Virtual World မှာ ရောင်းသူ၊ ဝယ်ယူ ဆုံဆည်းနိုင်အောင်လုပ်ပေးထားတဲ့ MyoePya

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်မှာ MyoePya product launch event ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်းမပေါ်က Lotte Hotel Yangon မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ AYEYARWADDY Engineering Group မှ Managing Director ဒေါ်မေဇွန်ကျော်ဝင်းက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး SHARRTZ.ORG မှ Founder ဖြစ်သူ ဒေါ်သျှားသက်ဇော်မှ MyoePYA platform နဲ့ပတ်သက်လို့ အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။


MyoePya ကိုတော့ SHARRTZ.ORG က တည်ဆောက်ထားပြီး ၂၀၂၂ ခုနှစ်မှာ AYEYARWADDY Engineering Group နဲ့ ပူးပေါင်းဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

MyoePya Platform နဲ့ပတ်သက်လို့ Co-Founder ဦးစိုးစံအောင်က ရှင်းပြပေးခဲ့ပါတယ်။

MyoePya Platform ဆိုတာ

MyoePya platform ဆိုတာကတော့ ရောင်းသူနဲ့ဝယ်သူကို Virtually မိတ်ဆက်ပေးတဲ့ Platform တစ်ခုဖြစ်ပါတယ်။ Virtual Reality နည်းပညာ၊ 3D နည်းပညာနဲ့ Ecommerce နည်းပညာတွေကို ပေါင်းစပ်ထည့်သွင်းထားတဲ့ Platform လည်းဖြစ်ပါတယ်။ ဒီပေါ်မှာ ရောင်းတဲ့သူရော၊ ဝယ်တဲ့သူပါရှိပြီး ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို တစ်ခါတည်း ကြည့်ပြီး၊ Purchase ပါ အောင်အောင်မြင်မြင်လုပ်လို့ရတဲ့အထိ လုပ်နိုင်ပါတယ်။

MyoePya Platform မှာက Real World နဲ့ အနီးစပ်ဆုံးတူအောင် ဖန်တီးထားတဲ့၊ ၉၉ ရာခိုင်နှုန်းအထိတူအောင်လုပ်လို့ရတဲ့ Virtual World ကို ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ Real World မှာ အစမ်းပြလို့မရတဲ့ အရာတွေကိုလည်း ဒီ Platform ပေါ်မှာ ချပြလို့ရအောင် လုပ်ပေးထားပါတယ်။ ဥပမာ Event တွေ ၊ Festival တွေကို ဒီ Platform ပေါ်က တစ်ဆင့်လုပ်တာ၊ ကားနဲ့ အိမ်/တိုက်ခန်း စတာတွေလို ဆိုင်ခန်းတစ်နေရာတည်းမှာ ပြသလို့မရနိုင်တာတွေ၊ ရောင်းသူက တစ်နေရာ၊ ဝယ်ယူက တစ်နေရာဖြစ်နေလို့ ပြသဖို့မလွယ်တာမျိုးတွေကိုတောင် ဒီပေါ်မှာ 3D ပုံစံနဲ့ အစအဆုံးပြသပေးလို့ရနိုင်ပါတယ်။ ဒီအတွက်လည်း Cost နည်း၊ အချိန်ကုန်လည်း သက်သာပြီး လွယ်လည်းလွယ်ကူစွာ ပြသနိုင်မှာဖြစ်ပါတယ်။
ဆိုင်ခန်း၊ ရောင်းသူ၊ ဝယ်ယူတွေအတွက် Avatar တွေလည်း ဖန်တီးလို့ရပါလိမ့်မယ်။
အပြင်မှာရှိတဲ့ Payment တွေကို ချိတ်ဆက်သုံးလို့ရပါလိမ့်မယ်။

MyoePya Platform လိုမျိုး Virtual Reality ၊ 3D Ecommerce မျိုးက မြန်မာနိုင်ငံအတွက် အဆင်သင့်ဖြစ်ပြီလို ထင်ပါသလား

