advertisement-image
Leisure

တစ်နှစ်တာအကောင်းဆုံးဆုတွေ  သိမ်းကြုံးရယူသွားသူ Ariya Jutanugarn

၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့ကပြီးစီးခဲ့သော ယူအက်စ် အမျိုးသမီးအိုးပင်းမေဂျာပွဲကြီးတွင် အာရီးယားဂျူတာနုဂန်းဗိုလ်စွဲလိုက်သည့်အခါ သူ့အားဂုဏ်ပြုသည့်ဆောင်းပါးအား ဇူလိုင်လ CEO Magazine ၌ ဖော်ပြခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဇွန်လက ကမ္ဘာ့နံပါတ်တစ်အမျိုးသမီးဂေါက်သီးမယ်နေရာအား ပထမဆုံးအကြိမ် သူစတင်ရယူနိုင်ခဲ့သော်လည်း ထိုကာလမှစကာ ကိုယ်ခန္ဓာနာကျင်မှုဒဏ်ရာများမကြာခဏဖြစ်ပေါ်ကာ ယင်းနောက်ပိုင်း ရလဒ်များဆိုးရွားခဲ့ပါသည်။ ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးမယ်အဖြစ် ရက်သတ္တပတ် နှစ်ပတ်သာခံသည်။ ထိုနှစ်၏ လက်ကျန် မေဂျာပွဲကြီးလေးပွဲစလုံးတွင် မယုံနိုင်စရာပင် နှစ်ရက်နှင့်ပြုတ်ခဲ့သည်အထိ ဖြစ်ခဲ့ပါသည်။           ဇူလိုင်လ ဆောင်းပါးတွင် အာရီးယားက ဂေါက်သီးရလဒ်များကာင်းမွန်လိုသဖြင့် စိတ်ပိုင်းဆိုင်ရာနည်းပြများပင်ခန့်ထားကာ ကြိုးပမ်းခဲ့ပုံများနှင့် ၂၀၁၈ ခုနှစ်အတွင်း ရလဒ်ကောင်းများရခဲ့ပြီးနောက် ယူအက်စ်အမျိုးသမီး အိုးပင်းပြိုင်ပွဲကြီးဗိုလ်စွဲခဲ့ပုံများကို တင်ပြခဲ့ပါ သည်။ ၂၀၁၈ ခုနှစ် မေလလယ်က အယ်လ်ပီဂျီအေတိုး တစ်ပွဲစတင်ဗိုလ်စွဲသည်မှစကာ ၂၀၁၈ ခုနှစ်အတွက် ဆုကြေးအများဆုံးဂေါက်သီးမယ်ဖြစ်လာခဲ့သည်။ […]
Posted On January 31, 2019, By Editorial

