လုပ်ငန်း၊ လျပ်စစ်လုပ်ငန်း၊ သတင်းအချက်လက်နဲ့နည်းပညာလုပ်ငန်း၊ အခြားစက်မှုလုပ်ငန်းငန်းများ စတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ကSedona Hotel Yangon  မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။         Mr Michael JC Yeh Director Taiwan Trade Centre, Yangon Branch http://www.taitra.org.tw ထိုင်ဝမ်ကစီးပွားရေးလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံရဲ့စီးပွား ရေးအခြေအနေနဲ့ပတ်သက်ပြီးသိရှိနားလည်စေဖို့နဲ့ နှစ်နိုင်ငံ စီးပွားရေးကိုတိုးမြှင့်စေဖို့အတွက် ဒီပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်။ ဒီလိုစီးပွားရေးလုပ်ငန်း အလိုက် […]
Posted On November 18, 2013, By Editorial

တိုးတက်လာသည့် မြန်မာ့ စီးပွားရေးနှင့် ရှင်းလင်းသည့်ကစားကွင်းစည်းမျဉ်းများ

မြန်မာ့စီးပွားရေးသည် အရှိန်အဟုန်ဖြင့် အဆက်မပြတ် တိုးတက်လျက်ရှိနေရာ ၂၀၁၃ ခုနှစ်အတွက် အမျိုးသား တစ် ဦးချင်GDP  သည် အမေရိကန်ဒေါ်လာ ၈၈၄ ဖြစ်လိမ့်မည်ဟု ခန့်မှန်းရပြီး၊ ၂၀၁၂ နှင့် ၂၀၁၁ အတွက် ခန့်မှန်းထား ချက်များထက် ၆ ရာခိုင်နှုန်းပိုကြောင်း တွေ့ရှိ ရပါသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်အထိစာရင်းများအရ မြန်မာ နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၄၂ ဘီလီယံခန့် ရှိလာပြီး၊ အဓိကအားဖြင့် စွမ်းအင်၊ ရေနံနှင့်သဘာဝဓါတ်ငွေ့၊ သတ္တုတူးဖော် ရေးနှင့် ကုန်ထုတ်လုပ် ရေးကဏ္ဍများတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြ ကြောင်းတွေ့ရှိရပါသည်။ ဖြစ်ပေါ်နေ သည့် စီးပွားရေးအခြေ အနေကောင်း များကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ သည်ဆက်လက်ပြီး […]
Posted On November 15, 2013, By Editorial
1 7 8 9