advertisement-image
Feature

Edison ရဲ့ အိုင်ဒီယာဝေစု

အိုင်ဒီယာတွေအများအပြားရှိနေတာက အိုင်ဒီယာလက်တစ်ဆုပ်စာလောက်ပဲရှိနေတာထက် ပိုမိုအရေးပါတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။ နောက်ခံသမိုင်း Thomas Alva Edison က အိုင်ဒီယာကောင်းတစ်ခုရရှိဖို့ဆိုရင် သင့်အနေနဲ့ အိုင်ဒီယာထွက်နိုင်သမျှ များများထွက်အောင် လုပ်နိုင်ရမယ်ဆိုတာကို နားလည်ခဲ့သူတစ်ဦးပါ။ သူဟာ တီထွင်ဖန်တီးသူ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်တယ်ဆိုတာ ပြောနေစရာမလိုပါဘူး။ ဓာတ်စက်၊ မီးသီး၊ အားသွင်းဘက်ထရီနဲ့ ရုပ်ရှင်ပရိုဂျက်တာကိုပိုကောင်းအောင်အဆင့်မြှင့်တင်ခြင်း စတာတွေအပါအဝင် ဖန်တီးမှုများစွာလုပ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်တဲ့ General Electric ဆိုတဲ့ ကုမ္ပဏီကို Charles A. Coffin ၊ J.P. Morgan တို့နဲ့အတူ ပူးပေါင်းတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ Edison က ဘာကို သွားမြင်မိသလဲဆိုတော့ အိုင်ဒီယာကောင်းတွေဆိုတာက အလိုအလျောက်ရလာတတ်တဲ့အမျိုးမဟုတ်ဘူးဆိတာပါပဲ။ ဒါကြောင့်သူဟာ သူ့ကိုယ်သူအတွက်ရော၊ သူ့ဝန်ထမ်းတွေအတွက်ပါ အိုင်ဒီယာဝေစုကို သတ်မှတ်ထားခဲ့ပါတယ်။ သူ့ကိုယ်သူအတွက် သတ်မှတ်ထားတဲ့ ဝေစုကတော့ ဆယ်ရက်တစ်ခါ တီထွင်ဖန်တီးမှု […]
Posted On June 16, 2022, By Editorial

စီးပွားရေးအဘိဓာန် ၁၂၇

ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း)) ယခင်လမှအဆက် Galbraith ၊ John Kenneth (ဂဲလ်ဘရိတ်၊ ဂျွန်ကဲနက်) ကနေဒီယန်ဖွားအမေရိကန်စီးပွားရေးပညာရှင် ၁၉၀၈ ဖြစ်ပြီး ခေတ်သစ်ဂန္ထဝင်မြောက်စီးပွားရေးပညာရပ် (အယ်ဖရက်မာရှယ်နှင့် အပေါင်းပါတို့) ကိုထက်မြက်စွာဝေဖန်မှုကြောင့် လူသိများလာသူဖြစ်သည်။ ခေတ်မီစီးပွားရေးအခြေအနေများကို ရှင်းလင်းဖော်ပြရန် သီအိုရီသစ်များ ဖော်ထုတ်ရန် အထူးအားဖြင့်ကြီးမားသည့် ကော်ပိုရေးရှင်းများ၊ စီးပွားရေးစီမံချက်များနှင့် ထုတ်လုပ်သူများက သိသိသာသာထိန်းချုပ်ရန်ကြိုးပမ်းသည့် ဈေးကွက်များအကြောင်းဆိုင်ရာတို့ကြောင့် ထင်ရှားလာသည်။ သူ၏အမေရိကန်အရင်းရှင်ဝါဒ (American Capitalism) ၁၉၅၂ ခုနှစ်၌ ဈေးကွက်သည် ပြိုင်ဆိုင်မှုမှဝေးကွာနေပြီး ကော်ပိုရေးရှင်းကြီးများက သြဇာအာဏာအလွန်ကြီးမားပြီး ယင်းကိုတုံ့ပြန်ရန် ချုပ်ထိန်းကန့်သတ်ရန် အစိုးရ၏အာဏာနှင့် အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်လာပြီးဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။ ပေါကြွယ်ချမ်းသာသည့် လူ့အဖွဲ့အစည်း ((The Affluent Society) ၁၉၅၈ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုသက်သက် သဘောတရားကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ ချမ်းသာကြွယ်ဝသူက […]
Posted On January 20, 2021, By CEO Editors

အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

အောင်ကို (တောင်ငူ) ယခင်လမှ အဆက် ၂၃။ ကျန်းမာအောင်နေပါ။ သင့်ကျန်းမာရေးကောင်းမွန်လျင် သင်ပျော်ရွှင်မည်ဖြစ်သည်။ သင့်ကျန်းမာရေးကောင်းမွန်ပြီး ပျော်ရွှင်လျင်သင်လိုချင်သော အရာအားလုံးမဟုတ်သည့်တိုင် သင်လိုအပ်သမျသောကြွယ်ဝမှုကို ပိုင်ဆိုင်နေပြီဖြစ်သည်။ Elbert Hubbard အလုပ်ပြင်းထန်စွာလုပ်လွန်းခြင်း၊ ဖိစီးမှုများလွန်းခြင်း၊ အားအင်ကုန်ခန်းခြင်းတို့မှ သင့်ကျန်းမာရေးဝန်ဆောင်မှုအတွက် လုံလောက်ရုံငွေရရှိမည်ဆိုလျင် မည်သို့မျအဓိပ္ပာယ်ရှိပါတော့မည်နည်း။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကျွနု်ပ်နှင့်အတူအလုပ်လုပ်သူတို့၏ ဘဝများအတွင်း မကြာခဏတွေ့နေရသည်။ – ကျွနု်ပ်အဖို့ လေ့ကျင့်ခန်းလုပ်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာစားရန်အချိန်မရှိပါ။ သို့သော် ကျွနု်ပ်လုပ်နေသည့် အလုပ်အကိုင်မျိုးအတွက်တော့ ဤအရာသည်အဆန်းမဟုတ်ပါ။ – ၁၁၀ ရာခိုင်နှုန်းနဲ့ နောက်ထပ်နှစ်အနည်းငယ်လောက်ဆက်သွားလိုက်ဦးမှာပါ၊ ပြီးရင်တော့ အလုပ်ကနားပြီး အေးအေးဆေးဆေးနေတော့မှာပါ။ – ကျွနု်ပ်အလုပ်လျော့လုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်နေရင် မိသားစုတွေကို ဘယ်လိုထောက်ပံ့မလဲ သူတို့မှာအတိုင်းအတာတစ်ခုထိ ငွေကြေးလိုအပ်မှုနဲ့မျော်လင့်ချက်တွေရှိနေမှာပဲ။ – ကျွနု်ပ်ဝလွန်းနေတယ်ဆိုတာသိတယ်။ ဒါပေမဲ့ ဒီအသက်အရွယ်မှာ လေ့ကျင့်ခန်းစလုပ်ဖို့ဆိုတာကတော့ သိပ်နောက်ကျနေပြီထင်တယ်။ လူအတော်များများမှာ […]
Posted On January 14, 2021, By CEO Editors

