Heart, Smarts, Guts and Luck : What it Takes to Be an Entrepreneur and Build a Great Business

 

article portrait watermark final1

စာရေးသူ သုံးဦးစလုံးဟာ သူတို့ကိုယ်တိုင် စီးပွားရေးလုပ် ငန်းတွေမှာ ခေါင်းဆောင်ဦးရွက်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ လက်တွေ့စီးပွားရေးလောကထဲက ရာပေါင်း များစွာသော လုပ်ငန်းရှင်တွေကို မေးမြန်းသုတေသနပြု ကြည့်တဲ့အခါ အဲဒီလူတွေအားလုံးမှာ ဒီစာအုပ်ခေါင်းစဉ်ပါ အရည်အချင်းတွေ အနည်းနဲ့အများ ရောစပ်ပါဝင်နေတာကို တွေ့ခဲ့ကြရတယ်။ အဲဒီအရည်အချင်းတွေကတော့ မေတ္တာ စေတနာရှိခြင်း (ံHeart) ၊ ဉာဏ်ရှိခြင်း (ှSmarts) ၊ စွန့် စားလုပ်ကိုင်ရဲတဲ့သတ္တိရှိခြင်း (Guts) နဲ့ ကံကောင်းခြင်း ((Luck) တို့ဖြစ်တယ်။

အဲဒီအရည်အချင်းလေးခုထဲက တစ်ခုခုက ကျန် တာတွေထက် အားကောင်းပြီး လွှမ်းမိုးလွန်ကဲနေတတ် တယ်။ ဒါကြောင့် ဘယ်အရည်အချင်းကို ဦးစားပေးရမလဲ ဆိုတာ ဒီစာအုပ်က ကူညီပေးမှာဖြစ်တယ်။

စာဖတ်သူမှာ ဒီအရည်အချင်းတွေ ရှိမရှိဆိုတာ ကို စမ်းသပ်တဲ့စမ်းသပ်ချက်လည်း ပါရှိပါတယ်။

 

ရေးသူ            –         Anthony K Tjan , Richard JHarrington and Tsun-Yan Hsieh

ထုတ်ဝေသူ      –         Harvard Business Review Press (၇.၈.၂၀၁၂)

စာမျက်နှာ        –         ၂၅၆ မျက်နှာ

ISBN-10:1422161943

ISBN-13:978-1422161944