မြန်မာနိုင်ငံအတွက် ပထမဆုံးLenovo Exclusive Mobile Store ကို KMD မှ Myanmar Plaza တွင် ဖွင့်လှစ်

မတ်လ ၇၊ ၂၀၁၆ – Lenovo နှင့် ၈ နှစ်ကျော်ကြာ လက်တွဲအလုပ်လုပ်လာခဲ့တဲ့ KMD Computer Group တို့ ပူးပေါင်းကာ Lenovo Mobile Product များနှင့် Motorola  Mobile Product များကို ပြသရောင်းချသွားမယ့် Showroom ကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ Myanmar Plaza ဒုတိယထပ်တွင် စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲမှာ Motorola Mobility ရဲ့ Chairman နဲ့ Lenovo Mobile Business Group ရဲ့ President ဖြစ်သူ Mr Chen Xudong မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး KMD Computer Group ရဲ့ President ဒေါ်တင်တင်အေးမှ ဆိုင်ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဖွင့်ပွဲနေ့အထူးအစီအစဉ်အဖြစ် Lenovo Smartphone ၊ Motorola Smartphone/Smartwatch ဘယ်အမျိုးအစားကိုမဆို ပထမဆုံးလာရောက်ဝယ်ယူသူ အယောက် ၃၀ ကို ၅၀ ရာခိုင်နှုန်း လျှော့ဈေး၊ ဒုတိယလာရောက်ဝယ်ယူသူ အယောက် ၂၀ ကို ၃၀ ရာခိုင်နှုန်း လျှော့ဈေးတို့ဖြင့် ရောင်းချပေးခဲ့ပြီး ပုံမှန်လာရောက် ၀ယ်ယသူများကိုလည်း လက်ဆောင် ၈ မျိုးပေးခြင်းတွေနဲ့ ရောင်းချပေးခဲ့တယ်လို့သိရပါတယ်။ 

Lenovo Mobile Exclusive Store တွေကို ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့တွေမှာ ထပ်မံဖွင့်လှစ်သွားဖို့ရှိကြောင်းသိရပြီး လက်ရှိမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ တခြားနယ်မြို့တွေမှာ  Lenovo Authorized Service Center တွေ ဖွင့်လှစ်ထားပြီဖြစ်ကြောင်းလည်းသိရပါတယ်။ အသေးစိတ်အချက်အလက်သိချင်ရင်တော့ ၀၁ ၃၈၅၀၇၇ နဲ့ ၃၈၁၁၂၉ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ 

IMG_20160307_103957