advertisement-image
BRICS

အိန္ဒိယမှာ အမဲသားထုတ်လုပ်သူတွေ ပြန်ပြီး စိတ်ချမ်းသာလာကြ

အိန္ဒိယရဲ့အမဲသားပြည်ပတင်ပို့မှုလုပ် ငန်းဟာ ဘရာဇီးနိုင်ငံပြီးရင် ကမ္ဘာ မှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ ၀န် ကြီးချုပ်သစ် Modi ဟာ မေလထဲက စပြီး တာဝန်ထမ်းဆောင်ကတည်းက အခုအခါ အဲဒီလုပ်ငန်းဟာ ကမ္ဘာအနှံ့ အမဲသားဝယ်လိုအားတက်လာတာ ကြောင့်တစ်ကြောင်း၊ အနှောင့်အယှက် ပေးမယ့်သူတွေ မရှိတော့တာကြောင့် တစ်ကြောင်း အားရစရာဖြစ်လာပါ တယ်။ အခုဝန်ကြီးချုပ်ဖြစ်လာတဲ့ Modi ဟာ အမျိုးသားရေးဝါဒီ BJP ကဖြစ်ပြီး သူ့ရဲ့ရွေးကောက်ပွဲမဲဆွယ်ရာ မှာ အမဲသားတင်ပို့မှုကို ဝေဖန်ကန့် ကွက်ခဲ့တယ်။ နွားဟာ ဟိန္ဒူဘာသာ ၀င်တွေအဖို့ လူ့ယဉ်ကျေးမှုရဲ့’မိခင်’  လို သဘောထားကြတယ်။ အမဲသား ပြည်ပပို့တဲ့ကိစ္စဟာ အိန္ဒိယရွေးကောက် ပွဲတွေမှာ ပါလေ့ရှိတဲ့ အကြောင်းအရာ ဖြစ်တယ်။ အခုအခါ Modi ၀န်ကြီး ချုပ်ဖြစ်လာတဲ့အခါကျတော့ သူက အဲဒီ ကိစ္စကို […]
Posted On November 7, 2014, By Editorial

အကောင်းဆုံး လုပ်ငန်းခွင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ Rane Brake Lining ကုမ္ပဏီ

အိန္ဒိယနိုင်ငံရဲ့Rane Brake Lining ကုမ္ပဏီဟာ ဒီနှစ်နဲ့ပါဆိုရင် နှစ်နှစ် ဆက်တိုက် ‘အကောင်းဆုံးလုပ်ငန်း ခွင်’ အဖြစ် သတ်မှတ်ခံရပါတယ်။ မော်တော်ကားဆက်စပ်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီတွေထဲမှာလည်း မနှစ်တုန်းက တတိယနေရာရခဲ့ပါတယ်။ ခုလိုအဆင့်သတ်မှတ်ရာမှာ ထည့်သွင်းစဉ်းစားတဲ့အချက်တွေက တော့ ၀န်ထမ်းတွေရဲ့ယုံကြည်အား ထားရမှု၊ အလုပ်ကို ဂုဏ်ယူမှု၊ လုပ် ငန်းခွင်စိတ်ချမ်းသာမှု၊ ပွင့်ပွင့်လင်း လင်း ပြောဆိုဆက်သွယ်နိုင်မှု၊ အလုပ် မှာ  ခေါင်းဆောင်ပိုင်းဆိုင်ရာသင်တန်း တွေ ဖွင့်လှစ်ပေးမှု၊ အလုပ်မှာ ခေါင်း ဆောင်ပိုင်းတာဝန်ယူနိုင်ရေး အခွင့် အလမ်းတွေရှိမှု စတဲ့ အချက်တွေ ဖြစ်တယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာ ရာထူးအဆင့်မခွဲခြားဘဲ လေးစားခင်မင် စွာ ဆက်ဆံကြတာတွေ၊ နံနက်တိုင်း လုပ်ငန်းဆိုင်ရာအချင်းချင်း ဆွေးနွေး ပွဲလေးတွေ ရှိတာလည်း ထည့်တွက်ပါတယ်။ ဒီနှစ်ပြုလုပ်တဲ့အထက်ပါ လေ့လာချက်ကို သတင်းနည်းပညာဆိုင်ရာ […]
Posted On September 2, 2014, By Editorial