ဘာကြောင့် အမေရိကန်ဒေါ်လာဟာကမ္ဘာတစ်ဝန်းသုံးငွေကြေးဖြစ်နေရတာလဲ

နေလင်း ကမ္ဘာတစ်ဝန်းသုံး ငွေကြေးဖြစ်ရခြင်းကြောင်းရင်းတစ်ခုကတော့ ကမ္ဘာတစ်ဝန်းကုန်သွယ်မှုအတွက်ငွေပေးချေရာ မှာ လက်ခံသဘောတူခြင်းကြောင့်ဖြစ်ပါတယ်။ တချို့နိုင်ငံသုံးငွေကြေးများကိုလည်း အပြည်ပြည်ဆိုင်ရာစာရင်း ပြောင်းရွှေ့ခြင်းများအတွက်လည်း လက်ခံကျင့်သုံးလျက်ရှိပါတယ်။ နိုင်ငံတကာငွေကြေးများအနက် အမေရိကန်ဒေါ်လာ၊ ယူရိုနဲ့ဂျပန်ယမ်းငွေတို့ဟာ အသုံးများတဲ့ ငွေကြေးများဖြစ်ပါတယ်။ တစ်နည်းအားဖြင့် နိုင်ငံတကာသုံးငွေကြေးဟာ နိုင်ငံများရဲ့နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေမှာ အများအပြားစုဆောင်းထားခြင်းကြောင့်လည်း အရန်ငွေကြေး (Reserve Currency) လို့ခေါ်ဆိုကြပါတယ်။ ကမ္ဘာ့နိုင်ငံအများအပြားမှာအသုံးပြုနေတဲ့ ငွေကြေးများအနက်အမေရိကန်ဒေါ်လာကတော့ နိုင်ငံအများအသုံးပြုနေတဲ့ငွေကြေးဖြစ်ပါတယ်။ ငွေကြေးအကြောင်းလေ့လာမှုများရဲ့ ငွေကြေးအခြေအနေများအရ ၂၀၁၈ ခုနှစ ်တတိယသုံးလပတ်မှာ ကမ္ဘာတစ်ဝန်လုံးရှိနိုင်ငံများရဲ့ဗဟိုဘဏ်များမှာထိန်းသိမ်းထားရှိတဲ့ နိုင်ငံခြားသီးသန့်ရန်ပုံရဲ့ ၆၂.၀ ရာခိုင်နှုန်းဟာ အမေရိကန်ဒေါ်လာဖြစ်တယ်ဆိုတာ လေ့လာသိရှိရပါတယ်။ ဒုတိယအများဆုံးသီးသန့်ငွေသားအချိုးကတော့ ယူရိုဖြစ်ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ၂၁ ရာခိုင်နှုန်းရှိပါတယ်။ ကမ္ဘာသုံးငွေကြေးဖြစ်ဖို့ အခွင့်အရေးရှိပေမဲ့ ဥရောပဇုံအတွင်းပဋိပက္ခများကြောင့် ယူရိုငွေကြေး (Euro) အပေါ်ယုံကြည်မှုပျက်ပြားခဲ့တဲ့အတွက် ကမ္ဘာသုံးငွေကြေးအဖြစ်လက်ခံကျင့်သုံးဖို့အခက်ခဲတွေရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာဟာ အမှန်တကယ်ခိုင်မာတဲ့ငွေကြေးဟုတ်ပါသလား။ ဒီအဖြေကိုပြောရရင်တော့ အမေရိကန်နိုင်ငံရဲ့စီးပွားရေးအခြေနေနဲ့ ဆက်စပ်ဖြေဆိုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ […]
Posted On January 14, 2021, By CEO Editors

ဗီဒီယိုဇာတ်လမ်းများ စဉ်ဆက်မပြတ်ထုတ်လွှင့်ခြင်းလုပ်ငန်း တရုတ်နိုင်ငံ၏ Netflix ဟုခေါ်ဆိုရမည့် iQiyi

ရဲညွန့် (မဟာဝိဇ္ဇာ၊နိုင် – ဆက်) iQiyi ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ယင်းကိုပြည်ပစာနယ်ဇင်းများက’တရုတ်ပြည်၏ Netflix’ ဟုခေါ်ကြသည်။ (Netflix) ဆိုသည်မှာ ရုပ်မြင်သံကြားဇာတ်လမ်းများ၊ ရုပ်ရှင်များကိုကြော်ငြာမပါ၊ စဉ်ဆက်မပြတ်ထုတ်လွှင့်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည်။ Netflix သို့ လစဉ်ကြေးပေး၍အသင်းဝင်ထားခြင်းဖြင့် ယင်း၏ဝန်ဆောင်မှုများဖြစ်သည့် ရုပ်မြင်သံကြားနှင့်ဗီဒီယိုဇာတ်လမ်း ထုတ်လွှင့်မှုများကို အဆက်မပြတ်ကြည့်နိုင်လေသည်။) ယင်းဝန်ဆောင်မှုကို တရုတ်နိုင်ငံတွင် ပထမဦးဆုံးစတင်လုပ်ကိုင်ခဲ့သည့် iQiyi သည် ယခုအခါအောင်မြင်မှုများရနေသဖြင့် ယင်းအား Netflix ဟုခေါ်ဆိုကြခြင်းမှာမှားသည်ဟုမဆိုနိုင်။ သို့သော်လည်း iQiyi ကို တည်ထောင်သူလည်းဖြစ်ပြီး အကြီးအကဲတစ်ဦးလည်းဖြစ်သော မစ္စတာကုန်းယု (Mr Gong Yu) ကသူ၏ဝန်ဆောင်မှုလုပ်ငန်းသည် Netflix ထက်ပို၍သာသဖြင့် Netflix Plus ဟုခေါ်တွင်မှသာ ပိုမိုတိကျမည်ဖြစ်သည် ဟုဆိုလေသည်။ ဤကဲ့သို့ဆိုခြင်းမှာအလွန်ရဲတင်းသောကြွေးကြော်မှုတစ်ခုဖြစ်သည်။ အရှုံးဖြင့်လုပ်ရသည့် ထိုလုပ်ငန်း၏တန်ဖိုးသည် အမေရိကန်နိုင်ငံရှိ […]
Posted On January 11, 2021, By CEO Editors

