2C2P Group ရဲ့ Group CEO ဖြစ်သူ ဦးအောင်ကျော်မိုးနှင့် တွေ့ဆုံခြင်း

လုပ်ငန်း စတင်တည်ထောင်ခဲ့ပုံ၊ ဝန်ဆောင်မှုတွေ၊ ဒေသတွင်းနဲ့
နိုင်ငံတကာက Competitor တွေ၊ အနာဂတ်ကုမ္ပဏီကFocus လုပ်သွားမယ့်နိုင်ငံတွေ၊ လက်ရှိနဲ့အနာဂတ်မှာ ဒေသတွင်း Digital Economy မှာဖြစ်ပေါ်လာမယ့် Trend တွေ၊ မြန်မာနိုင်ငံက e-Commerce ကဏ္ဍအတွက် နမူနာကောင်းတွေနဲ့ မြန်မာနိုင်ငံက လူငယ်နည်းပညာလုပ်ငန်းရှင်တွေအတွက် အကြံပြုချက်တွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

2C2P Group စတင်ဖြစ်ခဲ့ပုံ . . .
၁၉၉၈ ခုနှစ်မှာ ကျွန်တော်က မြန်မာနိုင်ငံကနေ ပြည်ပကိုထွက်ခဲ့ပါတယ်။ ၁၉၉၉ မှာ ဘန်ကောက်ကိုရောက်ပါ တယ်။ ကျွန်တော်က Computer Science သမားပါ။ KMD မှာလည်း ကွန်ပျူတာသင်တန်းတက်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ထိုင်းနိုင်ငံကကုမ္ပဏီတစ်ခုမှာ Computer Programmer ဝင်လုပ်ရင်းနဲ့အိမ်ထောင်ကျပါတယ်။ ပထမဆုံး ရင်သွေးလေးရလာတဲ့အခါကျတော့ သူတို့အတွက်ဆိုပြီး ၂၀၀၃ ခုနှစ်မှ လုပ်ငန်းလေးတစ်ခု စဖြစ် လိုက်ပါတယ်။ ၂၀၀၃ မှာ ဆော့ဖ်ဝဲလ်ရေးမယ်ဆိုပြီးတော့ ထိုင်းက Software Park ဆိုတဲ့ အဆောက်အဦးမှာ ဆော့ဖ်ဝဲလ်ကုမ္ပဏီတစ်ခုစခဲ့တာပါ။ အဲဒီကနေပဲ ကိုယ်ပိုင်လုပ်ငန်း စဖြစ်သွားတာပါ။ အဲဒီကတည်းကစပြီး လုပ်ငန်းမျိုးစုံကို စတင်ဖြစ်ခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်တွေရေးနေရင်းနဲ့မှ ဘဏ်တွေနဲ့လည်းလုပ်ဖြစ်တော့ အဲဒီအချိန် မှာ ဘဏ်တွေကလည်း နည်းပညာပိုင်းလိုအပ်ချက်လေးတွေလည်းရှိတော့ အဲဒါတွေကို ဝင်ဖြည့်ဆည်းပြီးလုပ်ဖြစ်ရင်းနဲ့ အဲဒီကနေစဖြစ်သွားတာပါ။
၂၀၀၄ မှာ ကျွန်တော် နောက်ထပ်ကုမ္ပဏီတစ်ခုထပ်ထောင်ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ထိုင်းနိုင်ငံရဲ့ ဒုတိယအကြီးဆုံး Operator DTAC ကနေ ကျွန်တော်ရဲ့ ဒုတိယကုမ္ပဏီကို ဝယ်လိုက်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ထိုင်းမှာတော်တော်ကြီးမားတဲ့ Acquisition ဖြစ်ခဲ့ပါတယ်။ အဲဒီကနေ Success Story လည်းရသွားတဲ့အခါကျတော့ စင်ကာပူမှာ ရုံးချုပ်သွားဖွင့်ခဲ့ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့က Officially Singapore ရုံးချုပ်ရှိတဲ့ကုမ္ပဏီပါ။ အဲဒီကနေစပြီးတော့ Payment လုပ်ငန်းတွေ ဆက်လုပ်ရင်းနဲ့ စင်ကာပူအစိုးရဲ့ Investment လည်းယူ၊ တခြားက Investment တွေလည်းယူရင်းနဲ့ လုပ်ငန်းကိုချဲ့ထွင်ခဲ့ပြီး ဒီကနေ့အနေအထာအထိ ရောက်လာတာဖြစ်ပါတယ်။

