အရောင်းစာရေးများအတွက် ရှောင်ရှားရမည်များနှင့် လိုက်နာရမည့်ကျင့်ဝတ်များ

 sales persons အရောင်းစာရေးတွေအတွက် ကျင့်ဝတ်ဆိုတာကတော့ ၀ယ် ယူသုံးစွဲသူတွေ၊ ဒါမှမဟုတ် အခြားအဖွဲ့စည်း တစ်ခုခုက အဖွဲ့ဝင်တွေနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါမှာ ဂရုတစိုက်ပြုမူ ဆောင်ရွက်သင့်တဲ့ စံညွှန်းတွေကို ရည်ñွှန်းဆိုလိုတာ ဖြစ် ပါတယ်။ တစ်ခါတစ်ရံမှာ အဘက်ဘက်ကနေ ရင်ဆိုင်ရတဲ့ ဖိအားတွေကြောင့် အရောင်းစာရေးပုဂ္ဂိုလ်တွေအနေနဲ့ ကျင့် ၀တ်ပိုင်းဆိုင်ရာစံညွှန်းအချို့နဲ့ လွဲချော်သွားတတ်ပါတယ်။

ပရော်ဖက်ရှင်နယ်ဆန်တဲ့ပုံရိပ်ကို ပြသပါ

အ၀တ်အစား ပြင်ဆင်မှုနဲ့ပတ်သက်ပြီး အရောင်းစာရေးတွေ အနေနဲ့ ဂရုစိုက်ရပါမယ်။ အရောင်းစာရေးတစ်ဦးရဲ့ ၀တ် စားပြင်ဆင်ပုံဟာ ကုမ္ပဏီကုန်ပစ္စည်းတွေနဲ့  ၀န်ဆောင်မှုတွေ အပေါ် ၀ယ်ယူသုံးစွဲသူက ရှုမြင်ခံစားရမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။ ဆိုလိုတာက အရောင်းစာရေးတစ်ဦးရဲ့ ၀တ်စားပုံဟာ ကုမ္ပဏီရဲ့ပုံရိပ်ကို ကိုယ်စားပြုနေပါတယ်။

အဆင်မပြေနိုင်တဲ့ ရက်သတ်မှတ်ချက်တွေကို ကတိပြုတာ မျိုး မပြုပါနဲ့

အရောင်းစာရေးတစ်ဦးအနေနဲ့ သူစွမ်းဆောင်နိုင်တာထက် ပိုပြီး၊ ဒါမှမဟုတ် ကုမ္ပဏီက ၀န်ဆောင်မှုပေးနိုင်တာထက်  ပိုပြီး သုံးစွဲသူဈေးဝယ်သူတွေအပေါ် ကတိက၀တ်ပြုတာမျိုး မရှိသင့်ပါဘူး။ ဥပမာအနေနဲ့ ဖောက်သည်တစ်ဦးက အ မြောက်အမြားမှာကြားထားတဲ့အော်ဒါကို ထုတ်လုပ်ရေးယူ နစ်က အချိန်တိုအတွင်း ဖြည့်စွက်ပေးဖို့ မဖြစ်နိုင်တဲ့အခြေ နေမှာ ကိုယ့်ဘာသာကိုယ် ရက်သတ်မှတ်ပြီး ဖောက်သည် ကို သတ်မှတ်ထားတဲ့ရက်အတွင်း အရောက်ပို့ပေးမှာပါဆို တဲ့ကတိက၀တ်မျိုးမပြုဖို့ လိုပါတယ်။

သုံးစွဲသူတွေ စုံစမ်းမှုပြုတဲ့အခါမျိုးမှာ ချက်ချင်းတုံ့ပြန်ဖြေကြား ပေးရပါမယ်

ဈေးရောင်းတဲ့အခါ ရှောင်ရှားရမယ့် အရေးအကြီးဆုံးအချက် ကတော့ ကိုယ့်ဝန်ဆောင်မှု၊ ကုန်ပစ္စည်းအပေါ် စိတ်ဝင်စား မှုပြတဲ့သုံးစွဲသူဖြစ်လာနိုင်ခြေရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ မေးမြန်း စုံစမ်းမှုအပေါ် လျစ်လျူရှုတာပဲဖြစ်ပါတယ်။ ဖောက်သည် တစ်ဦးရဲ့ ၀ယ်လိုအားဟာ ကြီးကြီးငယ်ငယ်၊ အားလုံးကို ဂရုတစိုက်ဆက်ဆံသင့်ပါတယ်။ ဒီနေ့မှာ သေးငယ်တဲ့ ဖောက်သည်တစ်ဦးကို စိတ်ကျေနပ်မှုမပေးနိုင်ခဲ့ဘူးဆိုရင် သူဟာ တစ်နေ့ ပြိုင်ဘက်ကုမ္ပဏီရဲ့ ဖောက်သည်ကြီးတစ်ဦး ဖြစ်သွားနိုင်ပါတယ်။