လူကြီးလူညစ် ဂေါက်ပုံပြင် ၄၃

ယခင်လမှအဆက် မောင်စံပေါ ကိုဗစ်ကာလမှာ ဂေါက်ကွင်းလည်း မသွားရဲ၊ သွားရဲတောင်မှ ကွင်းကမဖွင့်တော့ လူတွေမဆုံကြတာကြာပြီ။ အင်တာနက်ကနေတစ်ဆင့် ဇွန်းတွေဇက်တွေနဲ့ စကားပြောကြဖို့ကလည်းအဆင်မပြေလှဘူး။ နောက်ဆုံးတော့ လှေကြီးထိုးရိုးရိုးဖြစ်ရတော့တာပါပဲ။ ဖုန်းဆက်တာပေါ့၊ ဖုန်းပြောတာပေါ့။ အန်ကယ်ကြီးဖုန်းထဲကနေ ပြောပြတဲ့ ပုံပြင်လေးတစ်ပုဒ်နားထောင်ခဲ့ရတယ်။ ဂေါက်ကွင်းမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ပြောရဆိုရတာလောက် အရသာမရှိပေမယ့် ရသေ့စိတ်ဖြေပေါ့လေ။ ”ကြာခဲ့ပြီ။ နှစ်သုံး ၃၀ လောက်ရှိပြီပေါ့။ တစ်ရက်မှာ လူကြီးနှစ်ယောက် ဂေါက်သီးရိုက်ကြတယ်။ အန်ကယ်ကြီးရယ် နောက်တစ်ယောက်ရယ်လည်း လေးယောက်ပြည့်အောင် အိမ်ဖြည့်ပါသပေါ့။ လူကြီးနှစ်ယောက်ကလည်း အများအမြင်မှာတော့ အတော်ကိုခင်မင်ကြသူတွေပေါ့။ အမှန်က မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် ကျိတ်ပြီးပြိုင်နေကြတာ။ ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း ဂေါက်သီးရိုက်တော့ပေါ်တာပေါ့။ အဲဒီနေ့ကလည်း အန်ကယ်ကြီးတို့ ပညာတွေ တော်တော်ရကြတယ်။ ပညာလို့ပြောရမှာထက် အတတ်ကောင်းတွေလို့ ဆိုရမှာကွ” အန်ကယ်ကြီးကပြောတယ်။ သူတစ်ယောက်တည်း ပြောနေရတာ မောလှရှာရော့မယ်ရယ်လို့ နည်းနည်းလေး […]
Posted On January 11, 2021, By CEO Editors

အောင်မြင်သူတွေ စိတ်တည်ငြိမ်အောင်ဘယ်လိုနေလဲ

စိတ်ခံစားချက်နဲ့ စိတ်တည်ငြိမ်မှုကိုထိန်းချုပ်နိုင်တဲ့စွမ်းရည်က မိမိရဲ့စွမ်းဆောင်ရည်ပေါ်မှာအများကြီးမူတည်ပါတယ်။ အမေရိကန်နိုင်ငံရဲ့စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ TalentSmart ရဲ့ လူတစ်သန်းကျော်ကိုသုတေသနပြုလုပ်ချက်အရ အောင်မြင်သူ ၉၀ ရာခိုင်နှုန်းဟာ စိတ်ဖိစီးမှုတွေနဲ့ကြုံတွေ့ရတဲ့အခါမှာတောင် ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်စွာ ထိန်းချုပ်နိုင်တာကိုတွေ့ရပါတယ်။ စိတ်လှုပ်ရှားမှုနဲ့ ဖိအားတွေဟာ လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုအန္တရာယ်ရှိစေနိုင်တဲ့အပြင် နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ အဝလွန်ရောဂါတွေကိုဖြစ်စေပြီး သင့်ရဲ့စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒါကြောင့် အောင်မြင်သူတွေစိတ်ဖိစီးမှုတွေကိုကြုံတွေ့တဲ့အခါမှာရင်ဆိုင်ဖြေရှင်းလေ့ရှိတဲ့ အကောင်းဆုံးနည်းလမ်းဆယ်ချက်ကိုဖော်ပြပေးထားပါတယ်။ တချို့ကလွယ်ပုံပေါ်ပေမယ့်တကယ်တမ်းကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကြောင့် သင်ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေကိုလျော့ချဖို့ ငွေကြေးကို သုံးစွဲတာထက် ဒီနည်းလမ်းတွေကိုအသုံးပြုတာ သင့်အတွက်ပိုပြီးအသုံးဝင်ပါလိမ့်မယ်။ ၁။ ရှိတာနဲ့ ရောင့်ရဲကြပါတယ်။ ကိုယ်ကျေးဇူးတင်ရမယ့်ကိစ္စတွေကို အချိန်ယူပြီးစဉ်းစားဆင်ခြင်တာက ကိုယ်တကယ်လုပ်ဖို့လိုအပ်တာကိုလုပ်တာတင် မဟုတ်ပါဘူး။ ဒါက သင့်ရဲ့စိတ်နေစိတ်ထားကိုလည်း တိုးတက်စေပါတယ်။ ယင်းကစိတ်ဖိစီးမှုလှုံ့ဆော်ပေးတဲ့ဟော်မုန်းကို ၂၃ ရာခိုင်နှုန်း လျော့ချပေးပါတယ်။ ကယ်လီဖိုးနီးယားတက္ကသိုလ်ကပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုတစ်ခုက လူတွေဟာနေ့စဉ်ကျေးဇူးတင်တတ်တဲ့ စိတ်သဘောထားနဲ့ အသက်ရှင်မယ်ဆိုရင် စိတ်နေစိတ်ထား၊ စွမ်းအားနဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်စေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ စိတ်ဖိစီးမှုများတာက […]
Posted On January 6, 2021, By CEO Editors