2C2P Group ရဲ့ နည်းပညာကိုသုံးစွဲသူတွေနဲ့ ဝန်ဆောင်မှုတွေက ဘာတွေဖြစ်မလဲ . . .
ကျွန်တော်တို့ရဲ့ကုမ္ပဏီကို နည်းပညာကုမ္ပဏီလို့ ထင်တာက ပုံမှန်ဖြစ်နေကျ Confuse ဖြစ်တာပါ။ ကျွန်တော်တို့က နည်းပညာကုမ္ပဏီမှန်တယ်။ ဒါပေမဲ့ သူများကိုဆော့ဖ်ဝဲလ်ရေးပေးတဲ့ နည်းပညာ
ကုမ္ပဏီမဟုတ်ဘူး။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နည်းပညာကိုရေးပြီးတော့ ဥပမာ Google ၊ Google ကနေပြီးတော့ မြန်မာပြည်ကကုမ္ပဏီကို Email Software မရေးပေးဘူး။ Google က သူ့ဘာသာသူ Gmail Software ကိုရေးပြီး
တော့ နိုင်ငံတကာကကုမ္ပဏီတွေကို ဝန်ဆောင်မှုပေးတယ်။ အဲဒီလိုမျိုးပဲ ကျွန်တော်တို့က Payment နည်းပညာကို ကိုယ့်ဘာသာရေးပြီးတော့၊ နည်းပညာတီထွင်ပြီးတော့ အဲဒီမှာ Feature တွေထပ်ထည့်ပြီးတော့ နိုင်ငံတကာက ကုမ္ပဏီတွေသုံးလို့ရအောင်ဝန်ဆောင်မှုပေးတာပါ။

အခုဆိုရင် ထိုင်းမှာရှိတဲ့ဘဏ်တွေအကုန်လုံးက ကျွန်တော်တို့ရဲ့နည်းပညာကိုပဲသုံးပါတယ်။ အင်ဒိုနီးရှားက အကြီးဆုံးဘဏ်၊ဖိလစ်ပိုင်က အကြီးဆုံးဘဏ်၊ ဗီယက်နမ်ကဘဏ်ကြီးတွေ စသဖြင့် အရှေ့တောင်အာရှ ကဘဏ်တွေတော်တော်များများက ကျွန်တော် တို့နည်းပညာကိုသုံးပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာဆိုရင်ထိုင်းနိုင်ငံက Debit Card/Credit Card သုံးတဲ့လူအကုန်လုံး အင်တာနက်ကနေ ဈေးဝယ်လို့ရှိရင် ကျွန်တော်တို့ရဲ့ နည်းပညာကိုပဲ ဖြတ်ပြီးသုံးရတာပါ။ အဲဒီလိုအနေအထား ရောက်နေပါပြီ။ လောလောဆယ်မှာတော့ ထိုင်းနိုင်ငံမှာ Market Share အကြီးကြီးရှိပါတယ်။ ၈၀-၈၅ ရာခိုင်နှုန်းလောက် Market Share ရှိပါတယ်။ အရှေ့တောင်အာရှရဲ့ Footprint တစ်ခုလုံးကိုဝန်ဆောင် မှုပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

မြန်မာပြည်ပွင့်လင်းလာတဲ့အခါကျတော့ ဝင်ဖို့မသင့်သေးဘူး၊ နည်းနည်းစောသေးတယ်လို့သုံးသပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကမြန် မာနိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်မှာရုံးခွဲဆိုပြီး သွားထောင်ပါတယ်။ Representative Office ပဲ ဝန်ထမ်း ၄၊ ၅၊ ၆ ယောက်လောက်နဲ့ UBC မှာသွားပြီးတော့ ရုံးခန်းအသေးလေး စဖွင့်ခဲ့ပါတယ်။ တဖြည်းဖြည်း လုပ်ရင်းကိုင်ရင်းနဲ့မှ အခုဆိုရင်တော့ ဝန်ထမ်း ၈၀ လောက်ဖြစ်နေပါပြီ။
ရန်ကုန်ရုံးခွဲကဖွင့်ဖြစ်တာက ကျွန်တော်တို့ရဲ့ ၉ နိုင်ငံ မြောက်နိုင်ငံအဖြစ် ဖွင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျွန်တော်တို့လုပ်ပေးနေတာက မြန်မာပြည်ပြင်ပမှာလုပ်နေတဲ့ လုပ်ငန်းနဲ့မတူပါဘူး။ မြန်မာပြည် ပြင်ပမှာကျတော့အင်တာနက်ကနေ ငွေပေးချေတဲ့လုပ်ငန်းကိုလုပ်တာပါ။မြန်မာပြည် မှာတော့ လောလောဆယ်အဲဒီလုပ်ငန်းက သိပ်မတွင်ကျယ်သေးပါဘူး။ အဲဒီအခါကျတော့ ကျွန်တော်တို့က Myanmar Payment Union နဲ့တွဲပြီး သူတို့ရဲ့ e-Commerce ကို လုပ်ပေးတယ်။ လွန်ခဲ့တဲ့ ၄ နှစ် ၅ နှစ်လောက်ကစပြီးလုပ်ပေးနေတာပါ။ အခုတော့ သုံးတော့သုံးလာကြပြီ သိပ်တော့မတွင် ကျယ်သေးပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ အခုလောလောဆယ်ဘာတွေလုပ်နေသလဲဆိုတော့ Mobile Prepaid Top-Up တို့ဘာတို့ ရောင်းတာတွေကို တခြား Joint Venture Partner တွေနဲ့အတူ တွဲလုပ် နေပါတယ်။ ဥပမာ ABC Convenient ဆိုင်တွေနဲ့အတူ၊ City Mart တို့နဲ့အတူတူ အဲဒီလိုမျိုးတွဲပြီး လုပ်နေပါတယ်။

