ကမ္ဘာ့အချမ်းသာဆုံးဘီလျံနာတွေထဲ တစ်ဦးအဖြစ်ပါဝင်လာတဲ့ Binance crypto exchange CEO : Changpeng Zhao

Bloomberg Billionaire Index အရ Crypto exchange ဝန်ဆောင်မှုလုပ်ငန်း Binance ရဲ့ CEO ဖြစ်သူ Changpeng Zhao (CZ) ဟာ ကမ္ဘာ့ထိပ်တန်း ဘီလျံနာတွေရဲ့စာရင်းထဲကို ပျမ်းမျှပိုင်ဆိုင်မှုပမာဏ ၉၆ ဘီလီယံဒေါ်လာနဲ့ ဝင်လာပြီဖြစ်ပါတယ်။
အခုဆိုရင် Zhao ရဲ့ အခုပိုင်ဆိုင်မှုပမာဏက Oracle တည်ထောင်သူ Larry Ellison နဲ့ ပခုံးချင်းယှဉ်နိုင်နေပြီဖြစ်ကာ အိန္ဒိယသူကြွယ်ကြီး Mukesh Ambani ရဲ့ ပိုင်ဆိုင်မှုပမာဏထက်လည်း ကျော်သွားပြီဖြစ်ပါတယ်။


တရုတ်-ကနေဒါကပြား စွန့်ဦးတီထွင်လုပ်ငန်းရှင်ဖြစ်သူ Zhao ရဲ့ တဟုန်ထိုးချမ်းသာလာမှုဟာ အလျှင်အမြန်တိုးတက်နေတဲ့ ဒီဂျစ်တယ်ငွေကြေးလောကရဲ့ ကျေးဇူးကြောင့်ပါ။
ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ဒီဂျယ်တယ်ငွေကြေးတွေရဲ့ တန်ဖိုးမြင့်တက်မှုနဲ့ Demand များလာတွေကြောင့် တခြားသော crypto founder တွေရဲ့ကြွယ်ဝချမ်းသာမှုကလည်း မြင့်တက်လာပါတယ်။ ဒါက Ethereum တီထွင်သူ Vitalik Buterin နဲ့ Coinbase ရဲ့ founder Brian Armstrong တို့နှစ်ယောက်လုံးကလည်း ဘီလျံနာတွေဖြစ်လာကြပါတယ်။

Binance နောက်ခံလုပ်ပေးထားတဲ့လုပ်ငန်းဖြစ်တဲ့ FTX Cryptocurrency exchange ရဲ့ CEO Sam Bankman-Fried က ပြီးခဲ့တဲ့နှစ်အတွင်းမှာတင် ဒီဂျစ်တယ်ငွေကြေးလောကထဲ မထင်မှတ်လောက်စရာ ငွေကြေးတိုးတက်ကြွယ်ဝမှုတွေဖြစ်လာခဲ့ပါတယ်။ ကိုယ်တိုင်လည်း ဘီလျံနာပေါက်စဖြစ်သူ Sam Bankman-Fried က ဒီလိုရုတ်တရက်ကြွယ်ဝချမ်းသာမှုတိုးတက်တွေကို လူတွေအနေနဲ့ ဘယ်လိုစီမံနေကြသလဲဆိုတာကိုမသိဘူးဖြစ်နေကြပါတယ်လို့ ဟောင်ကောင်မှာလုပ်တဲ့ Asian Financial Forum virtual discussion မှာပြောပါတယ်။

CNN Business ကို Binance ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CZ အနေနဲ့က သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲက ပမာဏတော်တော်များများကို တခြားစွန့်ဦးတီထွင်သူတွေ၊ တည်ထောင်သူတွေလိုပဲ အများပြည်သူတွေကို ပြန်လည်လှူဒါန်းမှုတွေလုပ်တဲ့နေရာမှာ၊ ပြန်ပေးဆပ်တဲ့နေရာမှာ သုံးချင်တာဖြစ်တယ်လို့ ဆိုပါတယ်။

Zhao က Binance ကို ၂၀၁၇ ခုနှစ်မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ကမ္ဘာ့အကြီးဆုံး crypto exchange တွေထဲက တစ်ခုဖြစ်နေပါပြီ။ Zhao က ကနေဒါနိုင်ငံမှာနေတဲ့ တရုတ်ရွှေ့ပြောင်းမိသားစုထဲမှာကြီးပြင်းလာခဲ့သူဖြစ်ပြီး McDonal မှာလည်း အလုပ်လုပ်ခဲ့သူပါ။ Zhao က McGrill University မှာ Computer Science ကိုသင်ယူခဲ့ပြီး Tokyo Stock Exchange နဲ့ Bloomberg တို့အတွက် trading software ကိုရေးပေးခဲ့ပါတယ်။ Binance ရဲ့ထုတ်ပြန်ချက်တွေအရ Zhao ဟာ ၂၀၁၃ ခုနှစ်မှာမှ ပိုကာဂိမ်းပွဲတစ်ခုမှာ bitcoin အကြောင်းကို လေ့လာခဲ့ဖူးတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီလောကထဲ ခြေစုံပစ်ဝင်ခဲ့တာပါ။ ပြောရရင် သူ့တိုက်ခန်းတောင်ရောင်းပြီး Bitcoin ဝယ်ခဲ့သူဖြစ်ပါတယ်။

Binance ဟာလည်း တခြား crypto exchange တွေနည်းတူ စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်ချက်တွေကြောင့် လုပ်ငန်းလုပ်ရကြပ်နေခဲ့တာဖြစ်ပါတယ်။ UK မှာလည်း ban ခံရသလို ကနေဒါအပါအဝင် တခြားနိုင်ငံတွေမှာလည်း အကန့်အသတ်တွေနဲ့ လုပ်ကိုင်နေရတာဖြစ်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း Zhao က ရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေက စဉ်ဆက်မပြတ်တိုးတက်မှုအတွက် အခရာကျတယ်လို့တောင် ထုတ်ပြောခဲ့ဖူးပါသေးတယ်။ သူက စည်းမျဉ်းစည်းကမ်းတွေပိုများလာတယ်ဆိုတာက ဒီ crypto industry ဟာ ပိုပြီးရင့်သန်လာတယ်ဆိုတာပြတာပါပဲ။ ဘာကြောင့်ဆို ဒီလိုအခြေခံစည်းမျဉ်းစည်းကမ်းတွေရှိလေ ဒီcrypto လောကထဲ အကာအကွယ်ရှိရှိလုံခြုံစွာနဲ့ လူအများပိုမိုဝင်လာစေအတွက် လမ်းပွင့်စေပါတယ်လို့ ဆိုပါတယ်။

Ref : CNN, Internet