AQUARIUS (ကုံရာသီဖွား) – ဇန်န၀ါရီလ ၂၁ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း မွေးဖွားသူများ

AQUARIUS-feature--240x300

အဘက်ဘက်မှကောင်းသော ကာလဖြစ်သည်။ သဘောကွဲလွဲသူများနှင့် ပြန်လည်အဆင်ပြေမည်။ ပေါ်ပေါက်လာသော အပြောင်းအလဲကို လက်ခံသင့်သည်။ ထူးခြားသော လက်ဆောင်ပစ္စည်းရမည်။ မမျှော်လင့်သောသူများနှင့် တွေ့ဆုံမည်။ သူတစ်ပါးအပေါ် သည်းခံစိတ်ကြောင့် ကောင်းသောတက်လမ်းရှိမည်။ အမျိုးသမီးမိတ်ဆွေတစ်ဦးထံမှ အကူအညီကောင်းများရရှိမည်။ မိမိလိုလားချက်များ အကောင်အထည်ဖော်ရန် ကောင်းသောကာလဖြစ်သည်။ မိသားစုကျန်းမာရေးအညံ့ရှိမည်။

စံ-ဇာဏီဘို