advertisement-image
Interviews

ဦးရဲကျော်ဇင်

အစားအသောက်ချက်ပြုတ်ရတာကို ဝါသနာပါပြီး မြန်မာရိုးရာအစားအစာတွေကို ကမ္ဘာကသိအောင် ဥရောပနိုင်ငံတွေကနေတစ်ဆင့် အစွမ်းကုန်ကြိုးစားထိုးဖောက်နေတဲ့ Myit Kway Ayar Trading Co Ltd ရဲ့ Managing Director ဖြစ်သူ ဦးရဲကျော်ဇင်နဲ့တွေ့ဆုံပြီး မေးမြန်းဖြစ်ခဲ့တဲ့ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။ Bayin Food အကြောင်းမိတ်ဆက် ————————————- ကျွန်တော်တို့ Bayin Food ကနေ မြန်မာနိုင်ငံကထွက်တဲ့ သဘာဝမြေပဲစစ်စစ်နဲ့ နှမ်းစစ်စစ်တို့ကို ကြိတ်ထားတဲ့ မြေပဲဆီ၊ နှမ်းဆီအပြင် မြန်မာရိုးရာ လက်ဖက်နဲ့ အကြော်စုံတို့ကို Bayin ဆိုတဲ့ နာမည်နဲ့ အိုင်ယာလန်၊ အင်္ဂလန်နဲ့ ဂျာမနီနိုင်ငံတို့ကို တင်ပို့ရောင်းချပေးနေပါတယ်။ လက်ရှိမှာတော့ ဥရောပမှာ အရင်ဦးဆုံး စဖြန့်နေတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာပါ ဖြန့်ချိရောင်းချသွားမယ့် အစီအစဉ်ရှိပါတယ်။ Retail Price အနေနဲ့ကတော့ […]
Posted On July 17, 2018, By Editorial

Mr Erwan Luherne – CEO(CANAL+ Myanmar)

Canal+ Myanmar FG Ltd ရဲ့ CEO Mr Erwan Luherne ကို Canal + Myanmar FG ရဲ့ လုပ်ငန်းစဉ်တွေနဲ့ အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ရေးအကျဉ်းနဲ့ လက်ရှိတာဝန်ယူထားရတဲ့တာဝန်တွေ ———————- ကျွန်တော် Canal+ Myanmar FG Ltd ရဲ့ CEO အဖြစ်တာဝန်ယူထားတာ တစ်နှစ်ကျော်လောက် ရှိပြီဖြစ်ပါတယ်။ ကျွန်တော်တို့ Canal + Myanmar မှာ ၀န်ထမ်းပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့မှာ ဌာနခွဲအမျိုးမျိုးရှိနေတာဖြစ်ပြီး ကျွန်တော့်မှာလည်းဒီလိုလုပ်ငန်းကို စီမံခန့်ခွဲဖို့ သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံအပြည့်အ၀ရှိထားပြီးဖြစ်တဲ့အတွက် ၀န်ထမ်းနဲ့ကုမ္ပဏီကို စီမံအုပ်ချုပ်ရေးမှာ အဆင်ပြေပြေ လည်ပတ်နေပါတယ်။ Canal + Myanmar FG မှာ ငွေကြေးပိုင်းဆိုင်ရာ၊ […]
Posted On July 10, 2018, By Editorial

မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (Myanmar Oversea Employment Agencies Federation)

အသင်းဖြစ်ပေါ်လာပုံ ——————— အလုပ်သမားဝန်ကြီးဌာနလမ်းညွန်မှုနဲ့ MOEAF အသင်း ကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ စပြီးတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အမှုဆောင်သက်တမ်းကတော့ နှစ်နှစ်သက်တမ်းပါ။ ၂၀၁၈-၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီ ၁၉ ရက်တုန်းက UMFCCI မှာ ရွေးကောက်ပွဲလုပ်ပြီးတော့ အမှုဆောင်အသစ်တွေ ပြန်ရွေးခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက် —————- အဖွဲ့ချုပ်ကို စွမ်းရည်ပြည့်ဝပြီးတော့ ထက်မြက်တဲ့ အဖွဲ့အစည်းဖြစ်ဖို့၊ အဖွဲ့ချုပ်နဲ့ အသင်းသားတွေ ပူးပေါင်းပြီးတော့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အောင်မြင်ဖို့နဲ့ အသင်းသားတွေရဲ့လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့၊ နောက်ပြီး ပြည်ပဈေးကွက်မှာ ပြိုင်တဲ့အခါ မြန်မာအလုပ်သမားတွေကို စွမ်းရည်ပြည့်ဝတဲ့ အလုပ်သမားတွေအဖြစ် စနစ်တကျပျိုးထောင်ပေးပြီးတော့ အရည်အချင်းရှိတဲ့ အလုပ်သမားတွေကို ပြည်ပကို စေလွှတ်နိုင်ဖို့၊ ပြည်ပလုပ်သားဈေးကွက် ကြီးမားလာအောင် ဈေးကွက်ချဲ့ထွင်ဖို့၊ ပြည်ပကို […]
Posted On June 29, 2018, By Editorial

