ဝါရင်ဘတ်ဖက်၏ နောက်ဆုံးဖဲချပ်များ

article landscape wartermark final4

Berkshire Hathaway   ကုမ္ပဏီကြီးကို နှစ် ၅၀ မျ ၀ါရင်ဘတ်ဖက် (Warren Buffett) က ကိုင်တွယ်လည် ပတ်ခဲ့မှုသည် စီးပွားရေးလောက၌ အံ့သြဖွယ်အကောင်း ဆုံး အောင်မြင်ကြောတစ်ခုဖြစ်တော့သည်။ ရှေ့တွင်မည် သို့ အဆုံးသတ်လိမ့်မည်ဆိုသည်မှာ စိတ်ပါဝင်စားစရာ ကောင်းပေမည်။

ဤအချက်ကို The Economist စာစောင်က သူ့အား မေးမြန်းသောအခါ မစ္စတာဘတ်ဖက်က အမြဲ တမ်း အားရတက်ကြွနေသူပီသစွာဖြင့် ”နောင်နှစ် ၅၀ ကြာရင် ကျွန်တော်တို့နေ့လယ်စာအတူတူစားရင်း အမှန် တကယ်ရလဒ်နဲ့ စီမံကိန်းရေးဆွဲထားတာကို ယှဉ်ကြည့် ကြတာပေါ့” ဟု ပြန်လည်ဖြေကြားသည်။ (ထိုအချိန် ရောက်လျင် ဘတ်ဖက်အသက် ၁၃၄ နှစ် ရှိလိမ့်မည်။)

လာမည့်နှစ် ၅၀ အတွင်း ကုမ္ပဏီကြီးအဖို့ အကြီးဆုံးစိန်ခေါ်ချက်မှာ စီမံချက်အုပ်ချုပ်ရေးတာဝန်ခံသစ် များသို့ ကူးပြောင်းရေးဖြစ်သည်။ ဘတ်ဖက်၏အလုပ်ကို ဥက္ကဋ္ဌ၊ စီအီးအိုနှင့် ရင်းနှီးမြှုပ်နှံမှုအရာရှိချုပ်ဟူ၍ သုံးမျိုး ခွဲထုတ်လိုက်ရန် အစီအစဉ်ရေးဆွဲထားသည်။

ဈေးကွက်အရင်းပြုမှုဒေါ်လာ ၃၁၄ ဘီလီယံဖြင့် Berkshire Hathaway သည် အမေရိကန်နိုင်ငံ၏ ပဉ္စမ မြောက်တန်ဖိုးအကြီးမားဆုံး အများပိုင်ကုမ္ပဏီ Public Company  အဖြစ် Apple ၊ Exxon Mobil  ၊ Google နှင့် Microsoft တို့နောက်တွင် ရပ်တည်လျက်ရှိသည်။ သို့သော် ကုမ္ပဏီအနေဖြင့် ကြီးမားလာလေ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများ လုံလုံလောက်လောက်တွေ့ရှိရန် ခက်ခဲ လေဖြစ်သွားသည်။ Forbes မဂ္ဂဇင်းခန့်မှန်းချက်မှာ ဒေါ် လာ ဘီလီယံများစွာ ပရဟိတဒါနပြုလုပ်ထားသည့်တိုင် မစ္စတာဘတ်ဖက်၏ ကြွယ်ဝချမ်းသာမှုမှာ ဒေါ်လာ ၆၅ ဘီလီယံဖြင့် ကမ္ဘာ့တတိယအဆင့်ရှိသည်။

၂၀၁၃ ခုနှစ်၌ ကုမ္ပဏီသည် စံချိန်တင်အမြတ် ဒေါ်လာ ၁၉.၅ ဘီလီယံရရှိစေပြီး ထိုနှစ်ဧပြီလ ၂၃ ရက် ၌ စံချိန်တင်ရှယ်ယာတန်ဖိုးသို့လည်း ရောက်ရှိခဲ့သည်။ ဘတ်ဖက်၏ရေရှည်စီးပွားရေးပါတနာမှာ အသက် ၉၀ အရွယ်ရှိ Charlie Munger  ဖြစ်သည်။ ဘတ်ဖက် အနေဖြင့် မျော်လင့်အားကောင်းနေလေ့ရှိသော်လည်း အောင်မြင်ကြောမှန်သမျ တစ်နေ့နေ့ တွင် နိဂုံးချုပ်သည်ဟု ဆိုရပေမည်။

