advertisement-image
Technology

ဒေါ်လာ ၄.၅ ဘီလီယံတန် နည်းပညာကုမ္ပဏီ JD.com ကို Richard Liu ဘယ်လိုတည်ထောင်ခဲ့သလဲ

JD.com အွန်လိုင်းဈေးရောင်းဝက်ဘ်ဆိုက်တည်ထောင်သူ စီအီးအိုရစ်ချတ်လျူးဟာ အမေရိကန်နိုင်ငံမှာလိင်ပိုင်းမဖွယ်မရာပြုမှုအတွက်သံသယရှိလို့ အဖမ်းခံရပြီးနောက်ပိုင်း ကမ္ဘာ့သတင်းမီဒီယာတွေရဲ့မျက်နှာဖုံးသတင်းဖြစ်လာပါတယ်။ ဒါပေမဲ့ ယခုအခါ တရုတ်ပြည်ပန်ရောက်နေတဲ့ ရစ်ချတ်ရဲ့ကုမ္ပဏီက အဲဒီစွပ်စွဲချက်ဟာလုပ်ကြံမှုသာဖြစ်တယ်လို့ ဆိုပါတယ်။ သို့တစေ တရုတ်ပြည်က တွစ်တာလိုဆိုရှယ်မီဒီယာအက်ပလီကေးရှင်း Weibo မှာ သုံးစွဲသူတွေက လိမ္မော်ရောင်အချုပ်သားဝတ်စုံဝတ်ထားတဲ့ ရစ်ချတ်ရဲ့ ရဲမှတ်တမ်းဓာတ်ပုံကိုမျှဝေကြကာ ၄င်းရဲ့ဒေါ်လာ ၄.၅ ဘီလီယံတန် ကုမ္ပဏီရဲ့အနာဂတ်ကို တွေးပူနေကြပါတယ်။           “တရုတ်ပြည်က ကုမ္ပဏီတည်ထောင်သူတွေဟာ ထင်ပေါ်ကျော်ကြားတဲ့ ပုဂ္ဂိုလ်ဖြစ်ရတာကို သဘောကျကြတယ်။ သုံးစွဲသူတွေဟာ တခြားဈေးကွက်တွေမှာထက် ရစ်ချတ်ရဲု့ပြဿနာတွေကို ပိုပြီးသတိထားမိဖွယ်ရှိတယ်” လို့ ပေကျင်းမြို့အခြေစိုက် China Market Research Group မှ ဆန်းစစ်လေ့လာသူ ဘင်ဂျမင်ကဗင်ဒါးက ပြော ပါတယ်။           JD.com ဟာ ဂျက်မားရဲ့ Alibaba.com áżá€•á€Žá€¸á€›á€„ယ အကြီးမားဆုံးအွန်လိုင်းဈေးရောင်း ဝက်ဘ်ဆိုက်ဖြစ်ပြီး တရုတ်ပြည်မှာ […]
Posted On January 15, 2019, By Editorial

ကမ္ဘာ့ထိပ်တန်းအကြီးဆုံးကုမ္ပဏီ ဆယ်ခုထဲကရှစ်ခုဟာ အမေရိကန် တွေဖြစ်ကြတယ်

ကမ္ဘာ့ထိပ်တန်းအကြီးဆုံးကုမ္ပဏီ ဆယ်ခုထဲက ရှစ်ခုဟာ Market Capitalization အရတိုင်းတာရင် အမေရိကန် ကုမ္ပဏီတွေဖြစ်နေတာကို တွေ့ရပါတယ်။ Market-Capitalization တစ်နည်းအားဖြင့် Market Cap ဆိုတာ ကုမ္ပဏီ တစ်ခုရဲ့ ရှယ်ယာပေါက်ဈေးအရ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးတန်ဖိုးတွေဖြစ်တယ်။ ဒီကုမ္ပဏီတွေဟာ အမေရိကန်မှာ စတင်အခြေချလုပ်ကိုင်ကြတာဖြစ်ပြီး လုပ်ငန်းတွေကို ကမ္ဘာအနှံ့ဖြန့်ကျက်ထားတာဖြစ်တယ်။ အမေရိကန်တို့ရဲ့ တီထွင်ဆန်းသစ်ဥာဏ်နဲ့ လုံ့လဝီရိယဆိုတဲ့ လုပ်ငန်းဆိုင်ရာအရည်အချင်းတွေလည်းရှိကြတယ်။           ၂၀၁၈ ခုနှစ်၊ မတ်လ ၃၁ ရက်က လေ့လာတွေ့ရှိချက်အရ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ဆယ်ခုထဲမှာ Mega Capitalization  á€œá€­á€Żá‚” မသတ်မှတ်နိုင်တဲ့ ကုမ္ပဏီဆိုလို့ တစ်ခုပဲပါဝင်တယ်။ Mega Cap လို့မသတ်မှတ်နိုင်တဲ့ ကုမ္ပဏီဆိုလို့ တစ်ခုပဲပါဝင်တယ်။ Maga Cap သတ်မှတ်နိုင်တယ်ဆိုတာ ဒေါ်လာဘီလီယံသုံးရာ ကျော်မှဖြစ်တယ်။ ဒီကုမ္ပဏီဆယ်ခုရဲ့ ထက်ဝက်ဟာ […]
Posted On January 7, 2019, By Editorial

သတင်းတုတွေကို သိမြင်နိုင်လား?

