How to develop your career ဟောပြောပွဲ ကျင်းပ

How to develop your career 11 How to develop your career 14

စီအီးအို စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်းက ကြီးမှူးစီစဉ်တဲ့ How to Develop your Career ဟောပြောပွဲကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ရန်ကုန်မြို့၊ Chatrium Hotel Royal Lake Yangon မှာ ပြုလုပ်ခဲ့ပါတယ်။ ပွဲမှာ TODAY Group of Companies ရဲ့ Board of Director ဦးစောရန်နိုင်မှ အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ဒေါ်မေမြတ်မွန်ဝင်း (GM, Chatrium Hotel Royal Lake Yangon) ၊ ဦးမြင့်ဇော် (CEO, Ground Solution Co Ltd) နှင့် ဦးသူရိန်ညိမ်း (GM, Nielsen MMRD Research Services) တို့မှ Career လမ်းကြောင်းတစ်ယောက် ဖြတ်သန်းခဲ့ကြတဲ့အတွေ့အကြုံများ၊ လေ့လာသင်ယူခဲ့ကြတဲ့အတွေးအမြင်များနှင့် လက်ရှိ Career Trend များနှင့်ပတ်သက်ပြီး ဆွေးနွေးဟောပြောခဲ့ကြပါတယ်။ ဒီပွဲကို လုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်နေသော ကျောင်းသားလူငယ်များ၊ လုပ်ငန်းခွင်အသီးသီးမှ မိမိတို့ အသက်မွေးမှုလမ်းကြောင်းတိုးတက်ရန်လေ့လာနေကြသူများ၊ စီအီးအိုစီးပွားရေးနှင့် စီမံခန့်ခွဲမှုမဂ္ဂဇင်းကို လစဉ်ကြေးကြိုတင်ပေးသွင်းဖတ်ရှုနေကြတဲ့ Member များတက်ရောက်ခဲ့ကြပါတယ်။ ဟောပြောဆွေးနွေးပွဲကို စီအီးအိုမဂ္ဂဇင်းနှင့်အတူ City Mart Holding Ltd ၊ Grand Royal Special Reserve ၊ United Amara Bank နှင့် United Paints Group Co Ltd တို့မှ ပူးပေါင်းပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။

ဟောပြောပွဲမှာ Speaker များအသုံးပြုခဲ့တဲ့ PowerPoint File များကို PDF အနေဖြင့် Download ရယူနိုင်ရန်အတွက် ယခုသတင်းနှင့်တစ်ပါတည်းတွဲလျက် တင်ပေးထားပါတယ်။ Power Point File များကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့အထိ ယခုသတင်းနှင့်အတူ ceo-myanmar.com တွင် တင်ထားပေးမည်ဖြစ်ပါသည်။

ဒေါ်မေမြတ်မွန်ဝင်း – How to Develop your Career 

ဦးမြင့်ဇော် – How to Develop your Career

ဦးသူရိန်ညိမ်း – How to Develop your Career

 

 

How to develop your career 3 How to develop your career 4 How to develop your career 2 How to develop your career 1 How to develop your career 9 How to develop your career 8 How to develop your career 10 How to develop your career 7 How to develop your career 6 How to develop your career 5 How to develop your career 12 How to develop your career 13