၂၀၂၀ နှင့်အလွန်

၂၀၂၀ သည် မြန်မာနိုင်ငံအတွက် လွန်စွာအရေးပါသောနှစ်ဖြစ်ပါသည်။ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ လက်ရှိအစိုးရနှင့်ပြိုင်ဘက်ပါတီတို့၏ အားပြိုင်ပွဲဖြစ်ရာ ခေါင်းဆောင်များ၏အမြော်အမြင်၊ ဦးဆောင်မှု၊ အသင်းအဖွဲ့နှင့်လုပ်ဆောင်မှုစသည့် အရည်အချင်းများကို ပြသရမည်ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် ပါတီအားလုံးအနေဖြင့် မိမိတို့၏မတူညီသောနိုင်ငံရေးခံယူချက်များကို အကောင်အထည်ဖော်ရမည့်အစီအစဉ်များ၊ ဘတ်ဂျတ်များနှင့် အချိန်ဇယားများ ပြင်ဆင်နေရပြီ ဖြစ်ပါသည်။

ခေါင်းဆောင်များအနေဖြင့် အစစအရာရာနောက်ကျနေသေးသည့် ကျွန်တော်တို့နိုင်ငံကို လာမည့်အနာဂတ်တွင် နောင်လာနောက်သားများလက်ဝယ်ကမ္ဘာ့အလယ်တင့်တယ်စွာ ခေါင်းမော့နိုင်သူများဖြစ်ရန်အတွက်မူ မိမိတို့၏အတ္တများ၊ တစ်ကိုယ်ကောင်းဆန်မှုများကိုပယ်ချလျက် ဘုံအမျိုးသားရေးမဟာဗျူဟာရှိရန် လိုအပ်လှပါသည်။

ကျွန်တော်တို့၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပြင် ကဏ္ဍအသီးသီးရှိ လက်ရှိခေါင်းဆောင်များအနေဖြင့် …

– လက်ခံနိုင်စွမ်းထက်လျင်မြန်စွာပြောင်းလဲနေသည့်ခေတ်ကာလနှင့် အံဝင်ကိုက်ညီမည့် အနာဂတ်တွင် ယှဉ်ပြိုင်ရှင်သန်နိုင်မည့်ပေါ်လစီများရရှိရန်

– လူတော်များကိုမှန်ကန်စွာနေရာဖယ်ပေးခြင်းနှင့် နေရာပေးလုပ်ကိုင်စေရန်

မိမိထက်တော်သူများနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်အားနည်းခြင်းကို ဖယ်ရှားရန်

– ပတ်ဝန်းကျင်ရှိနိုင်ငံများထံမှ သင်ခန်းစာများကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသုံးသပ်ပြီး သင်ခန်းစာယူရန်၊ မိမိတို့နိုင်ငံနှင့်ကိုက်ညီစွာပြုပြင်ပြင်ဆင်တတ်ရန်

– အနည်းဆုံး နောင် ၁၅ နှစ်၊ နှစ် ၂၀ တွင်ခေါင်းဆောင်တာဝန်ယူနိုင်မည့်သူများကို နိုင်ငံတကာစံနှင့်အညီ ပြုစုပျိုးထောင်ထားရန်

– မြန်မာ့နည်းမြန်မာ့ဟန်နှင့် လုပ်ကိုင်ခြင်းကို ဆင်ခြင်ရန်
အမှန်တရားကို ရိုးသားစွာ၊ မှန်ကန်စွာ တင်ပြပြောဆိုဆွေးနွေးသည့် အကျင့်စရိုက်များ ထူထောင်ရန်တို့ဖြစ်ပါသည်။

‘Don’t try to win the battle but war’ဆိုသည့်အတိုင်း အမြော်အမြင်ကြီးစွာ နောင်လာနောက်သား မြန်မာများအတွက် သဘောထားကြီးစွာ ပြင်ဆင်သင့်ပါကြောင်း …။

မောင်သာ