မစ္စတာဘတ်ဖက်၏အောင်မြင် ကြောမှာ ၁၉၆၄ ခုနှစ်ခန့်တွင် စတင်သည်။ သူဝယ်ယူခဲ့သော အထည်အလိပ်ထုတ် ကုမ္ပဏီ တစ်ခုမှာမူ တွက်ခြေမကိုက်၍ နောက်ဆုံး တွင် မပိတ်ချင်သော်လည်း ပိတ်လိုက်ရသည်။ မရှေးမနှောင်းမှာပင် သူ့အနေဖြင့် Berkshire Hathaway  ကုမ္ပဏီကို အသုံးချလျက် တခြားကုမ္ပဏီများကို ၀ယ်ယူ၊ သို့မဟုတ် အစုရှယ်ယာပါဝင်နေခဲ့သည်။ ယခုအခါ ယင်းကုမ္ပဏီကြီးသည် ကုမ္ပဏီ ၈၀ ကျော်ကို ပိုင်ဆိုင်ပြီး ရှစ်ခုမှာ အကယ်၍သာ သီးခြားစီးပွားရေးလုပ်ငန်းများဖြစ်ခဲ့ ပါက Fortune 500  စာရင်းဝင်ဖြစ်ကြလိမ့်မည်။Berkshire Hathaway  ကုမ္ပဏီက အစုရှယ်ယာ များများစားစားပိုင်ဆိုင် ထားသည့် ခိုင်မာသောစက်မှုရှယ်ယာထုတ် Blue Chip  အမေရိကန်ကုမ္ပဏီများတွင် American Express  ၊Coca-Cola  ၊Wells Fargo  တို့ ပါဝင်သည်။

မစ္စတာဘတ်ဖက်က ဈေးကွက်ကို အစဉ်တစိုက် အောင်နိုင်ခဲ့ခြင်းအကြောင်းမှာ သူနားလည်သည်ဟု ယုံ    ကြည်သော အရည်အသွေးကောင်းကုမ္ပဏီများကို ၀ယ်ယူ ခြင်းကြောင့်ဖြစ်သည်။ သူ အထူးနှစ်ခြိုက်သော အ၀ယ်ခံ ကုမ္ပဏီများတွင် လူကြိုက်များသည့် ကုန်အမှတ်တံဆိပ် ဖြစ်ခြင်း၊ သို့မဟုတ် အတော်အတန်လက်ဝါးကြီးအုပ်ထား ခြင်းစသည်ဖြင့် ပြိုင်ဘက်ကုမ္ပဏီများထက် အားသာချက်ရှိ သည်။ ထိုအားသာချက်ကို ဘတ်ဖက်က အကာအကွယ်ပေး ကျုံး (Moat) ဟူ၍ အမည်ပေးထားသည်။ ထို့ပြင် သူဦး စားပေးသောအချက်များမှာ အ၀ယ်ခံကုမ္ပဏီ၌ ခိုင်မာသော ကိုယ်ကျင့်တရားအလေ့အထရှိခြင်း၊ ငွေရရုံသက်သက်မဟုတ် ဘဲ သေသပ်ကောင်းမွန်စွာ အလုပ်လုပ်သော စီမံခန့်ခွဲသူများ ရှိခြင်းတို့ ဖြစ်ကြသည်။