မြန်မာပြည်လူထုအများစုက e-Commerce မသုံးဘူးဆိုတော့ ကျွန်တေ်ာတို့အလုပ်က ဘာဆိုတာကို ရှင်းပြရတာ တော်တော်ခက်ပါတယ်။ Zara တို့၊ Agoda တို့ကနေ ဝန်ဆောင်မှု၊ ပစ္စည်း တစ်ခုခုဝယ်တဲ့အခါ အင်တာနက်ကနေ ဝယ်တယ်။ အဲဒီအခါ Payment Credit Card/Debit Card/ Internet Banking / OK Dollar / KBZ Pay တို့လိုသုံးပြီး Payment ပေးရတာရှိတယ်။ အဲဒီ လိုပေးတဲ့ Option ကိုကျွန်တော်တို့ကလုပ်ပေးတာ။ အဲဒါ ကို တွင်တွင်ကျယ်ကျယ် နိုင်ငံတကာမှာ ဝန်ဆောင်မှုပေးတယ်။ အဲဒီတော့ ကျွန်တော်တို့ကတစ်မိနစ်ကို Transaction အကြောင်း ၄၀၀ ကနေ ၆၀၀ အထိ ဝန်ဆောင်မှုပေး နေရပါတယ်။

2C2P Group ရဲ့ ရုံးခွဲတွေ…
အခုလောလောဆယ်မှာ 2C2P Group က Subsidiary၁၄ ခုရှိပါတယ်။ အဲဒီ ၁၄ ခုက အရှေ့တောင်အာရှ နိုင်ငံတိုင်းရယ်၊
အမေရိကားရယ်၊ နယ်သာလန်ရယ်မှာ ရုံးခွဲတွေ ရှိတယ်။ အဲဒီရုံးခွဲတွေကနေ တစ်ကမ္ဘာလုံးမှာရှိတဲ့ Customer တွေကို ဝန်ဆောင် မှုပေးနေပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာရှိတဲ့ Customer တွေက အရှေ့တောင်အာ ရှမှာရှိတဲ့ Customer တွေကို ဈေးလာရောင်းချင်လို့ရှိရင် ကျွန်တော်တို့က ဝန်ဆောင်မှုပေးပါတယ်။စင်ကာပူရုံး ချုပ်ကနေပြီးတော့ အဲဒီရုံးခွဲတွေအကုန်လုံးကို စီမံပါတယ်။

မြန်မာနိုင်ငံမှာ ဝန်ဆောင်မှုတွေ ချဲ့ထွင်လုပ်ကိုင်သွားဖို့ ရှိပါသ လား…
ကျွန်တော်တို့က Payment သမားဆိုတော့လုပ်ငန်းလုပ်ဖို့ဆိုရင် Infrastructure လိုပါတယ်။ Internet Infrastructure ၊ Banking Infrastructure တွေလိုပါတယ်။ လောလောဆယ် Internet Infrastructure တော့ မြန်မာပြည်မှာ ရှိနေပါပြီ။ Banking Infrastructure ကတော့ တည်ဆောက်ဆဲ ဖြစ်နေသေးပါတယ်။ လောလောဆယ် CB Pay တို့လို၊ KBZ Pay တို့လို Wave Money တို့လိုဝန်ဆောင်မှုတွေကို လူထုကတွင်တွင်ကျယ်ကျယ် သုံးလာတာကိုတွေ့ရတော့ ကျွန်တော်တို့
ဘက်ကလည်း ဒါကို Promising ရှိလာပြီလို့ ထင်တယ်။ (ဈေးကွက်၊ Infrastructure ) Ready ဖြစ်တာနဲ့ ကျွန်တော်တို့
ဘက်ကနေ Payment လုပ်ငန်းဝန်ဆောင်မှု ပေးဖို့အဆင်သင့်ပါပဲ။ ဒီလိုပဲ စောင့်နေတာတော့ တော်တော်တော့ ကြာတော့ကြာနေပါပြီ။ ဒီအတောအတွင်းမှာလည်း ပေးလို့ရတဲ့ဝန်ဆောင်မှုတွေကိုတော့ ပေးနေပါတယ်။ ဥပမာ မြန်မာနိုင်ငံတွေမှာရှိတဲ့ လေကြောင်းလိုင်းတွေက လေယာဉ်လက်မှတ်တွေဝယ်တဲ့အခါ ကျွန်တော်တို့ရဲ့စနစ်ကနေဖြတ်ပြီးတော့ အခုလောလောဆယ် ဝယ်နေကြတာပါပဲ။ Myanmar Nation Airline လိုမျိုး၊ AirKBZ လိုမျိုးလေ
ကြောင်းလိုင်းတွေကနေ လေယာဉ်လက်မှတ်တွေဝယ်ယူတဲ့အခါ ကျွန်တော်တို့နည်းပညာ၊ နည်းစနစ် ပေါ်ကနေဖြတ်ပြီး ဝယ်ယူနေကြတာပါ။ သူတို့ ရဲ့ လေယာဉ်လက်မှတ်ရောင်းပေးတာတော့မဟုတ်ပါဘူး။ ငွေပေးချေတဲ့အခါ ကျွန်တော်တို့က ဝန်ဆောင်မှုနည်းပညာကိုသုံးတာပါ။

