advertisement-image
Property

CEO မဂ္ဂဇင်းမှ စီစဉ်တဲ့ Online Business ဆွေးနွေးဟောပြောပွဲကျင်းပ

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှာ ရန်ကုန်မြို့၊ Chatrium Hotel Royal Lake မှာ Online Business ဆွေးနွေးဟောပြောပွဲကို ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကို စီးပွားရေးလုပ်ငန်းတွေရဲ့အနာဂတ်ဖြစ်တဲ့ အွန်လိုင်းစီးပွားရေးနဲ့ပတ်သက်လို့ သိရှိနားလည်ပြီး အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားနိုင်အောင် ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ Oway Inc ရဲ့ Founder & CEO ဖြစ်သူ ဦးနေအောင်က နိုင်ငံတကာ စီးပွားရေးအယူအဆနှင့် ပြည်တွင်းအွန်လိုင်းစီးပွားရေးသဘာဝတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ Fairway Web မှ Founder & Principal ဖြစ်သူ ဦးအိမောင်မှ အွန်လိုင်းစီးပွားရေးနှင့် E-commerce နည်းပညာဆိုင်ရာ သိသင့်သောအချက်များနဲ့ပတ်သက်လို့  ဟောပြောဆွေးနွေးပေးခဲ့ပါတယ်။ Studio AMK Pte Ltd မှ CEO […]
Posted On December 10, 2016, By Editorial

မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း (MWEA)

မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ ဒေါ်လှဝတီနဲ့  တွေ့ ဆုံခိုက်မှာ အသင်းဖွဲ့စည်းဖြစ်ပုံနဲ့အတူ မြန်မာအမျိုးသမီးများ တိုးတက်ဖို့အတွက် အသင်းအနေနဲ့ ဆောင်ရွက်နေတာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ ဒေါ်လှဝတီ ဥက္ကဋ္ဌ မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဖွဲ့စည်းတည်ထောင်ဖြစ်ပုံ . . . မြန်မာနိုင်ငံမှာ ၁၉၉၃- ၉၄ ခုနှစ်လောက်မှာ ကျွန်မတို့ စီးပွားရေးတက္ကသိုလ်က ပါမောက္ခဆရာမကြီး ဒေါ်ရီရီမြင့်က Beijing Conference ဆိုတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ဟောပြောပွဲတစ်ခုကို သွားတက်ခဲ့ပါတယ်။ တက်တဲ့အခါမှာ သူများနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့တွေ တက်လာကြပေမဲ့ မြန်မာနိုင်ငံမှာတော့ အသင်းအဖွဲ့တွေက မရှိသေးဘူး။ သမ၀ါယမအသင်းလောက်ပဲ ရှိသေးပြီး အမျိုးသမီးရေးရာကလည်း အခုလောက် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး။ အဲလိုအချိန်အခါမှာ ဆရာမကြီးက ပြန်လာတော့ မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်တဲ့ အမျိုးသမီးတွေစုစည်းပြီးတော့ […]
Posted On December 5, 2016, By Editorial

ဖောက်သည်စိတ်ကျေနပ်မှု အစဉ်ဂရုပြု

အရေးပါလာသည့် Customerization ယနေ့ခေတ်တွင် အရေးပါလာသည်မှာ မိမိကုန်ပစ္စည်း၊ မိမိအမှတ်တံဆိပ်ကို Customer များမှ စွဲစွဲမြဲမြဲ နှစ်သက်ပြီး ၀ယ်ယူအားပေးရန် Customer Loyalty ရရှိရန် လိုအပ်လာခြင်းဖြစ်ပေသည်။ Customer Loyalty ရရှိရန်အတွက် Customer Care သည် မရှိမဖြစ်လိုအပ်ပါသည်။ Customer Care ဟုဆိုလျှင် မည်သည့်အရာကို Care လုပ်ရမည်နည်း။ Customer များ၏ Satisfaction ဆိုသည့် စိတ်ကျေနပ်မှုကို Care လုပ်ရမည်ဖြစ်သည်။ ထိုသို့ Customer များ စိတ်ကျေနပ်မှုရသည် ၊ မရသည်ကို သိလိုပါက Customer Relationship နှင့် ပြန်ချိန်ညှိရမည် ဖြစ်သည်။ ထို့ကြောင့် အဓိကအချက်အနေနှင့် ပြောရမည်ဆိုလျှင် အချက်ငါးချက်ရှိပြီး ယင်းအချက်ငါးချက်သည် အပြန်အလှန် ချိတ်ဆက်နေပါသည်။ ၁။ […]
Posted On November 22, 2016, By Editorial