တရုတ်ဘဏ်တွေရဲ့ အမြတ်များ

တရုတ်ထိပ်တန်းဘဏ်တွေရဲ့ အမြတ်ငွေတွေဟာ ကမ္ဘာအနှံ့ထိပ် တန်းဘဏ်တစ်ထောင်ရဲ့ စုစုပေါင်း အမြတ်ငွေတွေရဲ့ သုံးပုံတစ်ပုံ (အမေရိကန်ဒေါ်လာ ဘီလီယံ ၉၂၀) ရှိပါတယ်။ တရုတ် ပြည်ရဲ့ ဆောက်လုပ်ရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်နဲ့ ဗဟိုဘဏ်တို့က ကမ္ဘာ့ထိပ်တန်းဘဏ်တွေရဲ့ ထိပ်တန်းလေးနေရာမှာ ရှိနေပါ တယ်။ အဲဒီ ကမ္ဘာ့ဘဏ်တွေရဲ့ အမြတ်ငွေတန်းစီစာရင်းမှာ အမေရိကန်ပြည်ထောင်စုရှိ ဘဏ်တွေက စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း၊ ဥရောပဇုန်ရှိဘဏ်တွေက ၃ ရာခိုင်နှုန်း ၊ ဂျပန်ဘဏ်တွေက ၇ ရာခိုင်နှုန်း အသီးသီးရှိကြပါတယ်။ Ref: ShanghaiDaily
Posted On September 1, 2014, By Editorial

Alibaba က တရုတ်ပြည်ရဲ့ ထိပ်တန်းဘောလုံးကလပ်အသင်းမှာ ရင်းနှီးမြှုပ်နှံ

တရုတ်ပြည်ရဲ့အွန်လိုင်းဝယ်ရောင်း လုပ်ငန်းကုမ္ပဏီဖြစ်တဲ့ Alibaba ဟာ တရုတ်ပြည်ရဲ့ ထိပ်တန်းဘောလုံး ကလပ်အသင်းဖြစ်တဲ့ Evergrande  မှာ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်) ၀ယ်ယူမြှုပ်နှံမယ်လို့ သိရပါ တယ်။  ဒီတရုတ်ကလပ်အသင်းဟာ ၂၀၁၃ ခုနှစ်က အာရှချန်ပီယံဖလား ရခဲ့ပါတယ်။ ဒီသဘောတူညီချက်ကို တရုတ်အားကစားရှင်တွေက ကြိုဆို ကြတယ်။ “Alibaba ဟာ ငွေကြေး တောင့်တင်းတဲ့အတွက် တရုတ်ကလပ် အသင်းကို အများကြီးကျေးဇူးပြုမှာ ပါ” လို့ တချို့က ပြောကြတယ်။ Alibaba အနေနဲ့ တခြားသူတွေရဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်ရင်းနှီးမြှုပ် နှံတာတွေ ရှိခဲ့ရာမှာ အခုဟာက တစ်ခုအပါအ၀င် ဖြစ်တယ်။ အမေရိ ကန်စတော့ဈေးကွက်မှာ ရှယ်ယာတွေ ရောင်းချဖို့ အစီအစဉ်ရှိပါတယ်။ အမေ […]
Posted On July 26, 2014, By Editorial

AirAsia လေကြောင်းလိုင်းက အိန္ဒိယမှာ ပထမဆုံးအကြိမ်အဖြစ် စတင်ပျံသန်းပြေးဆွဲ

Air Asia India ဟာ အိန္ဒိယနိုင်ငံမှာ လေးခုမြောက်စရိတ်နည်း လေကြောင်း လိုင်းအဖြစ် စတင်ပျံသန်းပြေးဆွဲခဲ့ ပါတယ်။ Banglore ကနေ အိန္ဒိယ နိုင်ငံရဲ့ အရွယ်ပမာဏအသေးငယ်ဆုံး ပြည်နယ် Goa ကို ပြေးဆွဲတာပါ။   မေလ ၃၀ ရက်မှာ စတင်ဖွင့်လှစ် ရောင်းချခဲ့တဲ့ Air Asia ရဲ့ ပထမဆုံး လေကြောင်းခရီးစဉ်အတွက် လက်မှတ် ရောင်းချရာမှာ ဆယ်မိနစ်အတွင်းကုန် သွားခဲ့ပါတယ်။ Air Asia  က ၄၉ ရာခိုင်နှုန်း၊Tata Son  က ၃၀ ရာခိုင်နှုန်း၊Telestra Tradeplace  က ၂၁ ရာခိုင်နှုန်းနဲ့ ပူးပေါင်းလုပ်ကိုင်တဲ့ အဆိုပါလေကြောင်းခရီးစဉ်ရဲ့လေ ယာဉ်လက်မှတ်ခကို အိန္ဒိယရူပီး ၉၉၀ (အမေရိကန်ဒေါ်လာ ၁၆.၇၀) ပဲ သတ်မှတ်ထားပါတယ်။ […]
Posted On July 4, 2014, By Editorial