ဒေါ်ဝင်းအိခိုင် @ Winnie

MAPLE Trading Co Ltd         Executive Director Wai Sithu International Co Ltd        Executive Director Belle Maison Maple Co Ltd   President Streamline Training Learning Centre Owner MJBC Co Ltd  Director ~~~~~ မိမိရဲ့ကိုယ်ပိုင်လုပ်ငန်း၊ မိသားစုလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်ရင်း ပြည်တွင်းက အသင်းအဖွဲ့တွေထဲမှာ တက်ကြွစွာပါဝင်တာဝန်ယူလျက်ရှိတဲ့ ဒေါ်ဝင်းအိခိုင်ကို သူ့ရဲ့လက်ရှိတာဝန်ယူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ အနာဂတ်အစီအစဉ်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ တာဝန်ယူထားတဲ့လုပ်ငန်းတွေ ——————————— ၂၀၀၇ ခုနှစ် ဘွဲ့ရပြီးချိန်မှာ Streamline ကျောင်းကို တည်ထောင်ခဲ့တယ်။ စတည်ထောင်ကတည်းက International Standard အတိုင်း စာသင်ပေးခဲ့တယ်။ အခုဆိုရင် ကလေး […]
Posted On June 26, 2018, By Editorial

Chloe Taylor

London Chamber of Commerce (UK) မှာ Policy and Public Affairs ပိုင်းမှာ တာဝန်ယူလုပ်ကိုင်ခဲ့ပြီး British Chamber of Commerce (Philippines) မှာ Project Director အဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သူ၊ လက်ရှိမှာ British Chamber of Commerce Myanmar ရဲ့ Chief Executive အဖြစ် ဆောင်ရွက်နေတဲ့ Ms Chloe Taylor နဲ့တွေ့ဆုံခိုက် အသင်းရဲ့ရည်ရွယ်ချက်၊ အသင်းရဲ့လှုပ်ရှားမှုတွေ အဓိကဦးစားပေး လုပ်ကိုင်နေတာတွေကို မေးမြန်းခဲ့ပါတယ်။ လုပ်ငန်းအတွေ့အကြုံနှင့် လက်ရှိတာဝန်ယူထားသည့်အပိုင်း ————————— ကျွန်မက ကမ္ဘာအနှံ့က မတူညီတဲ့ မြို့သုံးမြို့က ဗြိတိသျှကုန်သည်ကြီးများအသင်းတွေမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်။ ကျွန်မအရင်တုန်းက ဖိလစ်ပိုင်နိုင်ငံက ဗြိတိသျှကုန်သည်ကြီးများအသင်းမှာ […]
Posted On June 19, 2018, By Editorial

Marc de la Fouchardière (Head of Advocacy & EU Affairs – EuroCham Myanmar)

