3rd Yangon International Gems & Jewellery Fair 2020 ကျင်းပ

Gems & Jewellery Entrepreneurs Association ကြီးမှူးကျင်းပတဲ့ တတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၃ရက်နေ့ထိ ရန်ကုန်မြို့ LOTTE Hotel မှာ လေးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပွဲမှာ ပြခန်းပေါင်း ၁၂၈ ခန်း ပါဝင်ခင်းကျင်းပြသခဲ့ပြီးတော့ ကျောက်မျက်ရတနာအသင်းရဲ့ ကြီးကျပ်မှုနဲ့ ဒုတိယအကြိမ်မြောက် Yangon Gems Auction ဆိုတဲ့ လေလံပွဲကိုပါ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရပါတယ်။

ပွဲအကြောင်းနဲ့ ပတ်သတ်ပြီးတော့ ရန်ကုန် ကျောက်မျက်နှင့် လက်ဝတ်ရတနာအသင်းမှ တွဲဖက်အတွင်းရေးမှုး (၁) အဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ကျော်ဇင်ကို CEO ပရိတ်သတ်များအတွက် မေးမြန်းဖြစ်ခဲ့ပါတယ်။