New World Financial Group ရဲ့ 1st Anniversary ညစာစားပွဲ ကျင်းပ

New World Financial Group Co Ltd ရဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည် ညစာစားပွဲကို ၂၀၂၀ ပြည်နှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က ရန်ကုန်မြို့ ၊ ပြည်လမ်းပေါ်ရှိ LOTTE Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့ရွှေဈေးကွက် ရောင်းဝယ်ခြင်းနည်းစနစ်များနဲ့ ဈေးကွက်ခန့်မှန်းချက်များကို ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်တည်ထောင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ပွဲမှာ New World Financial Group ရဲ့ Managing Director ဖြစ်သူ ဦးမင်းထိုက်အောင်မှ ကျေးဇူးတင်စကားပြောကြားပေးခဲ့ပြီး ဖိတ်ကြားထားသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ New World Financial Group ရဲ့ Clients များတက်ရောက်ခဲ့ကြပါတယ်။