The Rule of 150 ‘၁၅၀’ ဥပဒေ

လုပ်ငန်းခွင်အခြေအနေတစ်ခုတွင် ဝန်ထမ်း ၁၅၀ ထက်မပိုသည့်သတ်မှတ်ချက်

ခြုံငုံသဘောတရား

ဤဥပဒေ၏သဘောအရ လူအများဆုံး ၁၅၀ ထက်မပိုသောအရေအတွက်မှာ လူများဆက်ဆံရေးအတွက် ကောင်းသောအဖွဲ့ဟုဆိုလိုသည်။ ထိုထက်ပိုလျင် အခြားသူများနှင့် ရင်းနှီးရန်ခက်ခဲသည်။ လူပိုများလာလျင် အဆင့်များ၊ စည်းကမ်းများနှင့် တရားဝင်သတ်မှတ်ချက်များ လိုအပ်လာသည်။ အဖွဲ့များအနေဖြင့် လူအရေအတွက် ၁၅၀ ထက်နည်းလျင်လည်း ရည်မှန်းချက်များလွယ်ကူစွာရနိုင်ပြီး ပါဝင်သူများအနေဖြင့် လွယ်ကူပျော်ရွှင်စွာ အလုပ်ကို အားထုတ်စိတ်ပါကြသည်။

အကြောင်းရင်း

အကြောင်းများမှာ မိတ်ဆွေများ၊ အပေါင်းအသင်းများ၊ စိတ်ကူးသစ်များနှင့် ပူးပေါင်းဖွဲ့စည်း၍ အကြံဉာဏ်များပေါင်းကြခြင်းမှာ အရေအတွက် ၁၅၀ ရှိသောအုပ်စုထက်မပိုလျင် လွယ်ကူသည်။ လုပ်ငန်းကြီးများအနေဖြင့် အဖွဲ့ ငယ်များဖွဲ့ပြီး နီးကပ်စွာတွဲ၍ အားထုတ်ကြိုးစားခြင်းဖြင့် အလုပ်တွင်ကျယ်သည်။

ဖွဲ့စည်းမှုအရွယ်တော်အဖွဲ့များဖြင့် လုပ်ကိုင်နေသော၊ ဝန်ထမ်းအရေအတွက်ထောင်ဖြင့်ချီ၍လုပ်နေသော အမေရိကန် Gore Associates နည်းပညာကုမ္ပဏီသည် ဝန်ထမ်း ၁၅၀ ထက်မကျော်သော ဖွဲ့စည်းမှုပုံစံဖြင့် ၁၂ မိုင်အတွင်း လုပ်ငန်းအဖွဲ့အစည်းတစ်ဖွဲ့လျင် ဝန်ထမ်းအရေအတွက် ၁၅၀ ဖြင့်ဖွဲ့၍လုပ်ကိုင်သည်။ ပူးပေါင်းဖွဲ့စည်းခြင်းဖြင့် စရိတ်စကသက်သာနိုင်သော်လည်း အုပ်စုငယ်များဖွဲ့စည်းလုပ်ကိုင်ခြင်း၏ အားသာချက်မှာ လုပ်ငန်းအုပ်စုအတွင်းရင်းနှီးမှုကြောင့် အဆင် ပြေပြေလုပ်ကိုင်နိုင်ကြသည်။ ကောင်းကျိုးများမှာ

– ပိုမိုကောင်းသော ဆက်သွယ်မှု၊

– လွယ်ကူစွာဦးဆောင်နိုင်မှု၊

– လွယ်ကူစွာပြောင်းလဲနိုင်မှုတို့ဖြစ်သည်။

အထက်ဖော်ပြပါကောင်းကျိုးများအပြင် ကုမ္ပဏီတွင် ဝန်ထမ်းအလုပ်ထွက်နှုန်းမှာ လုပ်ငန်းတူအခြားကုမ္ပဏီများ၏ ထွက်နှုန်းထက် ပျမ်းမျလျော့သည်။ ထို့ပြင်ကုမ္ပဏီအနေဖြင့် အမြတ်ရရှိမှုနှုန်းနှင့်တိုးတက်မှုမှာ အစဉ်တစိုက် ၃၅ နှစ်ကျော်သည်အထိဖြစ်သည်။

ဤအခြေအနေမှာ Gore အနေဖြင့် စီမံခန့်ခွဲမှုကိုမထိန်းနိုင်ခြင်း၊ အခြားပုံစံများဖြင့် အစားမထိုးနိုင်ခြင်းကြောင့် မဟုတ်ပေ။ စီမံခန့်ခွဲမှုစနစ်မှာအားကောင်းပြီး အဖွဲ့တစ်ဖွဲ့အတွင်း အလုပ်အကိုင်များ စနစ်ကျကျဆက်စပ်မှုရှိအောင် တာဝန်ယူနိုင်သည်။ ထို့ပြင်အဖွဲ့များအတွင်း ပေါင်းသင်းဆက်ဆံရေးကောင်းမှုကိုအားပေးသည်။ သို့မှသာ လုပ်သားများအချင်းချင်း ဆက်ဆံရေးကောင်းပြီး ပေါင်းစပ်မှုကောင်းသည့် အလုပ်အဖွဲ့များဖြစ်မည်။ ထို့ပြင် Gore သည်ကုမ္ပဏီအုပ်စုများအတွင်း ဆက်သွယ်ချိတ်ဆက် ပေါင်းသင်းမှုကိုပါအားပေးပြီး အဖွဲ့အချင်းချင်းမှဝန်ထမ်း အသိုင်းအဝိုင်းဖြစ်ပေါ်စေသည်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ -ငြိမ်း- ရန်ကုန်စီးပွားရေးတက္ကသိုလ်)

#CEO_November2020_Issue