ဈေးကွက်၏သဘောထားက မစ္စတာဘတ်ဖက်နှင့် ဆန့်ကျင်နေသည့်တိုင် သူ၏အခြေခံမူများကို ဆုပ်ကိုင်ထား သည်။ Dotcom ပူဖောင်းကာလ ၁၉၉၈ ခုနှစ်၊ ဇွန်လကုန် မှ ၂၀၀၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလကုန် ထိအတွင်း အလုံးစုံစ တော့ဈေးကွက်၌ အစုရှယ်ယာဈေးနှုန်း ၃၂ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး The New Economy  အဖို့မူ ၄၄ ရာခိုင်နှုန်းကျ ဆင်းခဲ့သည်။  The New Economy   ကို သူ နားမလည်ဟု ပြက်ရယ်ပြုခံရသော်လည်း သူနားမလည် သောကုမ္ပဏီများ၌ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ခဲ့သည့်အတွက် Dotcom ပူဖောင်း ပေါက်ကွဲပျက်ပြားသောအခါ သူ့အဖို့ အတော်အကျိုးရှိသွား ခဲ့သည်။

ဈေးကွက်က ဈေးနှိမ်နေသော်လည်း အရဲစွန့်ရမှု နည်းသည့်စတော့များကို ၀ယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့် Ber kshire Hathaway  သည် ရေရှည်၌ ဈေးကွက်ကို အောင် နိုင်သွားသည်ဟု လေ့လာချက်တစ်ခုက ဆိုသည်။ သို့သော် မကြာသေးမီ ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နှစ်များအတွင်း ယင်းကုမ္ပဏီ၏ဈေးကွက်တန်ဖိုးသညှ်S&P 500  အညွှန်းကိန်းအောက်နိမ့်သောနှုန်းဖြင့်သာ တိုးတက်နေခဲ့သည်။ ယင်း အခြေအနေမှာ အဓိကအားဖြင့် ၂၀၀၈ ခုနှစ် ဘဏ္ဍာရေး ပြို လဲပျက်စီးခြင်းကြောင့်ဟုဆိုနိုင်သည်။ မည်သို့ဆိုစေ ကုမ္ပဏီ၏ ပင်ကိုတန်ဖိုးကို အကြမ်းအားဖြင့် ဖော်ပြသော စာရင်းစာအုပ်အစုရှယ်ယာတစ်ခုတန်ဖိုးသည် မစ္စတာဘတ်ဖက်၏ပထမ ၃၄ နှစ်အတွင်း တစ်နှစ်လျင် ၂၅ ရာခိုင်နှုန်းတိုးတက် ခဲ့ရာမှ ၂၀၀၈ ခုနှစ်နောက်ပိုင်းတွင် ၉ ရာခိုင်နှုန်းသာ တိုး တက်တော့သည်။

article landscape wartermark final2

ဆင်ကုမ္ပဏီများကို ရှာဖွေရယူခြင်း

Berkshire Hathaway ကုမ္ပဏီပိုမိုကြီးမားလေ တိုးတက် ဖွံ့ဖြိုးမှုထိန်းထားရန် အရောင်းအ၀ယ်ကြီးကြီးပြုလုပ်ရလေ ဖြစ်သည်။ မစ္စတာဘတ်ဖက်နှင့် 3G Capital  တို့ Heinz စားကုန်ကုမ္ပဏီကို ၀ယ်ယူသောအခါ ယင်းမှာ ဒေါ်လာ ၂၃ ဘီလီယံတန်ဖိုးရှိသည်။ သူဝယ်ယူရန် ရည်မှန်းနေသည်ဆို သည့် Kellogg’s နံနက်စာကောက်နှံအစေ့အဆန် စားကုန် ထုတ်ကုမ္ပဏီမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၄ ဘီလီယံ ရှိသည်။

မစ္စတာဘတ်ဖက်သည် ချေးငွေကို ပိုမိုအသုံးချ လျက်ရှိသည်။ Leverage ခေါ် မိမိကုမ္ပဏီပိုင်ပစ္စည်းနှင့် ၀ယ်ယူမည့်ကုမ္ပဏီပိုင်ပစ္စည်းများကို အာမခံပြု၍ ငွေချေးယူ သည့်နည်းကို သူအသုံးချလေ့ရှိခဲ့သော်လည်း အသင့်အ တင့်မျသာ ဖြစ်သည်။ Berkshire Hathaway  သည် ငွေပုံ ကြီးတစ်ခုအပါအ၀င် ငွေဖြစ်လွယ်မှု လုံလုံလောက်လောက် ရှိနေအောင် အမြဲတမ်း ဂရုစိုက်လုပ်ကိုင်သည်။