၂၀၁၉ ခုနှစ်ကတည်းက အိုင်ဒီယာရရှိခဲ့ပြီး MyoePya Platform ကို စတင်ခဲ့တာဖြစ်ပေမယ့် အကြောင်းကြောင်းကြောင့် အခုမှာသာ အများပြည်သူနဲ့မိတ်ဆက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဈေးကွက်သုတေသနရလဒ်တွေအရလည်း အခုလိုနည်းပညာမြင့် ဝန်ဆောင်မှုတွေက လုပ်လို့ရနေပြီလည်းဖြစ်ပါတယ်။ လိုအပ်နေပြီလည်းဖြစ်ပါတယ်။ အခုဆို တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေကပဲ Facebook ပေါ်မှာ 2D လောက်နဲ့အဆင်ပြေတယ်။ တခြား လုပ်ငန်းတွေအတွက်ဆိုရင်တော့ အဆင်မပြေဘူး။ ဥပမာ Property Business တွေပေါ့။ ဒါတွေအတွက်ဆို 3D က လုံးဝကို လိုအပ်လာပြီ။
တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာက ဒါက နောက်တောင်ကျနေပြီလို့ပြောလို့ရတယ်။ နိုင်ငံတကာမှာဆိုရင်တော်တော်လေးခေတ်စားပြီးနေပါပြီ။ ဥပမာ Zara ဆိုလည်း သူတို့ရဲ့ ဖိနပ်တွေကို 3D နဲ့ ပြနေပါပြီ။ နောက်တစ်ခုက ၂၀၁၇ ၊ ၂၀၁၈ ခုနှစ်လောက်ကတည်းက Levi’s တို့ဘာတို့ဆိုလည်း သူတို့ရဲ့ ဆိုင်ရှေ့ကနေဖြတ်သွားရင် ဖန်သားပြင်ရှေ့မှာရပ်ပြီး သူတို့ရဲ့ အဝတ်အစားတွေကို Put On လုပ်ကြည့်လို့ရတဲ့ Feature တွေကို အရမ်းကြီးမကောင်းသေးပေမယ့် စပြီးသုံးလို့ရနေခဲ့ပြီးသားပါ။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံအတွက်ဆိုရင်လည်း ဈေးကွက်ထဲမှာသာ ဒီလို Platform မျိုးက မရှိသေးတာ လိုတော့ လိုအပ်နေပြီလို့ ကျွန်တော်မြင်ပါတယ်။

MyoePya Platform ရဲ့ Mission

တိုးတက်ပြောင်းလဲလာတဲ့လူနေမှုပုံစံရ လိုအပ်ချက်တွေကလည်း ပြောင်းလဲလာတယ်။အဲဒါပေါ်မှာ အခြေခံပြီး သူတို့တွေရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ ကျွန်တော်တို့က ရည်ရွယ်ထားတာဖြစ်ပါတယ်။

MyoePya Platform ရဲ့ Vision

လူတိုင်းမှာ Screen တစ်ခုရှိနေရုံနဲ့ ကျွန်တော်တို့ MyoePya platform ပေါ်ကနေ အရာရာတိုင်းဖန်တီး လုပ်ဆောင်သွားလို့ရအောင် လုပ်သွားမှာဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေကို ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ တစ်မျိုးမျိုးရှိနေရုံနဲ့ အချိန်မရွေး၊ နေရာမရွေး၊ လူအင်အားသက်သက်သက်သာ၊ ငွေကုန်ကြေးကျသက်သာစွာသုံးလို့ရအောင်လုပ်လို့ရအောင် ဖန်တီးပေးချင်တာဖြစ်ပါတယ်။