စီးပွားရေးစွန့်စားလုပ်ကိုင်သူတိုင်း ကြည့်သင့်တဲ့ရုပ်ရှင် ၁၃ ကား

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်စွန့်စားလုပ်ကိုင်ရတာလွယ်မှာပဲလို့ ဘယ်သူမှမပြောခဲ့ကြဖူးသေးပါဘူး။ ဒီလိုလုပ်ရတာဟာ နေ့စဉ်အခက်အခဲပေါင်းများစွာရှိနိုင်ပါတယ်။ သူများတွေက ကဖျက်ယဖျက်ပြောလိုက်ရင်ပဲ၊ ဒါမှမဟုတ် ငွေကြေးအခက်အခဲရှိရင်ပဲ တစ်ခါတည်း လက်မြှောက်သွားတတ်ကြတယ်။ ဘာပဲဖြစ်ဖြစ် မိမိဟာသူလိုငါလိုလူမဟုတ်ဘူး။ စီးပွားရေးကို စွန့်စွန့်စားစားထလုပ်နေသူဖြစ်တယ်ဆိုတာသတိရပါ။ အခက်အခဲတွေကြားထဲက ရှေ့ကိုသွားနေတယ်ဆိုတာသိဖို့ပါပဲ။ အလုပ်တွေသိပ်များလာပြီဆိုရင်တော့ စိတ်အားတက်ကြွရွှင်လန်းစေတဲ့ရုပ်ရှင်တွေကိုကြည့်ရင်း အနားယူပေးပါ။ စွန့်စားခန်းတွေဖြစ်ဖြစ်၊ ဟာသတွေပဲဖြစ်ဖြစ်၊ ‌တွေးစရာပါတဲ့ကားတွေဖြစ်ဖြစ် ရုပ်ရှင်ဆိုရင် ပင်ပန်းနွမ်းနယ်နေတဲ့လုပ်ငန်းရှင်တွေကို စိတ်ရွှင်လန်းအားတက်စေနိုင်တာပါပဲ။ ဒါကြောင့်အောက်ပါရုပ်ရှင် ၁၃ ကားကို တင်ပြပေးလိုက်ပါတယ်။ ၁။ The Social Network ဒီကားကို ၂၀၁၀ ပြည့်နှစ်မှာရုံတင်တော့လူကြိုက်သိပ်များခဲ့ပါတယ်။ Mark Zuckerberg ဟာ ဟားဗတ်တက္ကသိုလ်ကျောင်းသားဘဝကနေ အခုအခါကမ္ဘာမှာ အကျော်ကြားဆုံးလူမှုကွန်ရက် Facebook ကိုတည်ထောင်သူတစ်ဦး ဖြစ်လာပုံကို ရိုက်ထားတဲ့ကားဖြစ်တယ်။ အနုပညာသဘောအရ နည်းနည်းချဲ့ကားထားတာတွေတော့ပါတယ်။ ဒါပေမဲ့ ဒါကအရေးမကြီးပါဘူး။ အရေးကြီးတာက စီးပွားရေးစတင်စွန့်စားလုပ်ကိုင်ရာမှာ အစစအရာရာအလျော့အတင်းလုပ်တတ်ဖို့နဲ့ အခက်အခဲနဲ့တွေ့တဲ့အခါ […]
Posted On January 6, 2021, By CEO Editors