နိုင်ငံတကာမှာ၊ အထူးသဖြင့် အရှေ့ တောင်အာရှဒေသတွင်းမှာ Payment နည်းစနစ်၊ နည်းပညာပိုင်း အကြံပေးကူညီနေတာတွေ . .
ဥပမာ တချို့နိုင်ငံတွေမှာဆိုရင် ထိုင်းဗဟိုဘဏ်၊ အင်ဒိုနီးရှားဗဟိုဘဏ်တွေဆိုရင် ကျွန်တော့်ဆီက Consultation ယူတယ်။စနစ်တွေ ဒီဇိုင်းလုပ်တဲ့အခါမှာ ကျွန်တော့် Organization ပါတယ်၊ ကျွန်တော့်လက်ထောက်တွေ လည်းပါပါတယ်။ ကျွန်တော် တို့ဝင်ပြီးတော့ အတူတွဲဖက်ပြီး ဒီဇိုင်းလုပ်ပေးပါတယ်။ World Bank က လူတွေလည်း ကျွန်တော့်ကိုမေးတာပါပဲ။ အရှေ့တောင် အာရှမှာ Payment နဲ့ပတ်သက်လာရင် ကျွန်တော်နဲ့ ထိတွေ့နေတဲ့ လူတွေအများကြီးပါပဲ။

လက်ရှိ Management လုပ်တဲ့ပုံစံ…
ကျွန်တော်က ရုံးခွဲတွေအားလုံးက လူတွေကို အုပ်ချုပ်တယ်။တိုင်းပြည်တိုင်းမှာ Country Head တွေရှိတယ်။ Country Head တွေအောက်မှာ သူ့လူတွေ သူရှိပါတယ်။ ကျွန်တော့်ထိုင်ခုံ တိုင်းပြည်တိုင်းမှာရှိတယ်။ဥပမာ ထိုင်းရုံးမှာ Country Head ရှိတယ်။ သူ့အောက်မှာလူတစ်ရာ့ငါးဆယ်လောက်ရှိပါတယ်။ ကျွန်တော် ရုံးခွဲတွေရောက်ရင် Country Head တွေနဲ့ Engage လုပ်ပါတယ်။ တစ်ချိန် တည်းမှာပဲ တခြားနိုင်ငံကရုံးတွေနဲ့ Status Update Weekly ရှိပါတယ်။ တိုင်းပြည်တိုင်းမှာ သူ့ရဲ့ KPI တွေ ရှိပါတယ်။ကျွန်တော်ရဲ့အလုပ်က အဲဒီ KPI တွေ အကုန်လုံး ဘယ်နားရောက် နေပြီလဲ။ ဘယ်သူကဘာတွေ လိုအပ်သလဲ၊ ဘယ်သူတွေ အကူအညီလိုအပ်သလဲ၊ ဘယ်သူက ဘာတွေလစ်ဟင်းနေတယ် ဆိုတာကို ကြည့်ပေးပါတယ်။ကျွန်တော်က နှစ်ပတ်တစ်ခါလောက် ခရီးသွားနေရတယ်။ Work/Life Balance မရှိပါဘူး။ ကျွန်တော်ကလောလောဆယ်နောက်ပြန်ဆုတ်လို့မရတဲ့ အနေအထားပါ။ အခုလုပ်နေသလိုတွေမလုပ်ရင် ကျွန်တော့်လူတွေနဲ့ ကျွန်တော် TouchPoint ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်နိုင်ငံကို နှစ်ရက်၊ သုံးရက်အများဆုံးပဲနေပြီးတော့ Manage လုပ်ပါတယ်။

Group ထဲက မြန်မာဝန်ထမ်းတွေရဲ့ အရေအတွက်…
(မြန်မာရုံးခွဲကဝန်ထမ်းတွေအပြင်) Group ထဲမှာ ထိုင်းကရုံးမှာမြန်မာ ၂ ယောက်ရှိပါတယ်။ တစ်ယောက်က CTO ပါ။ ကိုမျိုးဇော် ပါ။ Industry မှာ သူက Well-respected ဖြစ်နေပြီဖြစ်ပါတယ်။ နောက်တစ်ယောက်က Database Management လုပ်နေတဲ့သူပါ။ စင်ကာပူရုံးမှာ မြန်မာ ၂ ယောက်လောက်ရှိပါတယ်။ ကျွန်တော်တို့အဖွဲ့အစည်းတစ်ခုလုံးမှာ နိုင်ငံသားပေါင်း ၃၀ ကျော်လောက်ရှိပါတယ်။