Hindustan-Motors က Ambassador အမျိုးအစား ကားကိုထုတ်လုပ်မှု ရပ်ဆိုင်း

အိန္ဒိယနိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီ (Hindustan Motors) ဟာ သူ့ရဲ့ကိုယ်ထည်ကြီးမားတဲ့ Ambassador လို့ ခေါ်တဲ့ ကားကို ဆက်လက်မထုတ်တော့ ဘူးလို့ သိရပါတယ်။  အခုအခါ ဒီကုမ္ပဏီဟာ ဖွဲ့စည်းပုံကို အသစ်ပြန်လည်ဖွဲ့စည်း မှာဖြစ်ပြီး အကြွေးတွေလည်း ရှင်းသွား ဖို့ ဆောင်ရွက်နေတယ်။ Amby လို့ အတိုကောက်ခေါ်တဲ့ အဲဒီကားကို အမြန်ဆုံးပြန်ထုတ်လုပ်နိုင်အောင်လည်း ကြိုးစားနေပါတယ်လို့ တာဝန်ရှိသူ တစ်ဦးက ပြောတယ်။ ဒီကားရဲ့ပုံသဏ္ဌာန်ဟာ နှစ် ၅၀ အတွင်း အပြောင်းအလဲ သိပ် မရှိခဲ့ဘူး။ ၀န်ကြီးချုပ်တွေ၊ အထက် တန်းလွှာတွေ စီးခဲ့ကြတဲ့ကားလည်း ဖြစ်တယ်။ ၁၉၄၈ ခုနှစ်ကစပြီး ထုတ် လုပ်ခဲ့တာဖြစ်ပြီး ဗြိတိန်နိုင်ငံရဲ့Morris Oxford III ရဲ့ ပုံစံကို ယူ ပြီး […]
Posted On July 4, 2014, By Editorial

တရုတ်က ထိုင်းဆန်တန်ချိန်တစ်သန်းဝယ်မယ်

  တရုတ်နိုင်ငံဟာ ထိုင်းကနေ ဆန်တန်ချိန် တစ်သန်းဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ ထိုင်းနိုင်ငံခြားကုန်သွယ်ရေး ဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တရုတ်အမျိုးသားနှံစားအသီးအနှံ၊ စားသုံးဆီနဲ့ စားသောက်ကုန်ကော်ပို ရေးရှင်း (COFCO)နဲ့ ထိုင်းနိုင်ငံခြား ကုန်သွယ်ရေးဌာနတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးခဲ့တာဖြစ်တယ်။ ထိုင်းအစိုးရရဲ့ သိုလှောင်ထားတဲ့ဆန် တွေကိုရောင်းထုတ်ဖို့နဲ့ တရုတ်က ထိုင်းဆန်ဝယ်ယူမှု ပမာဏကို တိုးမြှင့်ဖို့ရည်ရွယ်ပြီး အခုလို သဘောတူ ညီခဲ့ တာဖြစ်တယ်။ အဆိုပါ ဆန်တန်ချိန် တစ်သန်းကို ၁၂ လအတွင်းအသုတ် လိုက် တရုတ်ပြည်ကို တင်ပို့သွားမှာ ဖြစ်ပြီး ပထမအသုတ်ဖြစ်တဲ့ ဆန်တန်ချိန် လေးသိန်း ကို မတ်လကနေ ဇူလိုင်လအတွင်း တင်ပို့သွားမှာ ဖြစ်တယ်။ ထိုင်းဟာ ဆန်တင်ပို့ရောင်းချဖို့တခြား နိုင်ငံတွေနဲ့လည်း ဆွေးနွေးညှိနှိုင်းနေပြီး အစိုးရအချင်းချင်း သဘော တူ လက်မှတ်ထိုးနိုင်ဖို့ကို […]
Posted On April 29, 2014, By Editorial

၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ GDP ၅ .၅ ရာခိုင်နှုန်းတိုးလာမယ်လို့ ADB ခန့်မှန်း

စက်မှုလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်လာမှုကြောင့် ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး ၅.၅ ရာခိုင်နှုန်းတိုးတက်လာမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank- ADB ) က ခန့်မှန်းထားပါတယ်။  စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေရဲ့ဝယ်လိုအားမြင့်တက်လာမှုကြောင့် အိန္ဒိယရဲ့စီးပွားရေးဟာ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာတော့ ၆ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ ADB က ထပ်တိုးခန့်မှန်းထားပါတယ်။ ၅.၅ ရာခိုင်နှုန်းဆိုတာဟာ မနှစ်က ခန့်မှန်းချက် ဖြစ်တဲ့ ၅.၇ ရာခိုင်နှုန်းထက် အနည်းငယ်လျေ့နည်းပါတယ်။ စက်မှုလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အဟန့်အတားဖြစ်စေတဲ့ ဖွဲ့စည်း တည်ဆောက်ပုံစနစ်ဆိုင်ရာ ဟန့်တားပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ အစိုးရရဲ့ ကြိုးပမ်းမှုတွေက အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်တယ်လို့ ADB က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေး ပြန်ပြီးနာလန်ထူ လာဖို့ကတော့ […]
Posted On April 29, 2014, By Editorial

