Harley-Davidson Mandalay Myanmar ရဲ့ Dealer Principal နဲ့ CEO ဖြစ်သူ ဦးလင်းကိုကိုတင့်နှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံက ဆိုင်ကယ်ချစ်သူတွေအတွက် ကမ္ဘာကျော်မော်တော်ဆိုင် ကယ်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Harley-Davidson ကို မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းမှာလည်းယုံကြည်စိတ်ချရသလို Harley-Davidson မော်တော်ဆိုင်ကယ် Owner တစ်ယောက်အနေနဲ့ နိုင်ငံတကာမှာရနိုင်တဲ့ ခံစားခွင့်တွေကိုပါပေးနေတဲ့ Harley-Davidson Mandalay အကြောင်းကို Dealer Principal နဲ့ CEO ဖြစ်သူ ဦးလင်းကိုကိုတင့်က ပြောပြပေးခဲ့ပါတယ်။

Harley-Davidson Mandalay Myanmar အကြောင်းနဲ့ဖွင့်ရတဲ့ရည်ရွယ်ချက်…

မော်တော်ဆိုင်ကယ်နဲ့ပတ်သက်ပြီးတော့ ၁၉၈၇ ခုနှစ် လောက်ကတည်းက စတင်ပြီးထိတွေ့ခွင့်ရခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်လောက်မှာ Harley-Davidson မော်တော်ဆိုင်ကယ်ကို စစီးဖြစ်ပါတယ်။ အဲဒီကနေပြီးတော့မှ ဆိုင်ကယ်တွေအကြောင်း စာအုပ်တွေဖတ်တယ်။ အဲဒီတုန်းက အင်တာနက်တွေက သိပ်မထွန်းကားသေးတော့ စာအုပ်တွေဖတ်ပြီးတော့ပဲလေ့လာရတယ်။ မိဘလက်ငုပ်လက်ရင်းလုပ်ငန်းက အိမ်ဆောက်ပစ္စည်း အရောင်းအဝယ်လုပ်ပါတယ်။ ကိုယ်တိုင်လည်း ကျောက်စရစ်လုပ်ငန်း လုပ်ပါတယ်။ ဒီလိုနဲ့အသက် ၃၅ နှစ်လောက်မှာတွေးမိတာက ကိုယ့်ဘဝလက်ကျန်အစိတ်အပိုင်းကို ဘယ်လိုအလုပ်နဲ့ဖြတ်သန်းမလဲဆိုတာ တွေးမိတယ်။ ငွေရှာတာတစ်ခုနဲ့ပဲ လုံလောက်ပြီလား၊ ဘဝဆိုတာ ဘာလဲတွေးရင်းနဲ့မှ ဒီ Harley-Davidson ကို စတင်လုပ်ဖြစ်ခဲ့ပါတယ်။ ကိုယ်လေ့လာထားတာရယ်၊ ဆိုင်ကယ်လုပ်ချင်တာရယ်ပေါင်းပြီး လုပ်ဖြစ်ခဲ့တယ်။ နောက်တစ်ချက်က Showroom ကို မဖွင့်ခင်တုန်းက ဆိုင်ကယ်တွေကို အမေရိကားကနေတဆင့် ပြန်ဝယ်ရတယ်။ ဂျပန်လေလံကနေတစ်ဆင့် ပြန်ဝယ်ရတယ်။ ဝယ်ရတာကိစ္စမရှိပေမယ့် အဲဒီအချိန် ၂၀၀၈ ခုနှစ်လောက်မှာ ကျွန်တော်သိသလေက်ပြောရရင် V Rod (2008) တစ်စီးလောက်ကို သိန်းလေးငါးရာလောက်ကျတယ်။ သိန်းငါးရာလောက်ကျတာက သိပ်ကိစ္စမရှိပေမယ့် ပြန်ပြီးတော့ပြင်မယ်ပြုမယ်ဆိုရင် တော်တော်အခက်အခဲရှိတယ်။ ဥပမာ- ဘတ်ထရီအိုးတစ်အိုး လိုတာကအစ ကျွန်တော်တို့မှာ အိမ်နီးချင်းနိုင်ငံတွေကိုသွားရတယ်။ အဲဒီကနေတစ်ဆင့် ဝယ်ရတယ်။ ကျွန်တော်တို့ ၂၀၁၄ ခုနှစ်လောက် ရောက်လာတဲ့အချိန်မှာ Harley 48 (2012 & 2013 Model) တွေကို ဈေးကသိန်းနှစ်ရာ့ခြောက်ဆယ်သုံးရာနီးနီးထိကို ဖြစ်ခဲ့တယ်။ ဒါတွေဖြစ်ရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ဆီမှာ တိုက်ရိုက်ကိုယ်စားလှယ် မရှိလို့ဖြစ်တယ်ဆိုတာကို သိလာရတဲ့အခါမှာ ဒီအလုပ်ကိုလုပ်ဖို့ ပိုပြီးဆုံးဖြတ်ချက်ခိုင်မာခဲ့တယ်။ မန္တလေးမှာဖွင့်ဖို့ ရွေးချယ်ဖြစ်တာက မန္တလေးမှာဆိုင်ကယ်ချစ်တဲ့သူတွေလည်းများတယ်။ ဆိုင်ကယ်လည်း လွတ်လွတ်လပ်လပ် စီးလို့ရတဲ့အတွက် မန္တလေးမှာ Showroom ကို စတင်ဖွင့်ဖြစ်ခဲ့ပါတယ်။

ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေသလဲ…

ကျွန်တော်တို့ ဆိုင်ကယ်တွေရဲ့ Factory Warranty က နှစ်နှစ်ဖြစ်ပါတယ်။ဝယ်ပြီး ၂၄ လအတွင်းမှာ ဘာပဲဖြစ်ဖြစ် Fully Service ရပါတယ်။ ဒါကကျွန်တော်တို့ Showroom တစ်ခုထဲမှဟုတ်ဘဲ International Warranty ဖြစ်ပါတယ်။ ဝယ်သူတွေက ဆိုင်ကယ်နဲ့ကုန်တွင်းဆက်စပ်တဲ့ အိန္ဒိယပဲဖြစ်ဖြစ်၊ ထိုင်းပဲဖြစ်ဖြစ်၊ တရုတ်ပြည်ပဲဖြစ်ဖြစ် မောင်းသွားမယ်ဆိုရင် Warranty နဲ့ ပတ်သက်ပြီးတော့ ဖြစ်တာမှန်သမျကို လိုအပ်တာရှိရင် အဲဒီနိုင်ငံမှာရှိတဲ့ Showroom တွေကလုပ်ပေးပါတယ်။ ဒါပေမယ့် ဝယ်ထားတဲ့ ဆိုင်ကယ်နဲ့ဝယ်ထားတဲ့လူတူဖို့တော့လိုပါတယ်။ ကျွန်တော်တို့ဆီမှာလည်းလုပ်လို့ရပါတယ်။ Harley-Davidson က Worldwide Service ဖြစ်ပါတယ်။ နောက်ပြီး Showroom ဖြစ်တဲ့အတွက်ကြောင့် တရားဝင် ရန်ကုန်ဆိပ်ကမ်းကနေ တင်သွင်းရပါတယ်။ တင်သွင်းပြီးလို့ ရန်ကုန်ရောက်တာနဲ့ ကျွန်တော်တို့အခွန်ဆောင်တယ်၊ Custom Duty ဆောင်ပြီးတာနဲ့ လိုင်စင်ပါပါပြီးသားဖြစ်ပါတယ်။ အခုရောင်းတဲ့ ဈေးတွေကလည်း လိုင်စင်ပါအပြီးဖြစ်ပါတယ်။