Berkshire Hathaway  ၏ အမြောက်အမြား ငွေ ဖြစ်လွယ်မှုကြောင့် ပြီးခဲ့သည့် နိုင်ငံတကာ ဘဏ္ဍာရေးအ ကျပ်အတည်းအတွင်း ငွေအခက်အခဲကြုံကြသည့် Gold- man Sachs၊ GE   စသည်များအား ကူညီနိုင်ကာ အကျိုး အမြတ်များစွာရရှိခဲ့သည်။ ထိုအချိန်ကဆိုလျင် ငွေထက် မစ္စတာဘတ်ဖက်၏ထောက်ခံမှုက ပိုမိုတန်ဖိုးရှိခဲ့ပုံပေါက် သည်။ မည်သို့ဆိုစေ ဘတ်ဖက်အနားယူခါနီးအချိန်၌ ချေး ယူမှုကို ပိုမိုအသုံးချလာခြင်းမှာ ပူပန်စရာလက္ခဏာတစ်ခု ဖြစ်နိုင်ဖွယ်ရှိသည်။

မစ္စတာဘတ်ဖက်၏ စီမံခန့်ခွဲရေးအောင်မြင်မှုမှာ သူ့ရင်းနှီးမြှုပ်နှံမှုကဲ့သို့ပင် ထူးခြားအံ့သြစရာဖြစ်သည်။ Berkshire Hathaway  ၏အစုရှယ်ယာများသည် စာရင်း စာအုပ်ပါတန်ဖိုးထက် ၄၀ ရာခိုင်နှုန်းခန့် ပိုမိုရောင်းဝယ် နေသည်။ ထိုသို့အောင်မြင်ခြင်း၏ အကြောင်းရင်းတစ်စိတ် တစ်ပိုင်းမှာ အရင်းအနှီးခွဲဝေခြင်းအား ဌာနတွင်း ခြေရှုပ်မှု ၏ကိရိယာအဖြစ်သို့ မရောက်စေရန် မစ္စတာဘတ်ဖက် ကြိုး ပမ်းအားထုတ်သောကြောင့်ဖြစ်သည်။ များသောအားဖြင့် စီမံ ခန့်ခွဲရေးအဖွဲ့များအား လက်လွှတ်ထားနိုင်သည်ဟု မစ္စတာ ဘတ်ဖက်နှင့် Mr Munger  တို့ ယူဆကြသည်။  မစ္စတာ ဘတ်ဖက်လည်ပတ်လုပ်ကိုင်နေသော လုပ်ငန်းကုမ္ပဏီစုကြီး တွင် ၀န်ထမ်းသုံးသိန်းရှိပြီး ရုံးချုပ်၌ တဖြည်းဖြည်းတိုး လာခဲ့သောဝန်ထမ်းဦးရေ ၂၄ ဦးဖြစ်သည်။

Berkshire Hathaway ကုမ္ပဏီအနေဖြင့် ပြည်ပ စီးပွားရေးလောကတွင် မြေစမ်းခရမ်းပျိုးရုံမျရှိသေးသည်။ အထင်ရှားဆုံးပင်လယ်ရပ်ခြားရင်းနှီးမြှုပ်နှံမှုနှစ်ခုမှာ အစ္စရေး ကစက်ကိရိယာတန်ဆာပလာထုတ်လုပ်သည့် Iscar ကုမ္ပဏီ နှင့် တရုတ်နိုင်ငံက မော်တော်ကားထုတ်လုပ်သည့် BYD ကုမ္ပဏီတို့ ဖြစ်ကြသည်။ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအ တွက် အကောင်းဆုံးအလားအလာများမှာ ပြည်ပ၌ဖြစ်ဖွယ် ရှိသည်။