တရုတ်ပြည်မှာ စမ်းသပ်တဲ့အနေနဲ့ ပုဂ္ဂလိကဘဏ် ငါးခုစတင်တည်ထောင်

တရုတ်ပြည်မှာ ပုဂ္ဂလိကဘဏ် ငါးခု ကို စတင်တည်ထောင်လုပ်ကိုင် တော့ မှာဖြစ်တယ်လို့ မတ်လ ၁၁ ရက်နေ့ က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ Tencent နဲ့ Alibaba အင်တာ နက်ကုမ္ပဏီကြီးနှစ်ခုက ပထမဆုံး လျောက်လွှာတင်သွင်းတဲ့ကုမ္ပဏီတွေ ဖြစ်ကြတယ်လို့ နိုင်ငံစီးပွားရေးဘဏ် မူဝါဒချမှတ်သူတွေက ဆိုပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးကို ချုပ်ကိုင် ထားချင်တဲ့ ကွန်မြူနစ်အာဏာပိုင် တွေရဲ့ ထင်ရှားတဲ့ပြယုဂ်အဖြစ် တိုင်း ပြည်ရဲ့ဘဏ်လုပ်ငန်းအများစုဟာ နိုင်ငံပိုင်ဖြစ်နေပြီး ပုဂ္ဂလိကပိုင် အတော့်ကိုရှားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ တိုင်းပြည်ခေါင်းဆောင် တွေစုဝေးပြီး ပုဂ္ဂလိကပိုင်ကဏ္ဍမှာရှိတဲ့ ငွေကြေးတွေကို နိုင်ငံရဲ့စီးပွားရေး လုပ်ငန်းတွေမှာ အပြိုင်အဆိုင်တိုး တက်မှုရှိလာအောင် ဆောင်ရွက်တဲ့အနေနဲ့ လုပ်ငန်းငယ်လေးတွေကို  ငွေချေးပေးဖို့ စဉ်းစားရာကနေ အခုလို ပုဂ္ဂလိကဘဏ် ငါးခုပေါ်ထွက်လာ ခြင်းဖြစ်ပါတယ်လို့ China Banking Regulatory […]
Posted On April 28, 2014, By Editorial

တရုတ်က ၂၀၁၄ ခုနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၇ .၅ ရာခိုင်နှုန်းရှိဖို့ မျော်မှန်း

  တရုတ်နိုင်ငံဟာ မနှစ်ကအတိုင်းပဲ ၂၀၁၄ ခုနှစ်မှာ စီပွားရေးတိုးတက်မှုနှုန်း ၇.၅ ရာခိုင်နှုန်းရှိလာဖို့ မျော်မှန်း ထားပါတယ်။ ဒုတိယကမ္ဘာ့စီးပွား    ရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်ဟာ ၂၀၁၃ ခုနှစ်မှာ စီးပွားရေးတိုးတက်မှုနှုန်း ၇.၇ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၂ တုန်းကနဲ့ အတူတူပဲဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဝန်းကျင်တစ်ခုလုံး တည်ငြိမ်တဲ့အရှိန်အဟုန်နဲ့ ဆက်လက်သွားနိုင်ဖို့အတွက် ဒီနှစ်မှာ အဓိကဦးတည်ထား တဲ့မူဝါဒကတော့ ပြုပြင်ပြောင်းလဲမှုတွေ ကိုမြှင့်တင်ဖို့နဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ကြောင်း ဗြိတိန်ဘဏ် HSBC ရဲ့ ပေကျင်းအခြေစိုက်စီးပွားရေးပညာရှင် Ma Xiaoping က ဆိုပါတယ်။ ကုန်ထုတ်လုပ်မှုပိုင်းမှာ ကျဆင်းမှုတွေ ဖြစ်ပေါ်နေပေမယ့် ဒီနှစ်မှာတော့ စီးပွားရေး ၇.၅ ရာခိုင်နှုန်းတိုးတက် လာမယ်လို့ယုံကြည်ကြောင်း Bank of America  ရဲ့ စီးပွားရေးပညာရှင် […]
Posted On April 24, 2014, By Editorial