July Executive Cartoon

Posted On August 5, 2018, By Editorial

လူကြီးလူညစ် ဂေါက်ပုံပြင် ၂၀

အန်ကယ်ကြီးက ဘ၀စုံ၊ အတွေ့အကြုံများတော့ သူပြောတာတွေ နားထောင်ရတာ အင်မတန် တန်ဖိုးရှိတယ်။ သူက ပေါ့ပေါ့ပါးပါးလေးပြောသွားတာတွေမှာတောင်မှ လေးလေးနက်နက် စဉ်းစားစရာတွေ တွေ့ရတတ်တယ်။ မှတ်သားစရာတွေ သတိထားမိတယ်။ ဒီတနင်္ဂနွေမှာ လာရိုက်နေကျ မောင်မြင့်ထွန်းတစ်ယောက် ပေါ်မလာတာနဲ့ အန်ကယ်ကြီးက မေးတယ်။ ''မောင်မြင့်ထွန်းတစ်ယောက် မမြင်ပါလားကွ။ ခရီးများ သွားနေသလား။ နေများမကောင်းလို့လား။'' ''မဟုတ်ဘူး အန်ကယ်ကြီးရေ။ သူ့လူကြီးက ဂေါက်သီးရိုက်တာ မကြိုက်လို့တဲ့။'' ''ဟေ ထူးထူးဆန်းဆန်းပါလားကွာ။ ငါသိသလောက်ကတော့ ဂေါက်သီးရိုက်တာ သဘောကျတဲ့ လူကြီးတွေချည်းပဲ။ သစ်တောမင် ကြီးတစ်ယောက်ဆိုကွာ သူ့ဂျူနီယာတွေကို ဂေါက်သီး စနစ်တကျရိုက်တတ်အောင်၊ အ၀တ်အစား သင့်တင့်လျောက်ပတ်စွာ သပ်သပ်ရပ်ရပ်ဝတ်တတ်အောင်၊ နိုင်ငံခြားသွားဖို့ ကြုံလာတဲ့အခါ ဘိုလိုပြောရမှာ မကြောက်ဘဲ ရဲရဲပြောဝံ့အောင်၊ နောက်ဆုံးကွာ အရက်သောက်တာတောင်မှ လူကြီးလူကောင်းလို သောက်တတ်အောင် သင်ပေးသဟ။ လေ့ကျင့်ပေးသဟ။'' […]
Posted On August 4, 2018, By Editorial

မာစတာစ်ပြိုင်ပွဲကြီးနှင့် ချန်ပီယံပက်ထရစ်ခ်ရိဒ်

၂၀၁၈ ခုနှစ်အတွင်းရှိ ဂေါက်သီးမေဂျာပွဲကြီးလေးပွဲအနက် ပထမဆုံးလာသည့် မာစတာစ်ပြိုင်ပွဲကြီး (Masters Tournament) သည် ဧပြီလ ၈ ရက်နေ့က ပြီးစီးခဲ့ပြီး အမေရိကန်ပရိုပက်ထရစ်ခ်ရိဒ် (Patrick Reed) ဗိုလ်စွဲသွားပါသည်။ နောက်ဆုံးနေ့တွင် ရိဒ်နှင့်အတူ ရစ်ကီဖောင်လာ၊ ဂျော်ဒန်စပိသ်၊ ဂျွန်ရမ်းနှင့် ရော်ရီမက်ကဲလ်ရွိုင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပုံကို စောင့်ကြည့်သူဂေါက်သီးဝါသနာရှင်များ တွေ့မြင်ခဲ့ပြီး ဖြစ်ကြပါလိမ့်မည်။ မာစတာစ်ပြိုင်ပွဲသည် အခြားမေဂျာပွဲကြီးများကဲ့သို့ ဂေါက်ကွင်းများစွာတွင် လှည့်လည်ကျင်းပနေခြင်း မဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ သြဂတ်စ်တာမြို့ရှိ Augusta National ဂေါက်ကွင်းတွင် နှစ်စဉ် ဧပြီလ၌ကျင်းပသည်။ ဧပြီလ၏ ဒုတိယတနင်္ဂနွေနေ့သည် မာစတာစ်ပြိုင်ပွဲ၏ နောက်ဆုံးနေ့ဖြစ်မြဲဖြစ်သည်။ ဤပွဲသည် ဂေါက်သီးမေဂျာလေးပွဲအနက် နောက်ဆုံးမှ ပေါ်ပေါက်လာသောပွဲပါ။ ၁၉၃၄ ခုနှစ်တွင်မှ စတင်ကျင်းပခဲ့သည်။ ကမ္ဘာကျော်ဂေါက်သီးသမားကြီး ဘော်ဘီဂျုံးစ်၏ စိတ်ကူးဖြစ်ပါသည်။ သူက အပျော်တမ်းသမားဖြစ်သော်လည်း […]
Posted On July 8, 2018, By Editorial

