advertisement-image
Health

အလုပ်အင်မတန်များသူတွေအတွက် စားသောက်မှု မျှတစေဖို့

စိတ်ဖိစီးမှုလွန်ကဲပြီး အနားယူမှုပါ နည်းပါးနေမယ်ဆိုရင် ကျန်းကျန်းမာမာနေနိုင်ဖို့ကတော့ ရိုးရှင်းတဲ့နည်းလမ်းတွေပဲ အသုံးပြုမယ်ဆိုတာ တွေးထားသင့်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်းရဲ့ အဓိကသော့ချက်ကတော့ မျှမျှတတ၊ အမျိုးအစားစုံစုံလင်လင်နဲ့ အသင့်အတင့်လုံလောက်စွာ စားသောက်ဖို့ပဲ ဖြစ်ပါတယ်။ အကျဉ်းချုံးပြောရရင်တော့ ကယ်လိုရီ အများကြီးမရစေဘဲ၊ ဒါမှမဟုတ် အာဟာရတစ်မျိုးတည်း အများအပြားမပါစေဘဲ စုံလင်စွာ စားသောက်ရမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ခန္ဓာကိုယ်နဲ့စိတ်ကို ပုံမှန်အနားယူမှုမပေးနိုင်ဘဲ အင်မတန်ကိုအလုပ်များတဲ့အလုပ်မှာ စီမံခန့်ခွဲနေရတဲ့သူတစ်ယောက် ဆိုရင် အခုပြောမယ့်စားသောက်မှုပုံစံတွေကို လိုက်နာရုံမကဘဲ သင့်လိုလူမျိုးတွေကိုလည်း မျှဝေပေးပါ။ ၁ ကယ်လိုရီဘယ်လောက်လိုအပ်လဲ ကယ်လိုရီဘယ်လောက်လိုအပ်လဲဆိုတာ သိထားဖို့ လူတစ်ယောက်အတွက် အလွန်အရေးကြီးပါတယ်။ လိုအပ်မှုကတော့ တစ်ရက်ကိုပျမ်းမျှ ၁၈၀၀ ကယ်လိုရီပါ။ အဲဒီကယ်လိုရီပမာဏကို အခြေခံပြီး အလေးချိန်လျှော့တာ၊ တက်တာ စတဲ့ အလေးချိန် ထိန်းညှိတာတွေကို ပြုလုပ်ရမှာပါ။ ဘယ်အစား အသောက်က သင့်လိုအပ်မှုမှာ […]
Posted On May 22, 2014, By Editorial

ရုံးတွင်းအလုပ်သမားတွေ အတွက် အကြောလျော့နည်း၊ အကြောဆန့်နည်းများ

ရုံးတွင်းစားပွဲခုံနောက်မှာ နေ့တိုင်းအလုပ်လုပ်နေရသူတွေဟာ များသောအားဖြင့် ကိုယ်နေဟန်ထားမမှန်တာကြောင့် ခန္ဓာကိုယ်ကို ညောင်းညာပြီး လေးလံစေပါတယ်။ ထိုင်ခုံမှာ ပခုံးကို အားပြုပြီး မှီထိုင်တာဟာ ခေါင်းကိုက်တာ၊ ခါးနာတာ၊ ခါး၊ ဇက်ကြောနဲ့ ပခုံးတွေမှာ အကြောတင်းပြီး ညောင်းညာကိုက်တာတွေဖြစ်စေပါတယ်။ ဇက်၊ ပခုံး၊ ခါးနဲ့ ခါးအောက်ပိုင်းကြွက်သားတွေအတွက် အောက်မှာပြောပြမယ့် အကြောလျော့နည်းတွေကို အချိန်အနည်းငယ်ပေးပြီး ဆောင်ရွက်မယ်ဆိုရင် တစ်နေ့တာလုံး ညောင်းညာမှုနဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးစေပြီး ခန္ဓာကိုယ်ကို ပျော့ပျောင်းစေမှာ ဖြစ်ပါတယ်။   ၁ ရင်ဘတ်ပိုင်းအကြောလျော့နည်း အလုပ်လုပ်ချိန်အများစုမှာ အရှေ့ကိုငိုက်ထိုင်ပြီး လုပ်ဖြစ်တာကြောင့် ရင်ဘတ်ရှေ့ပိုင်း အကြောလျော့ခြင်းဟာ ခန္ဓာကိုယ်အတွက် အကောင်းဆုံးလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းကတော့ လေ့ကျင့်ခန်းသုံးသားရေကြိုးကို အသုံးပြုပြီး ရင်ဘတ်ကြွက်သားတွေ အကြောလျော့နည်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းသားရေကြိုးဟာ အားကစားပစ္စည်းဆိုင်တွေမှာ ရရှိနိုင်ပြီး အလုပ်စားပွဲက အံဆွဲထဲမှာ အလွယ်တကူ […]
Posted On May 15, 2014, By Editorial