EuroCham Myanmar ကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး လက်ရှိဆိုရင်တော့ သုံးနှစ်ကျော် လေးနှစ်သက်တမ်းထဲကို ၀င်ရောက်လာပြီဖြစ်ပါတယ်။ အဲဒီအတွက် Chamber အနေနဲ့ မြန်မာနိုင်ငံအတွင်းလုပ်ငန်းစဉ်တွေ၊ ရှေ့ဆက်ရည်တည်လုပ်ဆောင်သွားမှာတွေနဲ့ပတ်သက်လို့ Head of Advocacy & EU Affairs ဖြစ်သူ Marc de la Fouchardière နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ တာဝန်ယူမှုအပိုင်း ——————– EuroCham Myanmar လို့ခေါ်တဲ့ ဥရောပကုန်သည်ကြီးများအသင်းမှာ အကြံပေးနဲ့ ဥရောပဆိုင်ရာကိစ္စရပ်တွေရဲ့ အကြီးအမှူးအနေနဲ့ တာဝန်ယူဆောင်ရွက်နေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကိုလာပြီး လုပ်ငန်းလုပ်ချင်တဲ့ ဥရောပနိုင်ငံတွေဆီကလာတဲ့ တောင်းဆိုမှုတွေကိုလည်း ဖြေရှင်းပေးပါတယ်။ အသင်းမှာချမှတ်ထားတဲ့မူဝါဒ ——————————– ဥရောပကုန်သည်ကြီးများအသင်းကို မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့ပြီးတော့ အခုဆိုရင် သုံးနှစ်ကျော်ကြာလုပ်ကိုင်နေပြီးဖြစ်ပါတယ်။ EuroCham […]
Posted On May 1, 2018, By Editorial

ဒေါ်မြတ်သဲဆု (Managing Director – Silk Road To Asia Travels & Tours Co Ltd)

ပညာရေးနဲ့ လုပ်ငန်းခွင်ရောက်ခဲ့ပုံ ———————————— မြန်မာနိုင်ငံကနေ အထက်တန်းကျောင်းပြီးတော့ စင်ကာပူမှာ ကျောင်းသွားတက်ပါတယ်။ စင်ကာပူ Raffles  Institution မှာ Advanced Diploma in Business Administration ကိုသင်ယူခဲ့ပြီး Bachelor in Management ဘွဲ့ကို Royal Holloway University of London ကနေ ရခဲ့ပါတယ်။ ကျွန်မဘွဲ့ရပြီးတဲ့အချိန်မှာ ကျွန်မရဲ့အဖေက သူ ၁၉၉၂ ခုနှစ်က တည်ထောင်လုပ်ကိုင်ခဲ့တဲ့ Golden Land Travel Sevices Co Ltd ကို ဆက်လက်တာဝန်ယူလုပ်ကိုင်ခဲ့ဖို့ တိုက်တွန်းခဲ့တာကြောင့် မြန်မာနိုင်ငံကို ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ပြန်လာဖြစ်ခဲ့ပါတယ်။ ပြန်လာပြီးတော့လည်း တာဝန်ယူလွှဲပြောင်းလုပ်ကိုင်ဖို့အတွက် ခေတ်ရေစီးကြောင်းနဲ့ ကိုက်ညီမယ့်ပုံစံ၊ ကျွန်မဖြစ်ချင်တဲ့ လမ်းကြောင်းတွေကို ကျွန်မအဖေနဲ့ အရင်ဆုံးဆွေးနွေးတိုင်ပင်ခဲ့ရပါတယ်။ […]
Posted On April 24, 2018, By Editorial

ဦးမင်းထွဋ် – ညွှန်ကြားရေးမှုးချုပ် (ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆၊ နေပြည်တော်)

CEO Magazine အနေနဲ့ ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ ရက်က နေပြည်တော်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆ မှာ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နဲ့ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ အင်တာဗျူးမှာ လက်ရှိပြည်သူ့အစိုးရအနေနဲ့ အခွန်နဲ့ပတ်သက်ရင် ဘယ်လိုပေါ်လစီတွေနဲ့ လုပ်ဆောင်နေတယ်၊ ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် အခွန်နဲ့ပတ်သက်လို့ ဘယ်လိုဖြေလျော့မှုတွေ လုပ်ဆောင်ပေးနေတယ်၊ အခွန်အမျိုးအစားအမျိုးမျိုးဘာတွေရှိတယ်၊ တကယ့်လက်တွေ့လုပ်ငန်းအခြေအနေတွေမှာတွေ့ရတဲ့ အဆင်မပြေမှုတွေနဲ့ပတ်သက်လို့ ဘယ်လိုဆက်သွယ် Feedback ပေးသွားလို့ ရနိုင်မယ်ဆိုတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ လက်ရှိအစိုးရရဲ့ အခွန်ကဏ္ဍနဲ့ပတ်သက်တဲ့ ပေါ်လစီ —————- ကျွန်တော်တို့ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန်မူဝါဒအနေနဲ့ကတော့ ငါးချက်ချမှတ်ထားပါတယ်။ နံပါတ် ၁ အချက်အနေနဲ့ကတော့ နိုင်ငံတော်အစိုးရရဲ့ အသုံးစားစရိတ်အတွက်ကိုသာ အခွန်ကောက်ခံခြင်းမဟုတ်ဘဲနဲ့ အစိုးရရဲ့ ညီညွတ်မျှတတဲ့ ရသုံးငွေကြေးစနစ်ကို ဖော်ဆောင်ပြီးတော့ ငွေကြေးလည်ပတ်မှုမှန်ကန်စေဖို့အချက် ဖြစ်ပါတယ်။ နံပါတ် […]
Posted On April 5, 2018, By Editorial