April 2018 Cartoon

Posted On April 29, 2018, By Editorial

အမြန်ဂေါက်သီးကစားမှုစံချိန်သစ်များ

အင်္ဂလန်နိုင်ငံသားစတိဗ်ဂျက်ဖ်စ် (Steve Jeffs) သည် ဇန်န၀ါရီလ ၁၆ ရက်နေ့က ကိုက် ၅၀၀ ရှိသော ပါဖိုက်တစ်ကျင်းအား ၁ မိနစ်၊ ၅၀.၆ စက္ကန့်ဖြင့် ပြီးအောင်ရိုက်နိုင်လိုက်သည့်အခါ ဂင်းနစ်ကမ္ဘာ့စံချိန်များမှတ်တမ်း (Guinness World Records) ၌ ကိုက် ၅၀၀ နှင့် အထက်အကွာအဝေးရှိသော ပါဖိုက်ကျင်းအား အမြန်ဆုံးရိုက်နိုင်သူစံချိန်သစ်ကို တင်နိုင်ခဲ့ပါသည်။ ယခင်စံချိန်ဟောင်းမှာ ၂၀၀၅ ခုနှစ်က အင်္ဂလန်နိုင်ငံသားဖီးလ်နေလာတင်ထားသော ၁ မိနစ်၊ ၅၂ စက္ကန့်ဖြစ်ပါသည်။ ဂေါက်သီးအားကစားသည် နှေးကွေးပါသည်။ အမှန်တကယ်တွင်လည်း မြန်မြန်လုပ်ပါက အမှားပါတတ်ပြီး အချက်ရေတွေ ပိုများတတ်သဖြင့် စဉ်းစားချင့်ချိန်ဆုံးဖြတ်ပြီးမှ တစ်ချက်ချင်းရိုက်ကြရသည်။ သို့သော် လွန်ကဲစွာ နှေးလွန်းသူများ ပေါ်လာသဖြင့် ပရိုပြိုင်ပွဲများတွင် ကစားမှုအမြန်နှုန်းစည်းမျဉ်းများကို ချမှတ်ခဲ့ရပါသည်။ ပြိုင်ပွဲဝင်အတွဲတစ်တွဲတွင် ၃ ဦး […]
Posted On April 28, 2018, By Editorial

အစကောင်းမှ

ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးသမားဖြစ်ခဲ့သူ ဂျော်ဒန်စပိသ် (Jordan Spieth) ၏ ငယ်ဘ၀ဂေါက်သီးလမ်းကြောင်းအား ပြန်ကြည့်သည့်အခါ သူသည် ၂၀၁၂ ခုနှစ်က ကမ္ဘာ့နံပါတ် ၁ အပျော်တမ်းဂေါက်သီးသမားဖြစ်ခဲ့ကြောင်း တွေ့ရပါသည်။ ထိုနည်းတူစွာ ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့သူ ရော်ရီမက်ကဲလ်ရွိုင်း (Rory McIlroy) သည်လည်း ၂၀၀၇ ခုနှစ်က ပရိုမပြောင်းမီ ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့ပါသည်။ နယူးဇီလန်ဂေါက်သီးမယ်လေး လစ်ဒီယာကိုး (Lydia Ko) သည် အပျော်တမ်းသူဘ၀က ကမ္ဘာ့နံပါတ် ၁ အပျော်တမ်းဂေါက်သီးမယ်နေရာအား ရက်သတ္တပတ်ပေါင်း ၁၃၀ ပင် စံချိန်တင်၍ ရခဲ့သူလေးဖြစ်ကြောင်း တွေ့ရပါသည်။ ''အစကောင်းမှ အနှောင်းသေချာ'' ဟူသော မြန်မာစကားပုံအတိုင်း အစကောင်းခဲ့သူများဟု ဆိုရပါမည်။ အမျိုးသားများအတွက် ကမ္ဘာ့အပျော်တမ်းဂေါက်သီးသမားအဆင့်ဇယားသည် ၂၀၀၇ ခုနှစ် […]
Posted On April 15, 2018, By Editorial