မလှုပ်မရှား အထိုင်များတဲ့ အလုပ်လုပ်သူတွေအတွက် ကျန်းမာရေးနည်းလမ်းများ

အလုပ်ဟာ အရေးကြီးသလို ကျန်းမာရေးဟာလည်း အရေးကြီးပါတယ်။ တကယ်လို့ သင့်အလုပ်ဟာ တစ်နေ့တာလုံးရှိရှိသမျ အချိန်တွေကို အလုပ်စားပွဲမှာ ထိုင်ရင်းနဲ့ ကုန်ဆုံးသွားစေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ အလုပ်တအားရှုပ်ပြီး အချိန်တွေ ကျပ်နေပေမဲ့လည်း ကျန်းမာရေးနဲ့ ညီñွတ်စေမယ့် အလုပ်လုပ်ရင်း လုပ်နိုင်မယ့် ကျန်းမာရေးနည်းလမ်းကောင်းလေးတွေရှိပါတယ်။   ဓာတ်လှေကားကို စွန့်ဖယ်ပါ အလုပ်နဲ့အိမ်မှာ အချိန်တွေကျပ်ပြီး အလုပ်ရှုပ်နေတဲ့အတွက် တချို့သူတွေဟာ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်သလောက်လုပ်ဖို့ အချိန်မရှိတတ်ကြပါဘူး။ အဲဒီလိုဆိုရင် တစ်နေ့တာ လုပ်ငန်းတွေမှာ လှုပ်လှုပ်ရှားရှား တတ်နိုင်သလောက် နေတတ်ဖို့ လိုပါတယ်။ ရုံးခန်းဟာ အဆောက်အအုံရဲ့ ငါးလွှာနဲ့အောက်ဆိုရင် ဓာတ်လှေကားကို အပျင်းထူတဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ချန်ထားပြီး လှေကားကနေပဲ တက်သင့်ပါတယ်။ အောက်ထပ်က ပစ္စည်းတစ်ခုခု လိုချင်တဲ့ အခါဆိုလည်း အလုပ်သမားတွေကို မခိုင်းဘဲ ကိုယ်တိုင်သွားယူမယ်ဆိုရင် လှေကားကိုအလိုလိုတက်ဖြစ်သွားတာပေါ့။   […]
Posted On April 2, 2014, By Editorial

သင့်အလုပ်နေရာကို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ရလဒ်ကောင်းတွေရစေမယ့်နည်းလမ်း ၁၀ ချက်

