Myanmar E-sports Forum 2020 အွန်လိုင်းမှကျင်းပ

Next LvL နဲ့ KMD Myanmar မှဦးစီးကျင်းပတဲ့ Myanmar E-sports Forum 2020 Virtual Event ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ နေ့လယ် ၁ နာရီမှာ Next LvL by KMD Facebook Page မှာထုတ်လွှင့်ပေးခဲ့ပါတယ်။ ICT နဲ့ Digital နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ပိုမိုအင်းအားကောင်းလာတဲ့ E-sports Industry ရဲ့ အလားအလာများ၊ E-sports ရဲ့ Positive Impact တွေအကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးခါစ E-sports Industry နဲ့ Community ကို ပိုမို Awareness ရစေဖို့ ရည်ရွယ်ချက်နဲ့ Myanmar E-sports Forum 2020 ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ Forum မှာ အဓိကဆွေးနွေးပေးခဲ့တဲ့ အကြောင်းအရာတွေကတော့ E-sports မှတစ်ဆင့် ရရှိနိုင်တဲ့ ဝင်ငွေများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လက်ရှိကမ္ဘာနဲ့ အာရှအတိုင်းအတာအရ E-sports Industry ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ၊ နိုင်ငံတကာကုမ္ပဏီကြီးများရဲ့ E-sports အပေါ် အလေးထားစိတ်ဝင်စားလာမှုများ၊ တချို့နိုင်ငံများတွင် E-sports Industry မှ တစ်ဆင့်ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ စတာတွေကို လက်ရှိမြန်မာနိုင်ငံ E-sports Industry နဲ့ နှိုင်းယှဉ်သုံးသပ်ဆွေးနွေးပေးခဲ့ကြပါတယ်။ ဒါအပြင် Myanmar E-sports Forum 2020 မှာ Education & Careers in E-sports ၊ STEAM & Gamification ခေါင်းစဉ်နဲ့ Panel Discussion ကိုထည့်သွင်းကျင်းပခဲ့ပါတယ်။