Warren Buffett ရဲ့ အလုပ်ပြီးချိန်မှာ လုပ်လေ့ရှိတဲ့အရာ ၅ ခု

၁။ စာမျက်နှာ ၅၀၀ ဖတ်ပါ။ Warren Buffet ကို ထူးချွန်ထက်မြက်အောင် ဘယ်လိုလုပ်ရမလဲလို့မေးရင် သူက စာရွက်အထပ်လိုက် ကိုင်ပြပြီး ''နေ့တိုင်း ဒီလိုမျိုး စာမျက်နှာ ငါးရာဖတ်ပါ။ ဒါဆိုရင် အသိပညာတွေ အထပ်ထပ်ကြွယ်ဝလာလိမ့်မယ်'' လို့ ဖြေမှာပါ။ Buffett ဟာ နိုးနေတဲ့အချိန်ရဲ့ ၈၀ ရာခိုင်နှုန်းကို အလုပ်မှာစာဖတ်ခြင်း (ဘဏ္ဍာရေးမှတ်တမ်းတွေ၊ ဂျာနယ်တွေ၊ မှတ်တမ်းတွေဖတ်ခြင်း)နဲ့ အိမ်မှာစာဖတ်ခြင်း (သတင်းစာတွေ၊ စာအုပ်တွေဖတ်ခြင်း) အတွက် အသုံးပြုတယ်လို့ ဆိုပါတယ်။ ''ကျွန်တော် စာပိုဖတ်တယ်။ ပိုတွေးတယ်။ ပြီးတော့ စိတ်လိုက်မာန်ပါနဲ့ ဆုံးဖြတ်ချက်ချတာကို နည်းနိုင်သမျှ နည်းအောင်လုပ်တယ်''လို့ စာဖတ်တာနဲ့ ပတ်သက်တဲ့ သူ့အမြင်ကိုပြောပါတယ်။ ၂။ လေ့ကျင့်ခန်းအနည်းငယ်လုပ်ပါ။ ၂၀၀၇ ခုနှစ်၊ သူ့အသက် ၇၇ နှစ်အရွယ်မှာ ''အစားကို […]
Posted On November 18, 2016, By Editorial

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း

စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ မြန်မာနိုင်ငံမှာ ပဲနှမ်းစိုက်ပျိုးတာက အဓိကလုပ်ငန်းတွေထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ ပဲ၊ နှမ်း လုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ သမ္မတရုံးက ထုတ်ပြန်တဲ့ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာမှာလည်း ထည့်သွင်းရေးဆွဲထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းရဲ့ အတွင်းရေးမှူး ဦးမင်းကိုဦးနဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။ စတင်တည်ထောင်ဖြစ်ပုံ . . . ပဲ၊ နှမ်းဟာ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့တောင်သူတွေကနေ နောက်ဆုံး ပို့ကုန်လုပ်ငန်းရှင်တွေ အထိ နိုင်ငံခြားဝင်ငွေရှာပေးနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းပမာဏကြီးမားတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဒီလုပ်ငန်းကြီးတစ်ခုလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုပ်ကိုင်နိုင်ဖို့အတွက် အသင်းအဖွဲ့ကြီးက မရှိမဖြစ်လိုအပ်တယ်ဆိုပြီး ၁၉၉၁- ၁၉၉၂ ခုနှစ်လောက်ကစပြီး တည်ထောင်ဖြစ်ခဲ့ပါတယ်။ ပဲကို ဘယ်ဒေသတွေမှာ အဓိကစိုက်ပျိုးနေပါသလဲ။ […]
Posted On November 17, 2016, By Editorial

