Jeff Bezos ကိုကျော်လွန်ပြီး ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာနိုင်တဲ့ Bernard Arnault

Jeff Bezos နှင့် Bill Gates တို့နှစ်ယောက်ဟာ Louis Vuitton က သားရေပိုက်ဆံအိတ်တွေနဲ့ Tiffany က ပစ္စည်းတွေအများကြီးဝယ်နိုင်မယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် မကြာခင်မှာပဲ ဒီကမ္ဘာ့အချမ်းသာဆုံးသူကြွယ်နှစ်ယောက်ဟာ Tiffany ကို လွှဲပြောင်းယူတော့မယ့် LVMH အကြီးအကဲလောက်မချမ်းသာဘူးဆိုတာ ကို တွေ့ရပါတော့မယ်။

Real Time Wealth Ranking ကို စောင့်ကြည့်နေတဲ့ Forbes ရဲ့ LVMF(LVMFH)ရဲ့ CEO နှင့် ဥက္ကဌဖြစ်တဲ့ Bernard Arnault ဟာ ပိုင်ဆိုင်မှုပေါင်း ဒေါ်လာ ၁၀၈ ဘီလီယံခန့်ရှိပါတယ်။

Bernard ရဲ့ အသားတင်ငွေကြေးပိုင်ဆိုင်မှုဟာ LVMH ရဲ့ စတော့ရှယ်ယာနဲ့အတူ တစ်ရက်အတွင်း ၂ ရာခိုင်နှုန်းခြား ခုန်တက်လာပါတယ်။ ထို့အတူ ကုမ္ပဏီရဲ့ သဘောတူညီချက်အတိုင်း Tiffany (TIF) ကို ဒေါ်လာ ၁၆ ဘီလီယံနဲ့ဝယ်ယူဖို့ ကြိုးပမ်းနေပါတယ်။ Arnault နဲ့ သူ့ရဲ့မိသားစုဟာ ပြင်သစ်ဇိမ်ခံကုန်ပစ္စည်းကုမ္ပဏီများရဲ့ ၄၇ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားပါတယ်။

Bill Gates ရဲ့ အသားတင်ငွေကြေးပိုင်ဆိုင်မှုဟာ ကန်ဒေါ်လာ ၁၀၇ ဘီလီယံရှိပြီး Jeff Bezos ကတော့ ကန်ဒေါ်လာ ၁၁၀ ဘီလီယံနဲ့ Forbes List ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ Bloomberg ရဲ့ စစ်တမ်းကောက်ယူမှုအရ Arnault က အားကောင်းတဲ့ငွေကြေးအမြတ်အစွန်းနဲ့တကွ Bill Gates နှင့် Bezos နောက်ကို ထပ်ကြပ်မကွာလိုက်နေပါတယ်။

Warren Buffet ကဒေါ်လာ ၈၆ ဘီလီယံ ပိုင်ဆိုင်ထားချိန်မှာတော့ Facebook CEO Mark Zuckerberg က ဒေါ်လာ ၇၅ ဘီလီယံနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။ Oracle (ORCL) ရဲ့ လုပ်ငန်းရှင်ကြီး Larry Ellison နှင့် Zara Fast Fashion ကို ပိုင်ဆိုင်ထားသူတဖြစ်လည်း Inditex ရဲ့ Co-founder စီးပွားရေး လုပ်ငန်းရှင်ကြီး Amancio Ortega တို့ကတော့ ဒေါ်လာ ၇၀ ဘီလီယံကိုယ်စီ ပိုင်ဆိုင်ထားကြပါတယ်။