စတော့ရှယ်ယာဈေးကွက် -၅

ဒေါက်တာခင်စန်းရီ စတော့အိတ်ချိန်းကြီးများ ကမ္ဘာ့ပထမဦးဆုံးစတော့အိတ်ချိန်းကို ၁၄၆၀ ပြည့်လွန်နှစ်က Belgium နိုင်ငံ၊ Antwerp မြို့တွင်ဖွင့်လှစ်ခဲ့သည်။ မျက်မှောက်ကာလ၌အမေရိကန်နိုင်ငံရှိ New York Stock Exchange (NYSE) နှင့် National Association of Securities Dealers Automated Quotations တို့မှာကမ္ဘာ့အကြီးဆုံးစတော့အိတ်ချိန်းများဖြစ်သည်။ အမေရိကန်နိုင်ငံရှိအခြားမြို့ကြီးများဖြစ်သော Boston ၊ Chicago ၊ Philadelphia ၊ Denver ၊ San Francisco ၊ Los Angeles အစရှိသည့် မြို့ကြီးများတွင်လည်း စတော့အိတ်ချိန်းများရှိသည်။ နိုင်ငံတကာရှိအထင်ကရစတော့အိတ်ချိန်းကြီးများမှာ London Stock Exchange (LSE) ၊ Tokyo Stock Exchange (TSE) ၊ Shanghai Stock Exchange […]
Posted On January 6, 2021, By CEO Editors

မိမိရဲ့ Follower ကနေတစ်ဆင့်ရောင်းအားမြင့်စေမယ့် နည်းလမ်း ၄ ခု

Mainstream Marketing Advice အရ ဈေးကွက်အတွက် လူဦးရေအရေအတွက်က အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းအများစုတွေအတွက် ပုံမှန်ရောင်းအားရှိဖို့ Follower သောင်းဂဏန်းနဲ့အထက်ရှိဖို့မလိုပါဘူး။ ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီးအကြံဉာဏ်ပေးသူ အိန္ဒိယနိုင်ငံကဂျက်ဆန်ဆိုသူက လူမှုကွန်ရက်ကစွန့်ဦးလုပ်ငန်းရှင်တွေနဲ့အသေးစားစီးပွားရေးတွေနဲ့ပတ်သက်ပြီး လေ့လာမှုတွေလုပ်ခဲ့ပါတယ်။ ဂျက်ဆန်ကသူ့ရဲ့ဖောက်သည်လုပ်ငန်းရှင်တွေကို ခြောက်နှစ်စာစာချုပ်ထဲမှာ Instagram ကနေ Follower ခြောက်ရာသာသာနဲ့ရောင်းအားကောင်းအောင်ကူညီထားပါတယ်။ လျို့ဝှက်ချက်ကတော့ Follower တွေနဲ့ အမြဲတစေထိတွေ့ဆက်ဆံမှုရှိဖို့ အလေးထားပြီး Fan Group တွေဖန်တီးကာသူတို့ကနေတစ်ဆင့် ကုန်ပစ္စည်းတွေကို ပြန်လည်ကြော်ငြာရောင်းချစေခြင်းဖြစ်ပါတယ်။ မိမိရဲ့လူမှုကွန်ရက်ပလက်ဖောင်း Account မှာ Follower နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေသူတို့နဲ့အမြဲထိတွေ့ဖို့ကိုဂရုပြုရပါမယ်။ မိမိရဲ့ပရိသတ်တွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေး ဖန်တီးနိုင်တယ်ဆိုရင်အဖွဲ့တွေရှိလာမှာဖြစ်ပြီး ကိုယ့်ရဲ့ကုန်ပစ္စည်းတွေကို သူတို့ကပြန်လည်ကြော်ငြာပေးရုံသာမကရောင်းချပေးဖို့အထိလုပ်ဆောင်လာကြပါလိမ့်မယ်။ ဒီနေရာမှာလုပ်ငန်းတစ်ခုကြီးထွားဖို့ထက် ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ကို အလေးထားပါတယ်။ ဒါကြောင့်ဆက်ဆံရေးခိုင်မြဲပြီး နောက်အဆင့်တစ်ခုတက်နိုင်ဖို့ နည်းဗျူဟာလေးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ကျေးဇူးတင်စကား ပြောပါ။ Instagram […]
Posted On January 5, 2021, By CEO Editors