Motto…
2C2P ရဲ့ Motto ကတော့ Your Payment Partner ဆိုတာပါ။ ကျွန်တော်တို့က တခြားကုမ္ပဏီတွေ အရှေ့တောင် အာရှမှာလာပြီးတော့ သူတို့ဝန်ဆောင်မှုတွေပေး၊ ပစည်းတွေရောင်းတဲ့အခါ ကျွန်တော်တို့က တစ်ဆင့် ကူညီပေးပြီး သူတို့ပစ္စည်းတွေ ရောင်းလို့ရအောင်လုပ်ပေးပါတယ်။ Apple ၊ Zara ၊ Thai Airway ၊ Malaysia Airline ၊ Changi Group ၊ giant Group တွေလိုမျိုးစသဖြင့် ကုမ္ပဏီတွေအစုံဖြစ်ပါတယ်။ တချို့ရဲ့ကျွန်တော် တို့ရဲ့ Customer တွေထဲမှာ Thai Airway ဆိုရင် မြန်မာနိုင်ငံကိုလည်း ရောင်းပါတယ်။

Group ရဲ့ Competitor တွေဆိုရင် . . .
ကျွန်တော်တို့က အရှေ့တောင်အာရှမှာ Payment Company တွေထဲမှာအကြီးဆုံးလို့ ပြောလို့ရပါတယ်။ ဒုတိယအကြီးဆုံးကဟောင်ကောင်အခြေစိုက် Asia Pay လို့ ခေါ်ပါတယ်။ တတိယက မလေးရှားအခြေစိုက် iPay88 ပါ။ ဒါတွေကတော့ Regional Competition တွေပါ။ ကျွန်တော် တို့မှာ Competition ၃ မျိုးရှိပါတယ်။ ပထမတစ်ခုက ကျွန်တော်တို့လိုပုံစံမျိုးပဲ Regional ကနေ နိုင်ငံတကာကို ဖြန့်ထားတဲ့ ကုမ္ပဏီရှိတယ်။ နောက်တစ်ခုက Global ရှိပါတယ်။ အမေရိကန်ကကုမ္ပဏီတို့ ၊ ဥရောပကကုမ္ပဏီ တို့လို ကုမ္ပဏီတွေနဲ့လည်း Head to Head Fight ရပါ တယ်။ ဥပမာ Worldpay တို့ Stripe တို့လိုမျိုးပါ။ နောက်တစ်မျိုးကတော့ Single Market Playerတွေပါ။ ဥပမာ အင်ဒိုနီးရှားလို နိုင်ငံမျိုးသွားရင် Locally Strong ဖြစ်တဲ့ Competitor တွေရှိပါတယ်။ သူက သူတို့တစ်နိုင်ငံတည်းကိုပဲ ဝန်ဆောင်မှုပေးတာ။ ကျွန်တော်တို့သွားရင် ကျွန်တော်တို့နဲ့သူတို့နဲ့ Head to Head ပြိုင်ရပါတယ်။

2C2P Group ရဲ့ အနာဂတ်အစီအစဉ်…
အနာဂတ်အစီအစဉ်အနေနဲ့ Google Temasek Report ဆိုတာက နှစ်စဉ် e-Commerce Market ကို Study လုပ်တဲ့ Survey တွေ၊ အစီရင်ခံစာတွေရှိပါတယ်။ အဲဒီအ ထဲမှာဆိုရင် အာဆီယံကို နှစ်မျိုးခွဲထားပါတယ်။ ASEAN လို့ခေါ်တာရယ်၊ ASEAN 6 ဆိုတာရယ်ရှိပါတယ်။ လောလောဆယ် ကျွန်တော်တို့ Investor တွေနဲ့ စကားပြောတဲ့အခါ ကျွန်တော်တို့က ASEAN 6 နဲ့ပဲ စကားပြောတယ်။ ASEAN နဲ့ စကားမပြောပါဘူး။ ASEAN 6 ထဲမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုမပါပါဘူး။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူပါပါတယ်။ ဒီခြောက်နိုင်ငံရဲ့ ဒေတာတွေ အကုန်ရှိတယ်။ ဒီခြောက် နိုင်ငံမှာ e-Commerce Trend က ဘယ်လိုသွားနေတယ်။ အွန်လိုင်း Payment Trend က ဘယ်လိုသွားနေတယ်ဆို တဲ့ ဒေတာအစုံရှိပါတယ်။ တခြား ဈေးကွက်သုံးခုကဖြစ် တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုက ဈေးကွက်ဒေတာ မလုံလောက်တဲ့အတွက် Predict လုပ်လို့မရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အဓိက Focus က ASEAN 6 ပါပဲ။

မြန်မာနိုင်ငံရဲ့ e-Commerce/Payment စသဖြင့် နည်းစနစ်ပိုင်းတွေနဲ့ပတ်သက်လို့ အတုယူမှီငြမ်းသင့်တဲ့ နိုင်ငံတွေနဲ့
ပတ်သက်လို့၊ နမူနာတွေနဲ့ ပတ်သက်လို့ ပြောပြပေးပါ…

