Huawei ရဲ့ Sky Seeds For The Future ပညာသင်ဆုအစီအစဉ်ကို အွန်လိုင်းမှစတင်ကျင်းပ

မြန်မာနိုင်ငံရဲ့သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာနယ်ပယ်မှာရှိတဲ့ ထူးချွန်သူများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုကူညီပံ့ပိုးပေးနိုင်ဖို့အတွက် Seeds For The Future နာမည်နဲ့ စတုတ္ထအကြိမ်အဖြစ် မြန်မာနိုင်ငံရဲ့ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နဲ့ ပါမောက္ခများကော်မတီတို့နဲ့ပူးပေါင်းပြီး စက်တင်ဘာလ ၂၁ ရက်က Welink ဖြင့် အွန်လိုင်းဖွင့်ပွဲအခမ်းအနားကို စတင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ကွန်ပျူတာနဲ့နည်းပညာတက္ကသိုလ်မှ ထူးချွန်ကျောင်းသား ၃၈ ယောက်ကိုရွေးချယ်ပြီး စက်တင်ဘာလ ၂၁ ရက်ကနေ စက်တင်ဘာလ ၂၅ ရက် အထိ ငါးရက်တာသင်ကြားပို့ချပေးခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ကျန်းမာရေးအခြေအနေများကြောင့် အွန်လိုင်းမှကျင်းပခဲ့တာဖြစ်ပြီး Huawei Myanmar ရဲ့CEO Mr. Ding Zhaoyi ၊ အမျိုးသားပညာရေးမူဝါဒကော် မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုဆိုင်ရာအတိုင်ပင်ခံ Mr. Pang Feng နဲ့ Huawei Asia Pacific Region ရဲ့ Director Of Public Affairs And Communications Department ဖြစ်သူ Mr. Fu Bo တို့ကအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၀ Sky Seeds For The Future ရဲ့ကိုယ်စားပြုကျောင်းသူက ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ ရွေးချယ်ခံကျောင်းသားများရဲ့ အနာဂတ်လုပ်ငန်းခွင်တိုးတက်မှုများအတွက် အရေးကြီးတဲ့ အိုင်စီတီဗဟုသုတများကို ပိုပြီးသဘောပေါက်နားလည်စေနိုင်မယ့် 5G ၊ AI (လူလုပ်အသိဉာဏ်) ၊ Cloud Computing စတဲ့ နောက်ဆုံးပေါ်နည်းပညာများကို လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ ပရိုဂရမ်ပြီးဆုံးပြီးတဲ့နောက် ကျောင်းသားများအတွက်ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်ကကျင်းပပေးခဲ့ပါတယ်။