Harley-Davidson Mandalay အနေနဲ့ ဦးဆောင်ပြီးလုပ်နေတဲ့ Activities တွေအကြောင်း…

ဦးဆောင်လုပ်နေတဲ့ Activities တွေရယ်လို့ သီးသန့်မရှိပေမယ့် သူငယ်ချင်းတွေ စုပြီးတော့စီးကြတယ်။ နိုင်ငံတကာမှာပဲကြည့်ကြည့် Asia မှာပဲကြည့်ကြည့် အသက်သုံးဆယ်နောက်ပိုင်း Harley Biker တွေ များလာပါတယ်။ ငယ်တုန်းရွယ်တုန်းမှာတော့ Sport Bike တွေ၊ Racing တွေ စီးကြပါတယ်။ ကိုယ်နှစ်သက်တာကို စီးနင်းနေကြပေမယ့် အားလုံးရဲ့တူညီတဲ့အချက်က Harley ကို အနည်းဆုံးတစ်စီးလောက်တော့ စီးဖြစ်ကြပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း တခြားဆိုင်ကယ် Brand တွေ နှစ်သက်တာရှိပါတယ်။ ဒါပေမယ့် Biker တော်တော်များများက Harley ကို ချစ်ကြပါတယ်။ Activities တွေအနေနဲ့ ပြောရမယ်ဆိုရင်တော့ Ride Week ပွဲတွေရှိတယ်၊ Ride Week ပွဲတွေဆိုရင် ကျွန်တော်တို့တတ်နိုင်သလောက်ဝိုင်းဝန်းပူးပေါင်းကြတယ်။ ဟိုတလောကဆိုရင် TGR သုံးနှစ်မြောက်ပွဲမှာ ကျွန်တော်တို့အနေနဲ့သွားစီးဖြစ်ပါတယ်။ Harley အနေနဲ့ အဓိကလုပ်တဲ့ Activity ဆိုရင်တော့ Harley Owners Group (HOG) ဆိုတာရှိပါတယ်။ HOG ဟာဆိုရင် Worldwide မှာ လူဦးရေ ၂ သန်းကျော်၊ ၃ သန်း လောက်ရှိပါတယ်။ သူ့ Chapter အလိုက်ရှိပါတယ်။ အမေရိကားမှာလည်း State အလိုက်သူ့ Chapter အလိုက်ရှိသလို ထိုင်းမှာဆိုရင်လည်း Bangkok Chapter ၊ Pattaya Chapter ၊ ချင်းမိုင် Chapter ဆိုပြီး ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း Mandalay Chapter Myanmar (MCM) ဆို ပြီးရှိပါတယ်။ သုံးလတစ်ခါ HOG Member တွေစုပြီးတော့ Trip ထွက်ဖြစ်ပါတယ်။ ဒီဇင်ဘာလတွင်းမှာ ချင်းမိုင်ကိုသွားခဲ့ပါတယ်။ အဲဒီလိုသွားတဲ့အခါမှာဆိုရင် ကြိုတင်ပြင်ဆင်ထားတာမရှိဘဲနဲ့ ရောက်တဲ့နေရာမှာ HOG Member တွေတတ်နိုင်သလောက်စုပြီးတော့ လိုအပ်တဲ့ နေရာတွေမှာ လှူတယ်။ ကျွန်တော်တို့က လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် ထွေထွေထူးလုပ်တာမျိုးတော့မရှိပါဘူး။