MIC အတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း

ဦးအောင်နိုင်ဦး – Director General Directorate of Investment & Company Administration (DICA) Ministry of Planning and Finance – Secretary Myamar Investment Commission (MIC) အစိုးရသစ်မှာဖွဲ့လိုက်တဲ့ Myanmar Investment Commission ရဲ့ Policy နဲ့ Direction တွေကိုသိချင်ပါတယ် . . . MIC အသစ်ရဲ့ ဖွဲ့စည်းမှုကို ပြန်ကြည့်လိုက်ရင် Working Level က Senior Officer တွေကို အားပြုပြီး ဖွဲ့လိုက်တာဖြစ်ပါတယ်။ အရင်ဖွဲ့စည်းမှုကတော့ High Level တွေဖြစ်တဲ့ ၀န်ကြီး၊ ဒုဝန်ကြီးတွေ ပါဝင်ပြီး Senior Officer […]
Posted On November 7, 2016, By Editorial

ခိုင်မာအားကောင်းသော အမှတ်တံဆိပ် တည်ဆောက်ခြင်း (Building Strong Brand)

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုပုံစံသည် ပြောင်းလဲလာနေပြီဖြစ်ပါသည်။ ယခင်ကကဲ့သို့ မိမိကုန်ပစ္စည်းရောင်းချနေရရုံ၊ မိမိလုပ်ငန်းအောင်မြင်နေရုံနှင့် ကျေနပ်နေရမည့်အနေအထားမျိုး မဟုတ်တော့ပေ။ မျက်မှောက်အခြေအနေတွင် အထူးသဖြင့် အမှတ်တံဆိပ်များ၏အရေးပါမှုမှာ ပိုပြီး ထင်ရှားလာပါသည်။ ယခုကဲ့သို့ AEC ၀င်လာသည့်အချိန်၌ မြန်မာအမှတ်တံဆိပ်များတွင် ဒေသတွင်း အမှတ်တံဆိပ်များနှင့် ယှဉ်ပြိုင်နိုင်သည့် အမှတ်တံဆိပ်များ ရှိလာမှသာ နောင်ဆယ်နှစ်၊ ၁၅ နှစ်တွင် ဂုဏ်ယူစွာရပ်တည်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာအမှတ်တံဆိပ်များအနေနှင့် ခိုင်မာအားကောင်းသည့် အမှတ်တံဆိပ်တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို TODAY Ogilvy & Mather Myanmar ၏ Managing Director Andy Annett ၊ Mango Marketing Services ၏ Managing Director ဒေါ်လင်းလင်းတင်ထွန်း၊ Oway Inc ၏ Founder & […]
Posted On October 27, 2016, By Editorial

အမြင့်ဆုံးနေရာအတွက် မိမိကိုယ်ကိုတည်ဆောက်ခြင်း

How to Develop your Career ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ကျောင်းပြီးကာစ လုပ်ငန်းခွင် ဝင်ရောက်တော့မယ့်လူငယ်တွေ၊ လုပ်ငန်းခွင်ထဲက တိုးတက်ချင်တဲ့လူငယ်တွေအတွက် ရည်ရွယ်ပြီး ကျင်းပဖြစ်ခဲ့ပါတယ်။ ပွဲမှာ Chatrium Hotel Royal Lake Yangon ရဲ့ General Manager ဒေါ်မေမြတ်မွန်ဝင်း၊ Ground Solution Co Ltd ရဲ့ CEO & Chief Consultant ဦးမြင့်ဇော်နဲ့ Nielsen MMRD Research Services ရဲ့ General Manager ဦးသူရိမ်ညိမ်းတို့က ကိုယ်ပိုင်အတွေ့အကြုံတွေကို အခြေခံကာ Career Life မှာ တိုးတက်အောင်မြင်စေဖို့အတွက် လိုအပ်ချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ သူတို့ပြောခဲ့တဲ့အကြောင်းအရာတွေကို အခုလရဲ့ Cover Story အဖြစ် […]
Posted On October 6, 2016, By Editorial