တကယ်တော့ ဘယ်တိုင်းပြည်မှ Perfect မဖြစ်ပါဘူး။ လောလောဆယ် Payment နဲ့ ပတ်သက်ရင် စင်ကာပူတောင်မှ ထိုင်းရဲ့နောက်မှာရှိပါတယ်။ Innovation နဲ့ မှန်တယ်။ မြန်မာပြည်ပတ်သက်ရင်ပေါ့နော်။က Role Model အနေနဲ့ဆိုရင် အိမ်နီးခြင်းနိုင်ငံတွေဆီက ကူးယူရုံပါပဲ။ မှီငြမ်းရုံပါပဲ။ India က လုပ်ထားတဲ့ UPI – Unified Payment Interface ဆိုတာကတကယ့် ကို ကမ္ဘာ့စံပါပဲ။ သိပ်ကောင်းပါတယ်။ ထိုင်းထက်သာပါတယ်။ တော်တော်ကို စနစ်တကျတည်ဆောက်ထားပါတယ်။ ကိုယ့်ဘာသာ ကိုယ်လုပ်မယ့်အစား အဲဒီဟာကိုယူသုံးလိုက်ရင် တော်တော့်ကို မြန်သွားပါလိမ့်မယ်။ UPI လို နည်းပညာမျိုးကို အိန္ဒိယအစိုးရကို အကူအညီတောင်းလိုက်ရင် သူတို့က ဂုဏ်ယူစွာနဲ့ ကူညီလိမ့်မယ်လို့ မြင်မိပါတယ်။ ကျွန်တော် က ဘေးကလူအနေနဲ့ မြင်ပြီးပြောတာပါ။ သူတို့လုပ်ခဲ့တဲ့ Monetary Policy လေးတွေ
တော်တော်ကောင်းပါတယ်။ တရုတ်ကလည်း အမှန်တကယ်က အိန္ဒိယထက်တောင် ပိုကောင်းပါသေးတယ်။ ဒါပေမဲ့ တရုတ်က စံက ကျတော့ Private ဘက်ကလုပ်တာ။ တရုတ်မှာက ၃ ခုရှိပါတယ်။ Alibaba ။ WeChat ၊ UnionPay စတာတွေ ရှိပါတယ်။ သူတို့ကြောင့်မို့လို့ တစ်ကမ္ဘာလုံးက Mobile Payment ဘယ်လိုအောင်မြင်တယ်၊ ဘယ်
လောက်အောင် မြင်တယ်ဆိုတာကို သူတို့က တစ်ကမ္ဘာလုံးကို Demonstrate လုပ်လိုက်တာပါပဲ။ သူတို့ကတော့ Private Sector လုပ်ခဲ့တာပါ။ တော်တော်ကြီးကို အောင်မြင်ခဲ့ပါတယ်။ အဲဒီ Private Sector ရဲ့နောက်မှာ Government က Control လုပ်နေလား၊ မလုပ်နေလားဆိုတာကတော့ အတိအကျတော့ မသိနိုင်ပါဘူး။
အိန္ဒိယကိုကြည့်မယ်ဆိုရင်တော့ အိန္ဒိယအစိုးရက Public Sector ကနေပြီးတော့လုပ်ခဲ့တယ်။ ဗဟိုဘဏ် ကနေကြီးကြပ်
ပြီးတော့ UPI စနစ်ကို တည်ထောင်ခဲ့ တာပါ။ မြန်မာပြည်ကိုကြည့်မယ်ဆိုရင် အိန္ဒိယမော်ဒယ် ကိုယူသုံးမယ်ဆိုရင် မြန်မာပြည်ကပိုအဆင်ပြေပါမယ်။
အာဆီယံထဲမှာဆိုရင် ထိုင်းမှာက Prompt Pay ဆိုတာရှိတယ်။ စင်ကာပူမှာက SG QR ဆိုတာရှိပါ တယ်။ ၂၀၁၆ တုန်းက Prompt Pay လုပ်ကြမယ်ဆိုပြီးတော့ ထိုင်းက industry တစ်ခုလုံး စုစည်းလိုက်တယ်။ Prompt Pay ကို နိုင်ငံတကာ
အဆင့်မီ EMV ဆိုတာနဲ့ ဒီဇိုင်းလုပ်ခဲ့ပါတယ်။ အခု မြန်မာပြည်မှာလည်း လုပ်နေ ပါပြီ။ စံစနစ်လည်း ထွက်ပြီးပြီလို့ သိရပါတယ်။ ထိုင်းမှာ လူဦးရေ ၆၆ သန်းရှိတယ်။ အစိုးရကနေပြီးတော့ကြပ်မတ်ပြီးတော့ Prompt Pay ကို Launch လုပ်တယ်။ အခု နှစ်နှစ်အတွင်းမှာ Prompt Pay သုံးတဲ့ လူဦးရေပေါင်း သန်း ၄၀ ကျော်နေပြီ။ နည်းပညာတစ်ခု တည်းနဲ့ လုပ်လို့မရပါဘူး။ Policy Maker ကပါ လိုက်ပြီး တော့ ပူးပေါင်းပြီး Policy ကို Align လုပ်ပေးရပါတယ်။ Policy Align မလုပ်ပေးဘဲနဲ့ နည်းပညာချည်းပဲ ထွက်အောင်လုပ်လို့ရှိရင်လည်း မအောင်မြင်ပါဘူး။ တကယ်တော့ မြန်မာနိုင်ငံက တခြားနိုင်ငံတွေ ကနည်းစနည်းတွေကို မှီငြမ်းစရာကိုမလိုပါဘူး။ Government အချင်းချင်းစကား ပြောလို့ရှိရင် အကုန်လုပ်ပေး ကြမှာပါ။ စနစ်ကလွယ်ပါတယ်။စနစ်တစ်ခုကို ပညာရှင်တစ်ဖွဲ့ကို အခုလုပ်ခိုင်းလိုက်ရင် အခုလုပ်
နိုင်ပါတယ်။ ဥပမာ အိန္ဒိယကအကူအညီတောင်းခဲ့ပြီဆိုပါစို့ သူတို့ဆီက လာမှာက စနစ်တွေရော၊ Process တွေရော၊ Know How တွေရော၊ Lesson Learnt တွေရောပါလာမှာပါ။ နောက်တစ်ခုက Trade ပါ လုပ်လို့ရသွားနိုင်ပါတယ်။ ဒါတွေကတော့နမူနာတွေ၊ ဥပမာတွေဖြစ်ပါတယ်။