Harley-Davidson စီးနင်းသူတွေအနေနဲ့ ဆောင်ရန် ရှောင်ရန်တွေ…

ဆောင်ရန်ရှောင်ရန်တွေအနေနဲ့ကတော့ မောင်းနှင်ပြင်ဆင်ထိန်းသိမ်းတဲ့အပိုင်းဆိုပြီး သုံးပိုင်းရှိပါတယ်။ Harley စီးတဲ့သူ ၉၀ ရာခိုင်နှုန်းလောက်က ဆိုင်ကယ်စီးတတ်ပြီးသာ၊ လမ်းကြောင်းသိပြီးသား၊ လမ်းအယူအဆနားလည် ပြီးသားတွေဖြစ်ကြတဲ့အတွက် ထွေထွေထူးထူးပြောစရာသိပ်မရှိပါဘူး။ တစ်ခုရှိတာက နယ်ဘက်တွေမှာထွေလာဂျီတွေနဲ့ ထွက်လာတာတို့၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိုမသိဘဲ ကလေးသူငယ်တွေထွက်လာတာမျိုး၊ ကြံ့ခိုင်ရေးသေချာမလုပ်ထားတဲ့ ဆိုင်ကယ်တွေနဲ့ ထွက်လာတာမျိုးတွေက သူတို့အတွက်လည်း အန္တရာယ်ရှိသလို ကျွန်တော်တို့လို လမ်းအသုံးပြုသူတွေအတွက်လည်း အန္တရာယ်ရှိပါတယ်။ ဒါတွေကတော့ ကျွန်တော်တို့ အတွေ့အကြုံနဲ့ Experience ပေါ်မူတည်ပြီး ဖြတ်သန်းရပါ တယ်။ ထိန်းသိမ်းခြင်းနဲ့ပတ်သက်ပြီးတော့ အဓိကပြောချင်တာကတော့ အင်ဂျင်ဝိုင်တို့၊ ဘတ်ထရီတို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ Showroom က ရောင်းလိုက်တဲ့ ဆိုင်ကယ်တွေထဲမှာတော့ ကြီးကြီးမားမား ပြသာနာဘာ မှမရှိပါဘူး။ တစ်ခုရှိတာကတော့ Harley ဆိုင်ကယ်တွေက အင်ဂျင်ပါဝါထောင်ရှစ်ရာဝန်းကျင်ကို ဘတ်ထရီ သေးသေးလေးနဲ့ နှိုးရတဲ့အတွက် သူ့ရဲ့အားနည်းချက်ကတော့ ဘတ်ထရီပဲဖြစ်ပါတယ်။ ဘတ်ထရီအမြဲတမ်းအား ပြည့်နေဖို့လိုပါတယ်။ ဘတ်ထရီက ၇၅ ရာခိုင်နှုန်းလောက်ဖြစ်သွားပြီဆိုတာနဲ့ ဆိုင်ကယ်ကတော်တော်နဲ့ မနိုးချင်တော့ပါဘူး ဒါကြောင့် ဘတ်ထရီကို ဂရုစိုက်ဖို့လိုပါတယ်။ ဖြစ်နိုင်ရင် အပြင်ကဘတ်ထရီတွေကို မထည့်စေချင်ပါဘူး။ ဒါက ကျွန်တော်တို့ရောင်းချင်လို့ ပြောနေတာမဟုတ်ပါဘူး။ Harley ရဲ့ Original Recom-mended က 12.8 V ပဲ ထွက်ပါတယ်။

တချို့စက်ပစ္စည်းတွေက တယ်လီဖုန်းလိုပဲ။ Gear Censor လေးတွေဟာဆိုရင် 3.5V ၊ 4V ၊ 5 V လောက်နဲ့အလုပ်လုပ်တဲ့ အစိတ်အပိုင်းလေးတွေဟာဆိုရင် Harley ဘတ်ထရီနဲ့ဆို အဲဒီ ပြဿနာမတတ်ပါဘူး။ အရင်တုန်းက Showroom မရှိတဲ့အခါကျတော့ ကျွန်တော်တို့အဆင်ပြေရာဘတ်ထရီကို ဝယ်တတ်ရပါတယ်။ အချက်ပြမီးတို့ ၊ ဂီယာ Free မီးတို့လို တော်တော်များများက အဲဒီဘတ်ထရီကြောင့် ဖြစ်တာပါ။ ဆိုင်ကယ်မှာကြုံတွေ့နေရတဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက်က အဲဒီဘတ်ထရီတွေကြောင့် ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ Harley ဘတ်ထရီကိုပဲ Recommend ပေးချင်ပါတယ်။ အင်ဂျင်ဝိုင်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် Showroom မှာပဲလဲစေချင်ပါတယ်။ ဒါက ကုမ္ပဏီရဲ့မူဝါဒဖြစ်ပါတယ်။ တချို့ နယ်ကလူတွေ အခက်အခဲရှိတဲ့လူတွေဆိုရင်လည်း မဖြစ်မနေဆိုရင် အင်ဂျင်ဝိုင်ကို ရောင်းပေးလိုက်ပါတယ်။