သင်အလုပ်လုပ်တဲ့နေရာကို ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် ရိုးရှင်းပြီးအခြေခံကျတဲ့ နည်းလမ်းဆယ်ချက်ကို ပြောပြပါမယ်။ လမ်းလျှောက်အစည်းအဝေးလုပ်ခြင်း နေ့ခင်းနေ့လယ်မှာအစည်းအဝေးလုပ်ရတာလောက် ပျင်းရိစရာ ကောင်းတာမရှိပါဘူး။ ပျင်းစရာကောင်းပြီး အကျိုးမရှိတဲ့ အစည်းအဝေးတွေမှာ လက်ကိုင်ဖုန်းကိုပဲ ကလိပြီး အချိန်ကုန်နေမယ်ဆိုရင် တစ်ချိန်တည်းမှာ လမ်းလျောက်ပြီး စကားပြောရတာမျိုးတွေ မလုပ်ချင်ဘူးလား။ ဒီလိုဆို ရင် လေကောင်းလေသန့်လည်း ရ၊ နေရောင်နဲ့လည်း ထိတွေ့ရပြီး အဖွဲ့ထဲမှာ ပိုမိုသစ်လွင်တဲ့အတွေးအခေါ်တွေလည်း ရရှိစေမှာပါ။ ဒါပေမဲ့ သင်ဟာ အလုပ်ရှင်မဟုတ်ရင်တော့ တစ်ရုံးလုံးကို မထိုင်ဘဲ လမ်းလျောက်ပြီး အစည်းအဝေးလုပ်မယ်လို့ လိုက်ပြောနေရင် သဘာဝမကျပါဘူး။ ဒါကြောင့် သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ အစည်းအဝေးလုပ်မယ်ဆိုရင် အပြင်ထွက်လမ်းလျောက်ပြီး လုပ်ဖို့ အကြံပေးကြည့်ပါ။ အဆင်ပြေပါလိမ့်မယ်။ အလုပ်ရှင်တွေ ဂရုပြုရန် – ထိုင်ပြီးလုပ်တဲ့အစည်းအဝေးထက် လမ်းလျှောက်ပြီးလုပ်တဲ့အစည်းအဝေးတွေက ရလဒ်ကောင်းတွေ ပိုရစေပါတယ်။ လမ်းလျှောက်တာဟာ ဦးနှောက်ရဲ့ဆက်သွယ်မှုနဲ့စွမ်းဆောင်ရည်ကို […]
Posted On January 29, 2014, By Editorial

ဗီတာမင်အားဆေးတွေအပေါ် ရှုမြင်မှုအသစ်

သန်းပေါင်းများစွာသော လူတွေဟာ ကျန်းမာရေးကောင်းမွန်ဖို့နဲ့ အာဟာရဓာတ် ဖြည့်ဆည်းဖို့အတွက် ဗီတာမင်ဆေးလုံးတွေကို ဒေါ်လာဘီလီယံနဲ့ချီပြီး အကုန်အကျခံ သုံးစွဲကြပါတယ်။ ဒါပေမယ့် ထင်ရှားတဲ့ လတ်တလောလေ့လာမှု နှစ်ခုအရ အဲဒီလို အားဖြည့်ဆေးတွေ သောက်သုံးတာဟာ ဦးနှောက်ကောင်းစေတာ၊ နှလုံး ကျန်းမာရေး ထိန်းသိမ်းပေးတာစတဲ့ အာနိသင်တွေ မရှိဘူးလို့ ဆိုလိုက်ပါတယ်။   အမေရိကန်အစိုးရ အကြံပေးအဖွဲ့ဖြစ်တဲ့ အမေရိကန်ရောဂါကာကွယ်ရေးဝန်ဆောင်မှု အထူးလုပ်ငန်းအဖွဲ့က နိုဝင်ဘာလမှာ အစီရင်ခံစာ မူကြမ်းတင်သွင်းရာမှာ အများလက်ခံထားတဲ့ အားဆေးတွေနဲ့ အချို့သော အာဟာရဓာတ်တွေဟာ လုံလောက်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ ဆိုလိုက်ပါတယ်။ ဗီတာမင် အားဖြည့်ဆေးတွေနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့ ဆွေးနွေးအကြံပြုထားတာတွေကတော့ –   – အားဆေးတွေရဲ့ တန်ဆေး၊ လွန်ဘေး အန္တရာယ် ဗီတာမင်အားဆေး တစ်မျိုး (ဥပမာ ဗီတာမင် […]
Posted On December 19, 2013, By Editorial