အင်တာနက်ကသုံးတဲ့ငွေကြေးတွေကို ကြပ်မတ်တဲ့စနစ်ရှိနေပါ သလား။ ထိန်းကျောင်းထားတဲ့ Rules & Regulations တွေရှိပါသလား…
အခုလောလောဆယ် ထိုင်းက Revenue Department က အဓိကအရေးကြီးတဲ့နေရာတစ်ခု ရောက်နေပါတယ်။ ဥပမာ
ကျွန်တော်က ထိုင်းနိုင်ငံကနေ facebook ပေါ်က ဂိမ်းတစ်ခုခုကိုဝယ်လိုက်ရင် ထိုင်းကငွေကို အမေရိကန် ကိုပို့လိုက်တာနဲ့အတူတူပါပဲ။ ဒါပေမဲ့ အဲဒီလိုမျိုး Facebook ကနေ ထိုင်းနိုင်ငံကလူကို လာရောင်းရတဲ့အတွက် ထိုင်းအစိုးရကနေပြီးတော့ Facebook ကို Value Added Tax တို့၊ Withholding Tax ၊ Commercial Tax တို့ မရလိုက် ပါဘူး။ အဲဒီဝန်ဆောင်မှုကို Facebook, Google တို့ဆီကနေ ဘယ်လိုကောက်မလဲဆိုပြီး အခုလောလော ဆယ်ပြောနေတဲ့ Debate ရှိပါတယ်။ တော်တော်တောင် ကြာနေပါပြီ။ အဲဒါကို ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုရင် ဥရောပဘက်ကိုကြည့်လို့ရပါတယ်။ European Union ကတော့ စည်းလုံးပါတယ်။ အားလုံးလက်မောင်းတွေအကုန်ချိတ်လိုက်ပြီးတော့ ဒီလိုမျိုးကုမ္ပဏီတွေ ခေါ် တယ်၊ ခေါ်ပြီးတော့ မင်းတို့က ငါတို့ဆီကလူထုကို အပြင်ဘက်က လှမ်းရောင်းနေတယ်။ အဲဒီလိုရောင်းတိုင်း ရောင်းတိုင်း Tax ဘယ်လောက် ဆောင်ရမယ်ဆိုတာကို Regulate လုပ်လိုက်ပါတယ်။အဲဒီတော့ EU တို့လို၊ သြစတြေးလျ၊ နယူးဇီ လန်တို့လို ရှိပြီးသားပေါ်လစီတွေကိုယူပြီးတော့ Regulate လုပ်လိုက်လို့ရပါတယ်။
အဲဒါလည်း သိပ်ပြီးခေါင်းစား စရာမလိုပါဘူး။ သူများတွေ လွန်ခဲ့တဲ့ငါးနှစ်လောက် ကတည်း အဲဒါကို စဉ်းစားထားခဲ့ပြီးသား၊ အဲဒီလိုပြသနာကြုံခဲ့ပြီးသားပါ။ အဲဒါကိုယူပြီး မှီငြမ်းပြီးတော့ မြန်မာမှုပြုလိုက်ရုံပဲ၊ အဲဒါကိုယူပြီး ထိုင်းနိုင်ငံနဲ့ ကိုက် ညီအောင်ပြုလုပ်ဖို့ ကျွန်တေ်တို့ ကြိုးစားနေပါတယ်။ အဲဒီလို ကြိုးစားနေတဲ့အခါမှာ ထိုင်းတစ်နိုင်ငံတည်းက နေ သူတို့ကိုခေါ်ပြီးရောရင် Bargaining Power မရှိတဲ့ အခါကျတော့ အခုဆိုရင် ASEAN 6 နဲ့ အတူတွဲပြီး လုပ်ဖို့ လက်ရှိစကားပြောနေကြပါတယ်။ သိပ်တော့ ဝေးဝေးလံလံတော့ မရောက်သေးပါဘူး။ လက်ရှိလုပ်ဖို့ ကြိုးစားနေတာပါ။