သတင်းတုတွေကတော့ နေရာတိုင်းမှာပါပဲ။ သတင်းတုတွေကို Social Media ပေါ်တက်လာတဲ့ သတင်းတွေမှာဖြစ်ဖြစ်၊ အုပ်စု ဖွဲ့ပြောဆိုဆွေးနွေးကြတဲ့ Group Chat တွေမှာဖြစ်ဖြစ် တွေ့နိုင်မှာဖြစ်ပါတယ်။ ကလေးတွေကို အလိုမတူဘဲ အဓမ္မ ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းမျိုး၊ နိုင်ငံရေးဆိုင်ရာသတင်းတွေ၊ သံသယရှိစရာ သတင်းရင်းမြစ်တွေကနေ နောက်ဆုံးပေါ် ကင်ဆာခြောက်လှန့်မှုဆိုတဲ့ ခိုင်လုံသေချာမှုမရှိတဲ့ သတင်းမျိုးတွေကို တစ်ယောက်ယောက်ကနေအမြဲလို Share နေမှာပါ။ Collins Dictionary ရဲ့ 2017’s word of the year မှာ သတင်းတုတွေနဲ့ပတ်သက်ပြီး ‘ အမှား။ မကြာခဏ လူအများ စိတ်ဝင်စားမှုနဲ့ စိတ်လှုပ်ရှားမှုကို   á€ťá€–စယ်စ်သဏ။ သတင်းရေးသား ဖော်ပြမှုပုံစံအောက်မှာ သတင်းအချက်အလက်တွေကို ကျယ်ပြန့်အောင်ဖြန့်ဝေခြင်း’ လို့ ဖော်ပြထားတာတွေ့ရပါ တယ်။           ဒီလိုပျံ့နှံ့မှုကို ကာကွယ်ဖို့ […]
Posted On January 3, 2019, By Editorial

အသံအကူစနစ်နဲ့ အသံအရည်အသွေးတို့ အကောင်းဆုံးပေါင်းစပ်ထားတဲ့ Smart Speakers

(1) အကောင်းတကာ့ အကောင်းဆုံး – Amazon Echo Spot  (အမေရိကန်ဒေါ်လာ ၁၂၉.၉၉ ဒေါ်လာ) Echo အုပ်စုဝင်ထုတ်ကုန်တွေထဲမှာ Echo Spot ရဲ့ ဒီဇိုင်းက အမိုက်ဆုံးပါ။ ခေတ်မီတဲ့ စက်ဝိုင်းပုံစံဒီဇိုင်းနဲ့ ဘက်စုံအသုံးပြုလို့ရနိုင်တဲ့ ဒီ Speaker ရဲ့ အရှေ့မျက်နှာပြင်အပေါ်ဘက်မှာ Camera ပါတဲ့အတွက် Video Chatting  လုပ်ရာမှာ သုံးနိုင်ပါ တယ်။ Echo Spot ရဲ့ ထိပ်ဘက်မှာ အသံအတိုး၊ အကျယ်နဲ့ Mic Mute/ Camera Button  á€…သဝဖငယအ ခလုတ်သုံးခုပါပါတယ်။ သီချင်းတွေဖွင့်ဖို့ Smart Home Gadget တွေကို ထိန်းချုပ်ဖို့နဲ့ Alarm နာရီအဖြစ် သုံးဖို့အပြင် Speaker ရဲ့ Touch […]
Posted On December 27, 2018, By Editorial

