Consistency တစ်သမတ်တည်းဖြစ်ခြင်း၊ ရှေ့နောက်ညီခြင်း

အလေ့အကျင့်တစ်ခုကို စတင်ပျိုးထောင်သည်ဖြစ်စေ၊ အတတ်ပညာတစ်ခုကိုစတင် လေ့လာသည်ဖြစ်စေ၊ လုပ်ငန်းတစ်ခုကို စတင်တည်ထောင်သည်ဖြစ်စေအမြဲတစေ တစ်သမတ်တည်းဖြစ်နေရမည့် အချက်များကို မဖောက်မဖျက်ပုံမှန် လုပ်နေရန်လိုသည်။ ဥပမာ-ဆိုင်ကယ်စီးသင်သည့်လူတစ်ယောက်အနေဖြင့် စသင်သည့်အချိန်ကစလို့ နောင်တစ်သက်လုံးအခေါက်တိုင်းတွင် ဆိုင်ကယ်ပေါ်တက်သည်နှင့် ခြေနှစ်ဖက်၊ လက်နှစ်ဖက်က မည်သည့်နေရာတွင် အတိအကျနေရာယူ၊ မည်သည့်အရာကို စတင်ကိုင်တွယ်ရမည်ဆိုသည့်ကိစ္စမှာ ပုံသေဖြစ်သည်။ ပြောင်းလဲ၍မရ။ ထိုမှသာအလုပ်ဖြစ်သည်။

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်ပင်ဖြစ်စေ စားကောင်းနေကျ အရသာပြောင်းသွားလျင် တစ်ခုခုတော့လုပ်နေကျမဟုတ်ဘဲ ဖောက်ဖျက်ပြီဆိုသည်ကို စားသုံးသူ ဖောက်သည်တိုင်းကသိသည်။ လူနေမှုဘဝတွင်လည်း ထိုနည်းလည်းကောင်းပင်။ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ အားကစား စသဖြင့် နယ်ပယ်အသီးသီးမှ အောင်မြင်ထင်ရှားသူအားလုံးကိုကြည့်လျင် တစ်နည်းမဟုတ်တစ်နည်းဖြင့် မိမိကိုယ်ပိုင်စည်းကမ်းချမှတ်ကာ ထိုစည်းကမ်းကို တစ်သမတ်တည်း ရှေ့နောက်ညီညီ ထိန်းသိမ်းလိုက်နာကျင့်သုံးကာ နေထိုင်သွားကြသူများဖြစ်သည်ကိုတွေ့ရမည်။

ဥပမာ-ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာဘီလ်ဂိတ်စ်၏အောင်မြင်မှုသည် သူ့ဘဝတစ်လျောက်လုံး အချက်ရှစ်ချက်နှင့်ပတ်သက်လျင် အမြဲတမ်းလိုက်နာသောကြောင့်ဖြစ်သည်။

၁။ အမြဲလေ့လာသင်ယူနေသည်။

၂။ စာဖတ်ရခြင်းကိုကြိုက်ပြီး ဘယ်လိုစာမဆိုဖတ်သည်။

၃။ လုပ်ဖော်ကိုင်ဖက်နှင့် မိတ်ဆွေများကို ကြုံရင်ကြုံသလို အမြဲချီးမွမ်းဥပကာရပြုသည်။

၄။ မိမိအတွင်းစိတ်ကို မိမိယုံကြည်သည်။

၅။ ငွေကြေးနှင့်ပတ်သက်လျင် ရှေးရိုးဆန်သည်။ (သူသည် ကုမ္ပဏီငွေစာရင်းထဲမှာ နောက်တစ်နှစ်လုံးစာအတွက် ဝန်ထမ်းလစာပေးနိုင်သည့်ပမာဏကို ရန်ထားလေ့ရှိသည်။ သို့မှသာ ဝင်ငွေမရှိလည်း တစ်နှစ်လုံးဝန်ထမ်းလစာ ပေးနေနိုင်မည်ဖြစ်သည်။)

၆။ အမှားထဲက အမြဲတမ်းသင်ယူနေသည်။

၇။ ပုံမှန်အိပ်ချိန်ထားသည်။

၈။ လက်ရှိလုပ်နေတဲ့အရာအပေါ်အမြဲအာရုံစိုက်သည်။

ဘီလ်ဂိတ်စ်အနေနဲ့ သူ့သတ်မှတ်ချက်နဲ့ ကိုယ်ပိုင်စည်းကမ်းတွေကို မည်သည့်အခါတွင်မျမဖောက်မဖျက် တစ်သမတ်တည်းလိုက်နာသည့်အတွက် လက်ရှိအချိန်အထိအောင်မြင်မှုနဲ့ ချမ်းသာမှုစံနှုန်းကို ထိန်းထားနိုင်ဆဲဖြစ်သည်။ ထို့ကြောင့် Consistency သည် နေရာဒေသ၊ အခြေအနေမရွေး အောင်မြင်မှုအတွက် အဓိက သော့ချက်တစ်ခုဖြစ်ပါကြောင်း … ။