article landscape wartermark final3

ဘုတ်အဖွဲ့က လာမည့်အမှုဆောင်အရာရှိချုပ်အ ဖြစ် အဆိုပြုထားသူ အနည်းဆုံးသုံးဦးကို စဉ်းစားသုံးသပ် ထားကြောင်း ဘတ်ဖက်က ပြောဆိုသည်။ ယင်းတို့အနက် အစုရှင်များက လိုလားနှစ်သက်ဖွယ်ရှိသည့် Ajit Jain  မှာ မစ္စတာဘတ်ဖက် ယုံကြည်စိတ်ချသော တစ်ဆင့်အာမခံလုပ် ငန်း ထိပ်တန်းကျွမ်းကျင်သူဖြစ်သည်။ သို့သော် ယင်းအနေဖြင့် အဆိုပါရာထူးတာဝန်ကို မလိုချင်ကြောင်း ထင်ရှားစေခဲ့ပြီး ဟူ၍ စိစစ်သုံး သပ်သူများက ယုံကြည်ကြသည်။     ဘတ်ဖက်အား ဆက်ဆံရေးအစီအစဉ်၌ အပေါ် လွင်ဆုံးအားနည်းချက်မှာ သူ၏အကြီးဆုံးသား Howard ကုမ္ပဏီဥက္ကဋ္ဌဖြစ်လာမည်ဟု ဘတ်ဖက်က ကြေညာထားခြင်း ဖြစ်သည်။ Howard သည် ဘုတ်အဖွဲ့ဝင်အဖြစ် နှစ် ၂၀ ကျော်ထမ်းဆောင်ထားပြီး စိုက်ပျိုးရေးသမား၊ ဓာတ်ပုံ ရိုက် ကူးသူနှင့် ဖခင်မှပေးထားသည့် ဒေါ်လာ တစ်ဘီလီယံ ဖောင် ဒေးရှင်းဖြင့် ပရဟိတဒါနရှင်လည်းဖြစ်သည်။ သူ့တာဝန် မှာ ကုမ္ပဏီ၏အလေ့အထယဉ်ကျေးမှုနှင့် ကိုယ်ကျင့်တရား များထိန်းသိမ်းရေးကို ဗဟိုပြုလိမ့်မည်ဟု မျော်လင့်ရသည့် တိုင် မျိုးရိုးအမွေဆက်ခံမှုမူကို အပြင်းအထန်ဝေဖန်သည့် မစ္စတာဘတ်ဖက်စီနီ ယာအနေဖြင့် ထူးထူးဆန်းဆန်းခန့်ထား မှုဖြစ်နေသည်။ Howard ဆက်ခံမည့်ဘုတ်အဖွဲ့တွင် ဖခင် နှင့် Mr Munger  တို့၏မိတ်ဆွေများ အဓိကပါဝင်ကြဖွယ်ရှိ သည်။ ယခုအခါ ဘုတ်အဖွဲ့သည် မျော်လင့်ထား သည်ထက် ပိုမိုချောမောအဆင်ပြေစွာ လည်ပတ်ဆောင်ရွက်နေသည်။ သို့သော် Mr Munger  အဆိုအရ ဘတ်ဖက်က သူတို့ဘာ ပြောမည်ဆိုတာကို သိနေတယ်။ လူတိုင်းကလည်း သူပြော မယ့်အချက်အာ ဏာတည်သွားမယ်ဆိုတာကို သိနေကြတယ်” ဟုဆိုသည်။ ပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသောဘုတ်အဖွဲ့၏ လှုပ်ရှားမှုနှင့် အင်အားအနေအထားသည် ခေတ်ကာလမ ကောင်းပါက အလွယ်တကူ ဆိုးရွားသွားနိုင်သည်။ သြဇာ အရှိဆုံးဘုတ်အဖွဲ့ဝင်ဒါရိုက်တာမှာ Microsoft ပူးတွဲတည် ထောင်သူနှင့် ပရဟိတအလှူရှင်  Bill Gates ဖြစ်လာဖွယ် ရှိသည်။ သူသည်ထင်မြင်ချက်ခိုင်မာပြတ်သားကာ လူတုံး လူညံ့များကို ကြည်ကြည်ဖြူဖြူ သည်းခံဖွယ်မရှိပေ။