NetCon 2018 ဖွင့်ပွဲအခမ်းအနားကျင်းပ

NetCon 2018 ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က Lotte Hottel မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍ နိုင်ငံတကာနဲ့အညီ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူးကျင်းပတဲ့ ဒုတိယအကြိမ်မြောက် NetCon 2018(Network၊ Security & ICT Solution) မှာသုတေသနစာတမ်းများ ဖတ်ကြားခြင်း၊ နည်းပညာဆိုင်ရာဆွေးနွေးတင်ပြခြင်းတွေနဲ့ Yangon ICT Enterprise Expo  á€á€­á€Żá‚”á€•á€Ťá€á€„á€šá€•á€Ťá€á€šá€šá‹ ဖွင့်ပွဲအခမ်း အနားမှာ ပါမောက္ခဒေါက်တာဒေါ်နွယ­­­á€šá‚á€źá€šá€šá€á€„á€šá€¸á‚á€˝á€„á€šá€ˇ e-Government အကြံပေးပညာရှင် ဦးမြင့်ဆွေတို့က အဖွင့်အမှာစကား ­á€ąá€ťá€•á€Źážá€€á€Źá€¸á€ąá€•á€¸á€á€˛á€ˇá€•á€Ťá€á€šá€šá‹ ဖွင့်ပွဲကိုတော့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ၊ ­­­­á€œá€Żá€•á€šá€„နယးရှငယ်တဟနဲ့­­ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ကြပါတယ်။ NetCon 2018 ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ […]
Posted On December 19, 2018, By Editorial

ဘတ်ငွေ ၃.၀၆ ထရီလီယံတန်ဖိုးအထိရောက်ရှိလာတော့မယ့် ထိုင်းနိုင်ငံရဲ့ E-commerce ဈေးကွက်

ထိုင်းနိုင်ငံရဲ့ E-commerce  ဈေးကွက်တန်ဖိုးဟာ ဒီနှစ်ထဲ မှာ ဘတ်ငွေ ၃.၀၆ ထရီလီယံ အထိရောက်ရှိလာဖို့ မျော်မှန်းထားပါတယ်။ Social Commerce စဉ်ဆက်မပြတ်ကြီးထွားလာမှုရဲ့ တွန်းအားကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ၈.၅ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။ Electronic Transactions Development Agency (ETDA)  က နောက်ဆုံးထုတ်ပြန်ထားတဲ့ အစီရင်ခံစာအရ ၂၀၁၇ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ B2C (Business-to-Consumer) E-commerce  ဈေးကွက်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၃.၃၃ ဘီလီယံ (ထိုင်းဘတ်ငွေ ၇၇၈.၃ ဘီလီယံ) နဲ့ အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။  E-commerce Ecosystem လျင်မြန်စွာကြီးထွားဖွံ့ဖြိုးလာအောင် ရင်းနှီးမတည်ပြီး ပြည်တွင်းက လုပ်ငန်းရှင်တွေ ကမ္ဘာ့ဈေးကွက်ထဲကို ၀င်ရောက်ရာမှာ အကူအညီ ပေးဖို့နဲ့ သူတို့ရဲ့လုပ်ဆောင်နိုင်စွမ်းတွေ […]
Posted On December 14, 2018, By Editorial

ဒစ်ဂျစ်တယ်ငွေကြေးစနစ် BITCOIN

အင်တာနက်လောကမှာ လှုပ်လှုပ်ခတ်ခတ်အဖြစ်ဆုံး နည်းပညာတစ်ခုဖြစ်တဲ့ Blockchain ဟာ ၂၀၀၈ ခုနှစ်က ထွက်ပေါ်လာခဲ့ပြီး ဒီနည်းပညာကို အခြေပြုကာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအထဲက အအောင်မြင်ဆုံးကတော့ Bitcoin ပါ။ ဈေးနှုန်းအတက်အကျကြမ်းပြီး ထိန်းချုပ်ကွပ်ကဲမှုမရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုဖြစ်တာနဲ့အညီ Bitcoin ဟာ နိုင်ငံတကာမှာရော ဒေသအတွင်းနိုင်ငံတွေမှာပါ ပေါ်ပြူလာဖြစ်ပါတယ်။ ဒါကြောင့် CEO ရဲ့စာဖတ်ပရိသတ်အတွက် Bitcoin နဲ့ပတ်သက်လို့ စကားဝိုင်းတစ်ခုစီစဉ်ခဲ့ပါတယ်။ ဒီစကားဝိုင်းရဲ့ ရည်ရွယ်ချက်က Bitcoin နဲ့ပတ်သက်လို့ နောက်ကွယ်က နည်းပညာကစပြီး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဘယ်လိုတွေ အသုံးပြုနေကြသလဲဆိုတာကို ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးခဲ့သူများဖြစ်တဲ့ ဦးမင်းဝင့်ဦး (Deputy Managing Director & CTO, Ayeyarwady Bank) ၊ ဦးမင်းမြတ်စိုး (Co-founder & Technical […]
Posted On June 19, 2018, By Editorial

အလိုအလျောက်သိမြင်နားလည်နိုင်တဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု

AI – Artificial Intelligence ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် တစ်ချို့နေရာတွေမှာ လူသားနဲ့ကွန်ပျူတာ ယှဉ်ပြိုင်တဲ့အခါ လူသားတွေ ရှုံးနိမ့်လာပါတယ်။ ဒါကို Go ကစားပွဲတွေက သက်သေပြနေပါတယ်။ ၂၀၁၆ ခုနှစ်၊ ဆိုးလ်မြို့မှာကျင်းပတဲ့ Go ကွန်ပျူတာဂိမ်းကစားပွဲမှာ လေးပွဲယှဉ်ပြိုင်ကစားရာမှာ နာမည်ကြီး ကစားသမားတစ်ယောက်ဖြစ်တဲ့ Lee Sedol တစ်ပွဲနိုင်ပြီး ကျန်ပွဲတွေမှာ AI နည်းပညာသုံး AlphaGo ဆိုတဲ့ ကွန်ပျူတာကို ရှုံးနိမ့်ခဲ့ပါတယ်။ ဒီကစားပွဲဟာ Go နဲ့ အလိုအလျောက်သိမြင်နားလည်နိုင်တဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု (AI) သက်တမ်းတစ်လျှောက်မှာ အကြီးမားဆုံးကစားပွဲတစ်ခုဖြစ်ပါတယ်။ တရုတ်၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ Go နေရာယူနိုင်ခဲ့တာဟာ အနောက်နိုင်ငံတွေမှာ Chess ကစားနည်း ခေတ်စားလာသလိုပါပဲ။ Mr Lee ကို အနိုင်ယူခဲ့ပြီးတဲ့နောက် AlphaGo ဟာ […]
Posted On April 30, 2018, By Editorial

လုပ်ငန်းခွင်အတွင်း Productivity တက်စေမယ့် Mobile App ၄ မျိုး

TickTick ——— Todo List ၊ Check List နဲ့ Task Manager Application တစ်ခုဖြစ်ပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ တာဝန်တွေသာမက အခြားကိုယ်ရေးကိုယ်တာကိစ္စရပ်တွေကိုပါ Deadline မကျော်စေအောင် Reminder သတ်မှတ်ထားနိုင်ပါတယ်။ Calendar View မှာ Task တွေ အားလုံးကို Overview ကြည့်လို့ရနိုင်ပါတယ်။ Todo List တွေကို အခြားသူတွေဆီ Share တာ၊ လုပ်ငန်းတာဝန်တွေကို လုပ်ဖော်ကိုင်ဖက်တွေကို Assign ချတာတွေ ပြုလုပ်နိုင်ပါတယ်။ အသံနဲ့ခိုင်းစေပြီး Task တွေ ဖန်တီးတာ၊ တူရာ Todo List တွေကို Folder နဲ့ Group ဖွဲ့ထားနိုင်တာအပါအ၀င် အခြား Feature များစွာ ပါဝင်ပါတယ်။ 1Password […]
Posted On April 18, 2018, By Editorial

တရုတ်နိုင်ငံ၏ ဆိုက်ဘာနယ်မြေအသစ်ချဲ့ထွင်ခြင်း ခရီးစဉ်

တရုတ်နိုင်ငံဟာ Artifial Intelligence (လူတို့၏ဉာဏ်ရည်ကို ကွန်ပျူတာဖြင့်စီစဉ်တုပမှု) နဲ့ Internet of Things (ကွန်ပျူတာကွန်ရက်နဲ့ ချိတ်ဆက်ထားသော နေ့စဉ်အသုံးပြုပစ္စည်းများ ဆက်သွယ်မှု) ကဏ္ဍတွေမှာ နှာတစ်ဖျားသာမှုကြောင့် တရုတ်နိုင်ငံရဲ့ ဒစ်ဂျစ်တယ်စီးပွားရေးဟာ ကမ္ဘာ့အားတစ်ခုဖြစ်လာပါတယ်။ ဆိုက်ဘာနယ်မြေအသစ်ချဲ့ထွင်ဖို့ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုဆိုလက်ခံဖို့ တရုတ်နိုင်ငံက အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံရဲ့ အစိုးရအရာရှိတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အကြီးဆုံးနိုင်ငံတကာကွန်ပျူတာကွန်ရက်ညီလာခံမှာ ပြောကြားခဲ့ပါတယ်။ နောက်ပြီး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်တွေက အလွန်တရာကြီးမားလာနိုင်တယ်လို့လည်း ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ IDC (International Data Company) ရဲ့ အဆိုအရ ၂၀၁၂ ခုနှစ်မှာ တရုတ်နိုင်ငံ GDP ရဲ့ ၅၅ ရာခိုင်နှုန်းဟာ ဒစ်ဂျစ်တယ်စီးပွားရေးကနေ ရရှိမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံရဲ့ […]
Posted On April 1, 2018, By Editorial