လက်ကိုင်ဖုန်းလုပ်ငန်းမရှိတော့ပေမဲ့ Nokia ရဲ့ ရှေ့အလားအလာကောင်းနိုင်

article landscape wartermark final5

ဖင်လန်နိုင်ငံက လက်ကိုင်ဖုန်းကုမ္ပဏီ ဖြစ်တဲ့ Nokia ဟာ သူ့ရဲ့လက်ကိုင် ဖုန်းထုတ်လုပ်ရေးလုပ်ငန်းကို Microsoft  ကို ရောင်းချလိုက်ပြီဖြစ်ပေမဲ့ ဒီကုမ္ပဏီရဲ့ ရှယ်ယာတန်ဖိုးတွေက တော့ တက်လာခဲ့ပါတယ်။ အဓိက အကြောင်းကတော့ သူ့ရဲ့ပဓာနကျတဲ့ Networks  လုပ်ငန်းကြောင့် ဖြစ်ပါ တယ်။ အဲဒီပင်မလုပ်ငန်းကနေ အခု အခါ ၀င်ငွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်း ကို ရရှိနေပါတယ်။

Nokia  က သူ့ရဲ့အခြား လုပ်ငန်းနှစ်ခုဖြစ်တဲ့ ဆော့ဝဲလုပ်ငန်း နဲ့ မြေပုံလုပ်ငန်းတွေကိုလည်း တိုး တက်အောင် ဆောင်ရွက်သွားမှာဖြစ် တယ်လို့ သိရပါတယ်။

Ref: AP