ဆိုင်ကယ်ပို့ရတာခက်တဲ့နေရာတွေလို ဥပမာ- ရှမ်းပြည်လို နေရာမျိုး၊ ရခိုင်ပြည်နယ်လိုနေရာမျိုးတွေဆို ကျွန်တော်တို့ အင်ဂျင်ဝိုင်ကို ပို့ပေးလိုက်ပါတယ်။ ဒီလိုအင်ဂျင်ဝိုင်တွေကို ဈေးကွက်ထဲမှာ ပေါပေါသီသီရောင်းခြင်းအားဖြင့် ကျွန်တော်စိုးရိမ်တာက ဒီအင်ဂျင်ဝိုင်ဘူးခွံတွေကို မသမာသောနည်းနဲ့ ရောင်းချမှာဆိုးတဲ့အတွက် ကျွန်တော့်အနေနဲ့ အင်ဂျင်ဝိုင်ကို ထိန်းပြီးရောင်းရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဆီက အင်ဂျင်ဝိုင်ကို ပမာဏအများကြီးဝယ်ပြီး တစ်ဆင့်ဖြန့်ဖြူးမယ်ဆိုတာမျိုး ဖြစ်နိုင်ရင်မလုပ်စေချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအင်ဂျင်ဝိုင် တစ်ဘူးလောက်ရဲ့အမြတ်က ဘယ်လောက်မှ မဟုတ်ပေမယ့် တကယ့်တကယ်သုံးတဲ့သူက အတုနဲ့တွေ့တဲအခါကျရင် ဒီဆိုင်ကယ်တွေက အများကြီးနစ်နာပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်ချမ်းသာချင်ရင် ဒီအလုပ်ကိုမလုပ်ပါဘူး။ ဝါသနာပါလွန်းလို့ ကျွန်တော့်လိုမျိုးအခက်အခဲတွေနဲ့ကြုံရမယ့် ညီအစ်ကိုတွေကိုပြေလည်အောင် အတတ်နိုင်ဆုံး လက်လှမ်းမှီသလောက် ကြိုးစားလုပ်ပေးရခြင်းဖြစ်ပါတယ်။ ပြင်ဆင်ခြင်းအပိုင်းကတော့ ထွေထွေထူးထူး ပြောစရာမလိုပါဘူး။ Harley စီးတဲ့သူတော်တော်များများက Stan-dard Bike ကို ကြိုက်တဲ့သူတွေကလည်း Standard Bike ကိုစီးသလိုတချို့ Modified ကြိုက်တဲ့သူကလည်း ကိုယ့်စိတ်ကူးနဲ့ကိုယ်လုပ်ကြတာဖြစ်တဲ့အတွက် ပြင်ဆင်ခြင်းကတော့ သိပ်ပြီးပြောစရာမရှိပါဘူး။

Safety ပိုင်းနဲ့ပတ်သက်ပြီးတော့ ဘယ်လိုအကြံပေးချင်သလဲ…
Safety နဲ့ပတ်သက်ပြီးတော့ ဆိုင်ကယ်မောင်းတဲ့သူတွေက လမ်းအသုံးပြုမှုဆိုင်ရာကို အခြေခံအထိုက်အလျောက်တော့ ရှိပြီးသားတွေပါပဲ။ အဓိကကတော့ မောင်းလျင်မမူးနဲ့၊ မူးလျက်မမောင်းနဲ့ပေါ့။ ဆိုင်ကယ်ကို တစ်သက်လုံးအသက်ကြီးသွားတဲ့ထိ စီးသွားချင်တယ်ဆိုရင်တော့ သောက်ထားရင် မမောင်းတာကောင်းပါတယ်။ သောက်မယ်ဆိုရင်လည်း ဆိုင်ကယ်ရပ်ပြီးမှ သောက်တာကောင်းပါတယ်။