အလုပ်တည်မြဲဖို့ အာမခံချက်မရှိခြင်းက နှလုံးရောဂါပြဿနာတွေ များလာစေနိုင်သလား

အလုပ်ထုတ်ခံရမှာ၊ အလုပ်ထွက်ရမှာတွေအပေါ် စိုးရိမ်ပူပန်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုတွေ ရှိတယ်ဆိုတာ အတိအကျဆိုရင်တော့ နှလုံးရောဂါ အပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာ လေ့လာချက်အသစ်တွေအရ ပြောပြပါမယ်။   သိထားပြီးသားအချက်များ –         ငွေရေးကြေးရေး အကျပ်အတည်းတွေနဲ့ တစ်ကမ္ဘာလုံးမှာ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတာကြောင့် အလုပ်ရှင်တွေဟာ အလုပ်သမားခေါ်ယူရာမှာ ပြောင်း လွယ် ပြင်လွယ်တဲ့နည်းလမ်းတွေကို အသုံးပြုလာကြပါတယ်။ အလုပ်နေရာတွေမှာ ပြန်လည်ဖွဲ့စည်းမှုတွေရှိနေလို့ ၀န်ထမ်းတွေဟာ အလုပ်လက်မဲ့ဖြစ်သွားမှာကို စိုးရိမ် ပူပန်မှုတွေ မြင့်မားလာစေပါတယ်။ –         စိတ်ဖိစီးမှုတွေဟာ နှလုံးအလုပ်လုပ်ရာမှာ သက်ရောက်မှုတွေ ရှိတယ်လို့ သိထားတာကြာပါပြီ။ ဆရာဝန်တွေကလည်း နှလုံးရောဂါပြဿနာရှိတဲ့လူနာအချို့မှာ တစ်ခါတလေ အလုပ်က ရရှိလာတဲ့ စိတ်ဖိစီးမှုတွေပါ ခံစားနေရတယ်ဆိုတာလည်း သိပြီးသားပါ။ ဒါပေမဲ့ အလုပ်အတွက် စိုးရိမ်ပူပန်မှုတွေဟာ နှလုံးရောဂါတွေ အပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိတယ်ဆိုတာ လေ့လာဖို့အတွက် […]
Posted On December 6, 2013, By Editorial

နှလုံးရောဂါနှင့် ရင်ဘတ်အောင့်ခြင်း

နှလုံးသွေးကြောရောဂါတွေထဲမှာ အတွေ့ရဆုံးရောဂါလက္ခဏာကတော့ Angina Pectons yg/ Angina  (အန်ဂျိုင်နာ) ရောဂါလို့လည်း ခေါ်ပါတယ်။ ရှင်းရှင်းပြောရရင်တော့ ”ရင်ဘတ်အောင့်ခြင်း” (နှလုံးအောင့်ခြင်း) ပါ။ Angina ဆိုတာ နှလုံးသွေးကြောရောဂါတွေကြောင့် ရင်ဘတ်ထဲမှာ မအီမသာ၊ လေး လံပြီး၊ တစ်ခုခုနဲ့ညှစ်ထားသလို၊ ဖိထားသလို၊ ပြည့်ပြည့်ကြီးဖြစ်နေတာ၊ မီးစနဲ့ထိုးလိုက်သလိုမျိုး နာကျင်တဲ့ ခံစားမှုမျိုးတွေပါ။ တစ်ခါတလေ အစာမကြေတာနဲ့ မှားနိုင်ပါသေးတယ်။           Angina ဟာ ရင်ဘတ်ထဲမှာပဲ အောင့်တတ်ပေမယ့် တစ်ခါတလေ ပခုံး၊ လက်မောင်း၊ လည်ပင်း၊ မေးရိုးနဲ့ ကျောကုန်းတွေမှာလည်း အောင့်တတ်ပါသေးတယ်။           ဒီလိုလက္ခဏာတွေခံစားနေရပြီဆိုရင် အမှုမဲ့ အမှတ်မဲ့ မနေပါနဲ့။ အရင်က နှလုံးရောဂါတစ်ခါမှမဖြစ်ဖူး ခဲ့ရင် ကုသမှုကို ချက်ချင်းခံယူရပါမယ်။ ရင်ဘတ်အောင့် ရောဂါ အရင်ကဖြစ်ဖူးရင်တော့ ဆရာဝန်တွေက […]
Posted On November 16, 2013, By Editorial