Stock Index နဲ့ Stock Share ၀ယ်မယ့်သူတွေ သိထားသင့်တဲ့အချက်များ

ဒေါက်တာအောင်သူရ CEO Thura Swiss Co Ltd Stock Index အကြောင်းရှင်းပြပေးပါ . . . မြန်မာနိုင်ငံမှာတော့ Stock Index က သီးသန့်ကြီး မရှိသေးဘူး။ Stock Index ဆိုတာကတော့ Stock Exchange မှာတင်ထားတဲ့ ကုမ္ပဏီတွေရဲ့ Performance ကို ခြုံပြီးတော့ကြည့်နိုင်တဲ့ အညွှန်းကိန်းပါ။ Stock Index တက်လာတယ်ဆိုရင် စီးပွားရေးအခြေအနေ ကောင်းနေတယ်လို့ ပြောလို့ရတယ်။ ကျသွားတယ်ဆိုရင်တော့ အခြေအနေ သိပ်မကောင်းဘူးလို့ ပြောလို့ရတယ်။ နောက်ပြီး Market ကိုဖော်ပြတဲ့ Bull & Bear ဆိုတဲ့ သင်္ကေတရှိတယ်။ Bull နဲ့ Stock ဈေးတက်နေတာကိုပြပြီး Bear ဆိုရင် ဈေးကျနေတာ ကိုပြတယ်။ […]
Posted On August 2, 2016, By Editorial

မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်း (IP Association)

မြန်မာနိုင်ငံဟာ တစ်နေ့တခြား စီးပွားရေးတိုးတက်လာတာနဲ့အမျှ ကိုယ်ပိုင်ဆိုင်ထားတဲ့ ကုန်အမှတ်တံဆိပ်တွေကို အတုအပ၊ ဆင်တူယိုးမှားလုပ်တာတွေကို ကာကွယ်နိုင်ဖို့အတွက် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်မှတ်ပုံတင် ထားဖို့လိုလာပါတယ်။ ဒါကြောင့် လက်ရှိမှာ အစိုးရနဲ့ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ဥပဒေ ပေါ်ထွက်လာဖို့အတွက် အဓိကထားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းနဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ အသင်းဖြစ်ပေါ်လာပုံနဲ့ လက်ရှိဆောင်ရွက်နေတာတွေ . . . မြန်မာပြည်မှာ IP အသင်းဖြစ်ပေါ်လာဖို့အတွက် ၂၀၁၂ ခုနှစ်လောက်ကနေစတင်ပြီး ဥပဒေပညာရှင်တွေ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ချည်းပဲ ပူးပေါင်းလုပ်တဲ့အခါမှာ အသင်းဖြစ်ပေါ်လာဖို့ အခက်အခဲတွေ အများကြီးရှိခဲ့တာကြောင့် နောက်ပိုင်းမှာ သူတို့က ဥပဒေပညာရှင်တွေချည်းပဲ အသင်းဖွဲ့လို့ အဆင်မပြေဘူး၊ လုပ်ငန်းရှင်တွေလည်း ပါမှဖြစ်မယ်ဆိုပြီး ၂၀၁၄ ခုနှစ်မှာ ပထမဆုံးလုပ်ငန်းရှင်တွေနဲ့ ဥပဒေပညာရှင်တွေ အချိုးညီစွာပူးပေါင်းပြီး […]
Posted On July 26, 2016, By Editorial