အစဉ်ယဉ်ကျေးပျူငှာမှုရှိရပါမယ်

အရောင်းစာရေးတွေအနေနဲ့ သူတို့လုပ်ငန်းသက်တမ်း တစ်လျောက်မှာ ယဉ်ကျေးမှုမရှိတဲ့ဖောက်သည်တွေ၊ အင် မတန်ကို ကြေးများ၊ နိုင်ထက်စီးနင်းပြုလိုတဲ့ဖောက်သည် တွေ စတာတွေကိုလည်း ကြုံတွေ့ရမှာပါ။ ဒါပေမဲ့ ဖောက်သည်က ဘယ်လိုပဲဆိုးနေနေ၊ စိတ်ပျက်စရာကောင်း နေနေ စိတ်ရှည်သည်းခံမှုအပြည့်နဲ့ မလိုလားအပ်တဲ့ပြဿနာ တွေကို ရှောင်ရှားရမှာကတော့ အရောင်းဈေးသည်တွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ အကယ်၍ ကိုယ်က သူရိုင်းလို့ ကိုယ် ရိုင်းမယ်ဆိုတဲ့ စိတ်မျိုးနဲ့ ဖောက်သည်ကို တုံ့ပြန်မိရင် ဒီရောင်းချမှုတစ်ခုတည်းတင် ဆုံးရှုံးသွားတာမဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ဂုဏ်သိက္ခာပါ ကျရှုံးသွားနိုင်ခြေရှိပါတယ်။ ဖောက်သည်အချင်းချင်း သတိပေးအကြံပြုတာမျိုးက ထင် ထားတာထက် ပိုပြီး အစွမ်းထက်ပါတယ်။

သင့်နားထောင်ပေးမှုစွမ်းရည်ကို တိုးတက်စေပါ

အရောင်းဈေးသည်တစ်ဦးဟာ အပြောရွှမ်းရွှမ်းဝေအောင် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ စကားပြောကောင်းသူတစ်ဦးဆိုတာ ထက် ဈေးဝယ်သူရဲ့ လိုအပ်ချက်ကို အာရုံစိုက်နားထောင် ပေးနိုင်တဲ့ နားထောင်စွမ်းရည်ကောင်းသူတစ်ဦးဖြစ်ဖို့ လို အပ်ပါတယ်။ ဈေးဝယ်သူတစ်ဦးစီတိုင်းမှာ လိုအပ်ချက်တစ် မျိုးစီရှိပါတယ်။ ဈေးဝယ်သူပြောဆိုတာတွေကို နားထောင်ပေး ခြင်းဖြင့် ဈေးဝယ်သူရဲ့လိုအပ်ချက်တွေကိုနားလည်လာနိုင် ပြီး ကိုယ်ရောင်းချလိုတဲ့ပစ္စည်း၊ ၀န်ဆောင်မှုထက် ဈေးဝယ် သူအမှန်တကယ်လိုအပ်တဲ့ပစ္စည်း၊ ၀န်ဆောင်မှုမျိုးကို ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ပတ်သက်ပြီး လိမ်ညာပြောဆိုတာမျိုး မပြုပါနဲ့

ပြိုင်ဘက်ကုမ္ပဏီကို နိုင်လိုဇောနဲ့ ရှုတ်ချပြောဆိုတာမျိုးဟာ အရောင်းဈေးသည်ရဲ့ ကိုယ်ကျင့်တရားကို မှေးမှိန်သွားစေပါ တယ်။ တစ်ခါတစ်ရံမှာဆိုရင်တော့ ပြိုင်ဘက်ကုမ္ပဏီနဲ့ ပတ်သက်ပြီး လိမ်ညာဇာတ်လမ်းဆင် ပြောတာမျိုးတွေ တောင် ဖြစ်လာတတ်ပါတယ်။ ဒါဟာ အရောင်းဈေးသည် တစ်ဦးမှာ ရှိသင့်တဲ့ ကျင့်ဝတ်မဟုတ်ပါဘူး။ ကိုယ်လုပ်ကြံ ပြောဆိုထားကြောင်း တစ်နေ့ လူအများသိရှိသွားတဲ့အခါမှာ လည်း မျက်နှာပျက်အရှက်ရဖွယ်တွေ ဖြစ်လာနိုင်ပါတယ်။

လုပ်ဖော်ကိုင်ဖက် အရောင်းစာရေးအချင်းချင်း အကူအညီ ပေးပါ

တချို့အဖွဲ့စည်းတွေမှာတော့ အရောင်းစာရေးတွေအချင်းချင်း ကြား ရောင်းအားပြိုင်ဆိုင်မှုကို ပြုလုပ်ထားပေးတတ်ပါတယ်။ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက် အရောင်းစာရေးတွေအချင်းချင်း ကြား အရောင်းနည်းလမ်းတွေ၊ Tip တွေ မျဝေဆောင်ရွက်တာ ဟာ ကောင်းမွန်တဲ့ကျင့်ဝတ်တစ်ခုဖြစ်ပါတယ်။ လုပ်ဖော်ကိုင် ဖက်တွေအချင်းချင်း မျဝေဆောင်ရွက်တာဟာ ကုမ္ပဏီအတွက် သာ ရောင်းအားကောင်းစေပြီးအကျိုးရှိစေတာမဟုတ်ပါဘူး။လုပ်ငန်းခွင်မှာ လူချစ်လူခင်များစေပြီး ရာထူးအခွင့်ကောင်းတွေ ကိုလည်း ရရှိကောင်းရရှိစေနိုင်ပါတယ်။