Internet Usage နဲ့ Data Consumption

Internet Usage နဲ့ Data Consumption အတွက် ကုန်ကျစရိတ်ကတော့ ရှိပေမယ့် အပြင်မှာ လူကိုယ်တိုင်သွားပြီး ကြည့်ရှုတာထက်စာရင် ၉၉ ရာခိုင်နှုန်းလောက် သက်သာသွားတာတွေ့ရပါလိမ့်မယ်။ ဥပမာ ပြင်ဦးလွင်က အိမ်တစ်အိမ်ကို ရန်ကုန်ကနေ ဝယ်ယူဖို့လုပ်တဲ့အခါမှာ အရင်တုန်းကဆိုရင်တော့ ဓာတ်ပုံတွေ၊ စာနဲ့ရေးထားတဲ့အချက်အလက်တွေဖတ်တာတွေပဲလုပ်နိုင်မယ်။ မဟုတ်ရင် လူကိုယ်တိုင်သွားကြည့်ရပါမယ်။ အခု MyoePya Platform ကနေပဲ အိမ်ကနေ သက်သောင့်သက်သာနဲ့ 3D version နဲ့ ကြည့်နိုင်သလို၊ နေဝင်/နေထွက်မှာဆိုရင် ဘယ်ဘက်ကဝင်ပြီး ဘယ်ဘက်က နေထွက်တယ်ဆိုတာအထိ ကြည့်နိုင်ပါတယ်။ နောက်ပိုင်းမှာဆိုရင် ဒီအိမ်ခန်းထဲမှာ furniture တွေ ဘယ်လိုနေရာချမယ်ဆိုတာကိုကအစ အစမ်းနေရာချကြည့်တာမျိုးတွေအထိရအောင်လုပ်နိုင်သွားမှာဖြစ်ပါတယ်။

MyoePya Platform ရဲ့ User တွေ

ဒီ MyoePya Platform မှာ အသုံးပြုသူအနေနဲ့ဆိုရင် ၂ မျိုးရှိမှာဖြစ်ပြီး တစ်မျိုးကတော့ Partner တွေဖြစ်ကာ၊ နောက်တစ်မျိုးကတော့ Consumer တွေဖြစ်ပါတယ်။ Consumer – အသုံးပြုသူတွေအနေနဲ့ကတော့ ဒီ Platfrom ကို computer မှာပဲဖြစ်ဖြစ်၊ ဖုန်း / တက်ဘလက်တွေမှာပဲဖြစ်ဖြစ် download လုပ်ကာ account ဖွင့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာ MyoePya Application ကို Computer တွေအတွက်နဲ့ Android Phone တွေအတွက် ရယူအသုံးပြုနေနိုင်ပြီလည်းဖြစ်ပါတယ်။ အသေးစိတ်ကို www.myoepya.com မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Partner တွေအနေနဲ့ကတော့ MyoePya Platform ပေါ်မှာ ဆိုင်ခန်း၊ အရောင်းပြခန်းတွေ ပါဝင်ဖွင့်လှစ်နိုင်မှာဖြစ်ပြီး ဒီအတွက် ကိုယ့်အရောင်းပြခန်း၊ ဆိုင်ခန်း၊ ထုတ်ကုန်ပစ္စည်းတွေကို 3D version လုပ်ထားဖို့လိုပါတယ်။ ကိုယ်ပိုင် 3D version လုပ်ထားရှိထားပြီးသူတွေက MyoePya Platform နဲ့ ချိတ်ဆက်လိုက်ရုံဖြစ်ပြီး မရှိသေးရင်တော့ အရင် ကိုယ့်ထုတ်ကုန်ပစ္စည်းတွေအတွက် (အဝတ်အထည်နဲ့ ပစ္စည်းအမျိုးမျိုးကစလို့ အိမ်ခြံမြေတိုက်တာအဆောက်အအုံတွေအထိ) 3D version develop လုပ်ရပါလိမ့်မယ်။ ပြီးမှ MyoePya Platform နဲ့ချိတ်ဆက်ရမှာပါ။ ဒီလို 3D version develop လုပ်ဖို့ကိုလည်း MyoePya ကနေ ဝန်ဆောင်မှုရယူနိုင်မှာဖြစ်ပါတယ်။ MyoePya မှာ ပါဝင်ချင်တဲ့ Partner တွေအတွက်ကိုလည်း One-stop service တွေလည်းရှိပါတယ်။