အကျိုးပြုကောင်းမွန်တဲ့ ကိုလက်စထရောမျိုးကို မြင့်တက်အောင် လုပ်ကြမယ်

၂၁ ရာစုခေတ်ကြီးမှာ ကျန်းမာရေးအတွက် ပြောကြတဲ့အခါ မှာ သိပ်သည်းဆများတဲ့ လိုင်ပိုပရိုတိန်း(High Density Lipoprotein- HDL)  လို့ ခေါ်တဲ့ အဆီဓာတ်ဟာ ရေပန်း စားလာပါတယ်။ သုတေသနတွေမှာ သွေးတွင်းအဆီ ဓာတ်တွေဟာ အာရုံစိုက်တာ ပိုခံလာရပါတယ်။ အဲဒီအဆီ ဓာတ်တွေကို အကျိုးပြုကိုလက်စထရောလို့ ခေါ်ပါတယ်။ လူတွေကို ကောင်းကျိုးပြုတဲ့ ကိုလက်စထရောဆို တာ စားနေကျအစားအစာတွေကရတဲ့ ကိုလက်စထရောတွေ ကိုပြောတာ မဟုတ်ပါဘူး။ သွေးထဲမှာ လည်ပတ်နေတဲ့ HDL ကိုလက်စထရောကိုပြောတာပါ။ ဆရာဝန်တွေစစ်ဆေး တဲ့ သွေးတွင်းအဆီဓာတ်စမ်းသပ်မှုတွေမှာပါတဲ့ အဆီဓာတ် တစ်မျိုးပါ။ HDL ကိုလက်စထရောဟာ သွေးထဲမှာ ပမာဏ များများရှိနေမယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနှုန်းကို လျော့ကျစေပါတယ်။ National Cholesterol Education Program (NCEP)  မှ ကျွမ်းကျင်သူတွေကLowDensity  […]
Posted On October 23, 2013, By Editorial

အူမကြီးကင်ဆာကို ကာကွယ်နိုင်တဲ့အစားအစာ ဆယ်မျိုး

  သင်မုန့်ပဲသရေစာ စားသုံးတာကို ရှောင်ကြဉ်သွားချင်လိမ့် မယ်။ အဆီ၊ အဆိမ့်တွေနဲ့ အချိုဓာတ်များတဲ့ အစားအစာ တွေဟာ အူမကြီးကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်မှုရှိတယ်လို့ University of  Edinburgh ရဲ့ လေ့လာချက်အသစ်တွေအရ ခန့်မှန်းနိုင်ပါတယ်။ သုတေသနပညာရှင်တွေဟာ ကျန်းမာတဲ့ သူတွေနဲ့ အူမကြီးကင်ဆာ ခံစားနေရတဲ့လူနာတွေရဲ့အစား အသောက်အလေ့အထကို အစားအစာအမျိုးအစား ၁၇၀ ကျော်လောက် လေ့လာပိုင်းခြားစိတ်ဖြာကြည့်လိုက်တဲ့အခါ အဆီအဆိမ့်များတဲ့မုန့်တွေ၊အချိုများတဲ့မုန့်တွေဟာ ကင်ဆာ ကို ၁၈ ရာခိုင်နှုန်းလောက် ပိုမိုဖြစ်ပွားနိုင်ပြီး အချိုဓာတ်များ လွန်းတဲ့အချိုရည်တွေဟာ ၁၂ ရာခိုင်နှုန်းလောက် ပိုမိုဖြစ်ပွား နိုင်ပါတယ်။ ဘာကြောင့်ဖြစ်ပွားတယ်ဆိုတာ တိတိကျကျ မသေချာပေမယ့် ခန့်မှန်းနိုင်တာတစ်ခုကတော့ ကယ်လိုရီ များတဲ့အစားအစာတွေဟာ အန္တရာယ်ပေးပါတယ်။ ကယ်လိုရီများတဲ့ အစားအသောက်တွေနဲ့ အ၀လွန် တာဟာ အူမကြီးကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်နေတယ်လို့ လည်း အခြားလေ့လာချက်တွေက […]
Posted On June 3, 2013, By Editorial
1 7 8 9