စီအီးအိုသစ်သည် ဘတ်ဖက်အလွန် ဘုတ်အဖွဲ့ ၏ယုံကြည်မှုရရှိရန် အားထုတ်ရမည်ဖြစ်ပြီး သူပြောဆိုသည် များ ထိရောက်မည်ဟု ယုံကြည်နိုင်ရန် အချိန်အတော်ကြာ ဖွယ်ရှိသည်။ မစ္စတာဘတ်ဖက်ထက် ပို၍နှေးကွေးသော၊ ပိုမိုဗျူရိုကရေစီဆန်သော ဆုံးဖြတ်ချက်ချမှတ်မှုဖြစ်စဉ် မ ပေါ်ပေါက်ဟုဆိုပါက အံ့အားသင့်စရာဖြစ်ဖွယ်ရှိတော့မည်။ ဘတ်ဖက်သည် သူ့အဆိုအရ ဒေါ်လာဘီလီယံများစွာရှိသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ရေချိုးရင်း ခြေသိမ်းခေါင်းပိုက် ဆင် ခြင်သုံးသပ်ကာ အတည်ပြုနိုင်ခဲ့ဖူးသည်။

၁၉၆၉ ခုနှစ်က ခေတ်အခြေအနေ မပေး၍ဟုဆို ကာ Buffett Partnership  ခေါ် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ် ခုကို မစ္စတာဘတ်ဖက်ရပ်စဲခဲ့ဖူးသလို ယခုတွင်လည်း ဆက် ခံမည့်သူများအား မတန်တဆ တာဝန်လွှဲအပ်မည့်အစား Berkshire Hathaway  ကို အစိတ်စိတ်အမြွှာမြွှာ ခွဲခြမ်း လိုက်သင့်ကြောင်းဖြင့် အချို့က အကြံပြုသည်။

သို့သော် သူတည်ဆောက်ထားသည်ကို ဖြိုခွဲပစ် ရန် ဘတ်ဖက်စိတ်ဝင်စားပုံမပြပါ။ သူသက်သေထူလိုဟန်ရှိ သည်မှာ သူ့လုပ်နည်းကိုင်နည်းများမှာ သူ့အတွက်သာမ ဟုတ်ဘဲ ပုံစံတကျဖွဲ့စည်းကာ မန်နေဂျာမျိုးဆက်သစ်အား လွှဲအပ်၍ Berkshire Hathaway  ကို ဆက်လက် ဖွံ့ဖြိုးစည်ပင်စေနိုင်လိမ့်မည်ဟု ဆိုပါသည်။ သူက အရဲစွန့်၍ လက်ဆင့်ကမ်းအမွေပေးမည့် သူတို့အနေဖြင့်ကား ကြီးမား လှသောကုမ္ပဏီကြီးတစ်ခု တိုးချဲ့ရေးပြဿနာကို ဖြေရှင်း နည်းမှာ ယင်းကို အပိုင်းပိုင်းခွဲခြားကာ တိုးတက်နှုန်းအား ကောင်းသည့်အပိုင်းများကိုသာ ထိန်းသိမ်းထားခြင်းဟူသော ဆွဲဆောင်မှုကို ပို၍ ပို၍ ရင်ဆိုင်ရဖွယ်ရှိပေသည်။

သူ၏တာဝန်သက်တမ်းနောက်ပိုင်း Berkshire Hathaway  ၏ အနာဂတ်ဆိုင်ရာ သူ၏ထင်မြင်ချက်များ ကို ၂၀၁၅ ခုနှစ်၌ အစုရှင်များထံပို့မည့်သ၀ဏ်လွှာ၌ စူး စိုက်တင်ပြမည်ဟု မစ္စတာဘတ်ဖက်က ပြောဆိုခဲ့သည်။ ထိုစာမှာ ဖတ်ချင့်စဖွယ်ဖြစ်လောက်သည်။ ပြဿနာမေးခွန်း ကို ရှောင်တိမ်းခဲ့ပါမူ ၂၀၆၄ ခုနှစ်၌ သူနှင့်ဖြစ်စေ၊ သူ့ကို ဆက်ခံသည့်သူနှင့်ဖြစ်စေ သူပြောခဲ့သလို နေ့လယ်စာအတူ သုံးဆောင်ရင်း လေ့လာသုံးသပ် ရပေတော့မည်။

ခင်အောင် (အင်္ဂလိပ်စာ)

                               Ref: The Economist