March 2018 Cartoon

Posted On March 30, 2018, By Editorial

နောက်ဆုံးကွင်းပတ်အား ၁၁ ချက်လျော့ရိုက်၍ ဗိုလ်စွဲသူ

တိုက်ဂါးဝွဒ်စ်အိမ်ရှင်လုပ်၍ ကျင်းပသော Hero World Challenge ဂေါက်သီးပြိုင်ပွဲသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ပြီးစီးခဲ့ပါသည်။ ကမ္ဘာ့အဆင့် ၉ အမေရိကန်ဂေါက်သီးသမားရစ်ကီဖောင်လာက သုံးရက်အပြီး၌ ဦးဆောင်သူနောက် ခုနစ်ချက်ပြတ်ကျန်နေခဲ့ရာမှ နောက်ဆုံးနေ့တစ်နေ့တည်း ၁၁ ချက်လျော့ ၆၁ ချက်ရိုက်နိုင်ခဲ့ရာ ယမန်နေ့က ဦးဆောင်ခဲ့သူ ချာလီဟော့ဖ်မင်န်အပေါ် လေးချက်ပြန်လည်အသာရပြီး ဗိုလ်စွဲသွားခဲ့သည်မှာ အံ့သြလောက်စရာလက်စွမ်းဖြစ်ခဲ့ပါသည်။ ၁၉၉၉ ခုနှစ်က စတင်၍ နှစ်စဉ်ကျင်းပခဲ့သော ဤပြိုင်ပွဲသည် Tiger Woods Foundation အတွက် ရန်ပုံငွေရှာပေးသော ပွဲတစ်ပွဲပါ။ ထိုဖောင်ဒေးရှင်းသည် အမေရိကန်ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးများ တိုးတက်စေမည့် စီမံချက်များကို အကောင်အထည်ဖော်ပေးနေသော လူမှုရေးအဖွဲ့အစည်းဖြစ်ပါသည်။ စပွန်ဆာအဖြစ်ပါဝင်ပံ့ပိုးသူ ကုမ္ပဏီများအပေါ် မူတည်၍ ယခင်က Williams World […]
Posted On March 11, 2018, By Editorial

Nail Culture

Myanmar Culture Valley မှာ ဈေးဝယ်ထွက်ရင်း၊ မုန့်စားရင်း အချိန်ခဏပေးရုံနဲ့ အလှအပအတွက် စိတ်ကျေနပ်မှုရစေမယ့် Nail Culture ဆိုင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Nail Culture နဲ့ Spa မှာ ဘာတွေလုပ်လို့ရလဲ ————– Nail Culture မှာဆိုရင်တော့ လက်သည်းပုံဖော်တာကစလို့ လက်သည်းနဲ့ လက်သန့်ရှင်းရေးလုပ်ပေးတဲ့ ၀န်ဆောင်မှုတွေ၊ ခြေထောက်ကြေးချွတ်ပေါင်းတင်၊ လက်ကြေးချွတ်ပေါင်းတင်၊ လက်ဖယောင်းသွင်း၊ ခြေထောက်ဖယောင်းသွင်းတာတို့ လုပ်လို့ရပါတယ်။ Spa မှာတော့ Facial သီးသန့်လုပ်တာဖြစ်တဲ့အတွက် မျက်နှာကို ရေဓာတ်ဖြည့်တာ၊ မျက်နှာ Whitening လုပ်တာ၊ မျက်နှာကို ပိုပြီးနုပျိုအောင်လုပ်တာ၊ အရေးအကြောင်းအတွက် လုပ်ပေးတာတို့ ရှိပါတယ်။ Nail Culture မှာ ဘယ်လိုပစ္စည်းအမျိုးအစားတွေသုံးလဲ ————– Nail Culture မှာဆိုရင်တော့ OPI […]
Posted On March 9, 2018, By Editorial