လက်ရှိအချိန်မှာအရေအတွက် ဘယ်လောက်ရောင်းချခဲ့ပြီးပြီလဲ…

Showroom ကို ၂၀၁၈ ခုနှစ် မတ်လ ၃ ရက်နေ့မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုရင် တစ်နှစ်ခွဲလောက်ဖြစ်လာပါပြီ။ လောလောဆယ် အစီးခြောက်ဆယ်ကျော်၊ ခုနစ်ဆယ်လောက်ရောင်းပြီးပါပြီ။

ဈေးနှုန်းပိုင်းနဲ့ မြန်မာနိုင်ငံမှာလူကြိုက်များတဲ့ အမျိုးအစား…

ဈေးနှုန်းကတော့ ကျွန်တော်တို့ Harley မှာ ၁၆၅ သိန်းကနေ သိန်းခုနစ်ရာကျော်ထိရှိပါတယ်။ လူအစီးအများဆုံး Model ဆိုရင်တော့ Worldwide မှာရော၊ Asia မှာရော ကျွန်တော်တို့နိုင်ငံမှာရော လူအကြိုက်အများဆုံးက Fat Boy Model ဖြစ်ပါတယ်။ ဈေးအကြီးဆုံးကတော့ Custom Vehicle Operations (CVO) ဖြစ်ပါတယ်။ CVO မှာပဲ အရောင်တွေ၊ အင်ဂျင် Performance တွေ၊ အင်ဂျင်ပါဝါတွေကွဲသွားတယ်။ Accecories တွေကအစ တောက်ပအောင် ပြောင်းထားတာရှိတယ်၊ တချို့ Model တွေမှာဆိုရင် ထိုင်ခုံတွေမှာ မိချောင်းသားရေတပ်ဆင်ထားတာမျိုးတွေလည်းရှိတယ်။ ကျွန်တော်တို့ CVO ဆိုင်ကယ်တစ်စီးကို အခြေခံဈေးအမေရိကန်ဒေါ်လာသုံးသောင်းကစရှိပါတယ်။ ဒါတွေက Duty Fees တွေမပါဘဲ စက်ရုံကထွက်တဲ့ ဈေးဖြစ်ပါတယ်။ ဒီနှစ်ထဲမှာဆို CVO သုံးစီးရှိပါတယ်။ ဒီသုံးစီးကတော့ ဈေးနှုန်းအတိအကျတော့ မသိသေးပေမယ့် ကျွန်တော့်အထင်တော့ သိန်းခုနစ်ရာကျော်ပါလိမ့်မယ်။ ကျွန်တော်တို့မနှစ်ကတာချီလိတ်က မိတ်ဆွေတစ်ယောက်ကိုရောင်းခဲ့တဲ့ Road Glide 2019 ကို ၆၈၅ သိန်း ဖြစ်ပါတယ်။ ရောင်းလိုက်တဲ့ဈေးက ကျွန်တော်တို့ယူထားတဲ့ဈေးရယ်၊ Duty ရယ်နဲ့တွက်လိုက်ရင် သိန်းသုံးဆယ်တောင်မမြတ်ပါဘူး။ ဒီလိုဆိုင်ကယ်မျိုးက ယိုးဒယားမှာဆိုရင် မြန်မာငွေနဲ့တွက်ရင် သိန်းထောင့်လေးရာလောက်ရှိပါတယ်။ အဲ့ဒီကာလအချိန်မှာ ကျွန်တော်တို့ ရောင်းတဲ့ဈေးနဲ့ထက်ဝက်လောက်ကွာပါတယ်။

ဘယ်နေရာတွေကို ရောင်းချခဲ့ပြီးပြီလဲ…

ကျွန်တော်တို့ Showroom အနေနဲ့တော့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြိတ်၊ကချင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မူဆယ်တော်တော်များများဝယ်ကြပါတယ်။ ကျွန်တော်တို့မရောင်းရသေးတာဆိုရင် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့လောက်ပဲကျန်ပါတော့တယ်။ ၂၀၁၉ ခုနှစ်ထဲမှာ ဝန်ဆောင်မှုအနေနဲ့ ကျွန်တော်တို့ဆီမှာဝယ်ရင် ဘယ်နေရာမဆို အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးပါတယ်။ အခုမှ စတင်စပြီးနင်းမယ့် Biker တွေအတွက်လည်း ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံးလွယ်ကူအောင်ရှင်းလင်းပြပေးပါတယ်။

