Infobip မှ Conversations နဲ့ Answer (Omnichannel Cloud Contact Center Solution နဲ့ AI Chatbot) နည်းပညာများ မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

ကမ္ဘာလုံးဆိုင်ရာ Cloud ဆက်သွယ်ရေးကုမ္ပဏီဖြစ်တဲ့ Infohip မှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၄ ရက်က Conversations ခေါ် Digital Cloud စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြော်ငြာခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များက Omichannel Solution နဲ့ သူတို့ရဲ့အေးဂျင့်များအတွက် Single Interface ကိုအသုံးပြုကာ Conversations ကနေတစ်ဆင့် Customer တွေကိုဝန်ဆောင်မှုပေးနိုင်မှာပဲဖြစ်ပါတယ်။

ဒါအပြင် Chatbot တည်ဆောက်တဲ့ Platform ဖြစ်တဲ့ Answer ကိုလည်း စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ကြော်ငြာခဲ့ပါတယ်။ ယင်းကို ဉာဏ်ရည်တု AI အသုံးပြုခြင်းနဲ့ Keywords အခြေပြု Chatbots ကနေတစ်ဆင့် Facebook ၊ Messenger ၊ Viber ၊ Live Chat နဲ့ SMS ကဲ့သို့ အဓိကစာတိုပေးပို့သော Platform များမှာ Conversation နဲ့အတူ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Infohip ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး Omichannel ဆက်သွယ်မှုကဏ္ဍမှာ ဦးဆောင်သူဖြစ်ကာ Customer Engagement ကိုအမျိုးမျိုးသော Messaging Channel ကနေတစ်ဆင့် အဆင့်မြင့်နည်းပညာများကို အသုံးပြုပြီး Customer လိုအပ်ချက်များကို ဝန်ဆောင်မှုပေးနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။Infobip ရဲ့ Conversation နဲ့ Answer အကြောင်း အသေးစိတ်သိရှိလိုပါက www.infobip.com/products/conversations နှင့် https://www.infobop.com/products/answers တို့မှာ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါတယ်။