Mr Lee Pit Teong (Chairman – iGroup (Asia Pacific) Ltd)

iGroup Aisa Pacific Ltd ကို တည်ထောင်သူ Mr Lee Pit Teong ဟာ မြန်မာနိုင်ငံဖွားတစ်ယောက်ဖြစ်ပြီး အာရှပစိဖိတ်ဒေသတွင်း ထိပ်တန်း Digital Research Information ဖြန့်ချိတဲ့လုပ်ငန်းကို ဦးဆောင်နေသူတစ်ယောက် ဖြစ်ပါတယ်။ စာအုပ်၊ CD-ROM ခေတ်ကစလို့ မျက်မှောက်အင်တာနက်ခေတ်အထိ အောင်မြင်တဲ့လုပ်ငန်းဖြစ်အောင် အကောင်အထည်ဖော်နိုင်ခဲ့တဲ့ Mr Lee Pit Teong နဲ့ တွေ့ဆုံပြီး သူ့အနေနဲ့ မြန်မာနိုင်ငံမှာလုပ်ပေးနေတဲ့အကြောင်းအရာတွေ iGroup Aisa Pacific Ltd အနေနဲ့ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှာ ဆက်လက်လုပ်ဆောင်သွားမယ့် အစီအစဉ်တွေနဲ့ပတ်သက်လို့ မေးမြန်းဖြစ်ခဲ့ပါတယ်။ ပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံ ———— ကျွန်တော်က စိန်ပေါလ်ကျောင်းမှာ ကိုးတန်းအထိတက်ခဲ့ပါတယ်။ ဆယ်တန်းကိုတော့ အ.ထ.က (၆) ဗိုလ်တထောင်ကနေ ၁၉၆၆ […]
Posted On March 13, 2018, By Editorial

ဒေါက်တာဒေါ်သက်သက်ခိုင် (Managing Director-Pun Hlaing Siloam Hospitals Group)

ပထမဆုံး JCIA လတ်မှတ်ရ နိုင်ငံအဆင့်မီဆေးရုံဖြစ်တဲ့ Pun Hlaing Siloam ဆေးရုံရဲ့ Managing Director ဖြစ်သူ ဒေါက်တာဒေါ်သက်သက်ခိုင်ကို ပန်းလှိုင်ဆေးရုံအကြောင်း စုံစုံလင်လင်မေးမြန်းခဲ့ပါတယ်။ လက်ရှိတာဝန်ယူထားတဲ့အပိုင်းနဲ့ ပညာရေးနောက်ခံ ————— ကျွန်မက Pun Hlaing Siloam Hospitals Group ရဲ့ Managing Director အနေနဲ့ တာဝန်ယူလုပ်ကိုင်နေပါတယ်။ ၁၉၉၃ ခုနှစ်မှာ MBBS ပြီးခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ ပထမဆုံး Government Service Posting က ပုသိမ်ဆေးရုံမှာ ကျပါတယ်။ အဲဒီမှာ တစ်နှစ်လောက်ကြာပြီး ရန်ကုန်စည်ပင်သာယာရေးကော်မတီကို ပြောင်းရွေ့ခဲ့တယ်။ ကျွန်မက Eye Surgeon ဖြစ်ချင်ခဲ့ပေမယ့် Public Health လုပ်တဲ့ရုံးကို ရောက်သွားတာကြောင့် အဲဒီခေတ်ကာလက Clinical […]
Posted On March 6, 2018, By Editorial