ဝန်ဆောင်မှုအပိုင်းနဲ့ အာမခံအစီအစဉ်တွေ ပေးနေပါသလား…

ကျွန်တော်တို့ဆီမှာ လက်ငင်းရောင်းချတာနဲ့ အရစ်ကျရောင်းချတာရှိပါတယ်။ အရစ်ကျရောင်းချတဲ့ ဆိုင်ကယ်တိုင်းမှာအာမခံပါပါတယ်။ လက်ငင်းရောင်းချတဲ့ ဆိုင်ကယ်တွေက Customer ရဲ့ ဆန္ဒပေါ်မူတည်ပြီးတော့ လုပ်ချင်လည်း လုပ်လို့ရသလို၊ တချို့ကျတော့ မလုပ်ဖြစ်တဲ့ အခါလည်းရှိပါတယ်။ အရစ်ကျရောင်းချတာမှာကတော့ FMI Insurance နဲ့ ချိတ်ဆက်ပြီးတော့ မထိခိုက်မှုအာမခံပါပါတယ်။

ဖြည့်စွက်ပြောကြားချက်…

ကျွန်တော်တို့ Showroom ဖွင့်ပြီး နှစ်နှစ်တာလောက်ကာလအတွင်းမှာ တချို့ User တွေက အသိအမြင်တွေပြောင်းလဲလာသလို၊ စီးနင်းကြတဲ့ ညီအစ်ကိုတွေကလည်း အသစ်စီးရဲ့စိတ်ချမ်းသာမှု၊ စီးရတဲ့အရသာတွေကို တဖြည်းဖြည်းတော့ စသိလာကြပါပြီ။ တချို့ကလည်း တတ်နိုင်သလောက်ဝယ်တယ်၊ တတ်နိုင်တဲ့သူတွေကလည်း အသစ်ကိုအရစ်ကျနဲ့ဝယ်မယ်၊ ဘယ်လိုပုံနဲ့ ဝယ်မယ်ဆိုတာကို ရင်းနှီးကျွမ်းဝင်လာကြပါပြီ။ Harley-Davidson Mandalay အနေနဲ့ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အခွန်နဲ့ကျွန်တော်ယူထားတဲ့အမြတ်က ပါးပါးလေးပဲယူထားတာဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေနဲ့ Asia မှာ ကျွန်တော့်ဆိုင်ကယ်ဈေးက အသက်သာဆုံးလို့ ရဲရဲကြီးအာမခံရဲပါတယ်။ အမျိုးအစားတူ၊ ထုတ်တဲ့ ခုနှစ်ခြင်းတူရင်တောင် ကျွန်တော်တို့ဈေးက သက်သာပါတယ်။ ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ထက် ကျွန်တော်တို့ဆီက ဈေးကြီးနေမယ်ဆို အဲဒီဆိုင်ကယ်ကို ကျွန်တော်အလကားပေးလိုက်နိုင်တဲ့ထိ ရဲရဲကြီးအာမခံပါတယ်။

Harley-Davidson Mandalay Myanmar အကြောင်းအသေးစိတ်သိရှိလိုပါက Harley-Davidson Mandalay, Myanmar Facebook Page (https://www.facebook.com/HarleyDavidsonOfMandalay/) မှာ သွားရောက်ကြည့်ရှု့နိုင်ပါသည်။

လိပ်စာအပြည့်အစုံ
Harley-Davidson Mandalay Myanmar Showroom
အမှတ် (၂၇) ၊ ရှားတောလေးရပ်ကွက်၊ နတ်ရေကန်အုပ်စု၊ ထုံးဘိုလမ်းခွဲအနီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်း ပေါ်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

Yangon Service Center
အမှတ် ၁၀၆၊ ဗားကရာကမ်းနားလမ်း (ဗားကရာမီးပွိုင့် အနီး)၊ ဈေးကလေးရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့။