ပညာဗဟုသုတနဲ့ပတ်သက်လို့ သင်ယူခဲ့တာတွေ၊ လက်ရှိ သင်ယူနေတာတွေ…
ကျွန်တော်ကတော့ Learning ကတော့ တစ်ချိန်လုံးလုပ်နေပါတယ်။ ၂၀၀၆ ခုနှစ်မှာတုန်းက Chulalongkorn university မှာ Executive MBA တက်ပါတယ်။ (Executive MBA, Sasin School of Management of Chulalongkorn University ) အိုင်တီသမားဖြစ်နေတော့ ၂၀၁၄ မှာ MIT သွားတယ်။ ဒါကတော့ အိုင်တီသမားတိုင်းရဲ့ မျော်လင့် ချက်ဖြစ်တဲ့ MIT ကျောင်းသားဖြစ်ချင်တဲ့ကိစ္စပါ။ အဲဒီမှာ တစ်နှစ် စာသင်ပါတယ်။ (ACE, MIT Sloan School of Management)
၂၀၁၆ ခုနှစ်မှာ Harvard မှာ ၃ နှစ်တက်ပါတယ်။ တစ်နှစ်ကို၃ ပတ်နဲ့ တက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Certificate တစ်ခုထပ်ရပါတယ်။ (Graduate, Owner/President Management program, Harvard Business School) အဓိကကတော့ စာရွက်အတွက်မဟုတ်ပါဘူး။ အိုင်တီသမားဖြစ်နေတဲ့အတွက် ကျွန်တော်အမြဲတမ်း သင်ယူနေတဲ့
သဘောပါ။အခုကျွန်တော် CFA – Chartered Financial Analyst ဖြေဖို့ လုပ်နေပါတယ်။ အဲဒါက အဓိက Investor တွေ၊ Investment Professional တွေ အဓိက သင်ယူတဲ့ ဘာသာရပ်ပါ။ အဲဒါက Self Study လုပ်လို့ရပါတယ်။

အရှေ့တောင်အာရှနဲ့ ဒေသတွင်းနိုင်ငံတွေမှာ Digital Economy ရဲ့ အလားအလာနဲ့ Trend…
ကျွန်တော်တို့ Google နဲ့ Temasek နဲ့တွဲပြီး လုပ်ထားတဲ့ Survey တစ်ခုရှိပါတယ်။ သူတို့ နှစ်စဉ်ထုတ်ကြပါ တယ်။ SEA ရဲ့ e-Commerce Industry ဘယ်လိုပြုပြင် ပြောင်းလဲလာသလဲဆိုတာကို သူတို့ သေသေချာချာ စာရင်းစစ်တဲ့အခါမှာ Industry ၄ ခု ကတော်တော်ကို ကြီးထွားလာမယ်လို့ ခန့်မှန်းထားပါတယ်။ ပထမ Industry ကတော့ Travel Industry ၊ ဒုတိယ Industry ကတော့ Retail ဖြစ်ပါတယ်။ Online Retail Industry ။ တတိယ Industry ကတော့ Online Gaming Industry ။ စတုတ္ထ Industry ကတော့ Transportation Industry လို့ပြောနိုင်တဲ့ Ride-Hailing Industry ဖြစ်မယ်လို့ မျော်မှန်းထားပါတယ်။ အဲဒီ Industry တွေအကုန်လုံးက ၂၀ နဲ့ ၃၀ ရာခိုင် နှုန်း နှစ်စဉ်ကြီးထွားလာမယ်လို့ မျော်မှန်းထားပါတယ်။ လောလော ဆယ်တင်ပဲ ဒီ Industry တွေက အရှေ့တောင် အာရှရဲ့ e-Commerce Volume ထဲမှာ
အများဆုံးရှိနေတဲ့ Industry တွေလည်းဖြစ်ပါတယ်။ ဒီ Trend က ဆက်ပြီး နောက်လာမယ့် ၃ နှစ်မှာလည်း ဒီအတိုင်းပဲ ရှိနေလိမ့်မယ် လို့ မျော်လင့်ပါတယ်။ ကျွန်တော်တို့အနေနနဲ့ ဒီ Industry တွေပေါ်မှာ Focus ထားပြီး ဝန်ဆောင်မှုတွေပေးမယ်၊ Industry တွေအတွက် ဝန်ဆောင်မှုတွေပေးဖို့ ပြင်ဆင်ထား မယ်ဆိုရင် အဆင်ပြေတဲ့ ကုမ္ပဏီတွေ ၊ လုပ်ငန်းတွေ ဖြစ်လာမယ်လို့ထင်ပါတယ်။