ရေနံဈေးတွေ နှစ်နဲ့ချီပြီး ကျနေဦးမယ်လို့ ကျွမ်းကျင်သူတစ်ဦးကဆို
အခုအခါ ရေနံတွင်းတူးသမားတိုင်းလိုလိုဟာ ရေနံကို လျှော့ထုတ်နေကြပြီဖြစ်တယ်။ တစ်ဖက်မှာလည်း ရေနံဈေးတွေကျနေတာကို အခွင့်ကောင်းယူပြီး ဈေးပေါပေါနဲ့ရတဲ့ လောင်စာစွမ်းအင်ကို ကားသမားတွေက ပိုသုံးစွဲလာကြတဲ့အတွက် ရေနံသုံးစွဲမှုဟာ မြင့်တက်လာနေပါတယ်။ Exxon Mobil ရဲ့ CEO ကတော့ ရေနံဈေးနှုန်းတွေဟာ နှစ်အတော်ကြာအောင် အေးနေဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: CNN Money