တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဆောက်လုပ်လှူဒါန်းတဲ့ ပရဟိတကျောင်းဆောင်သစ် ရေစက်ချလှူဒါန်းပွဲ

Tawwin 9

Tawwin 6

Tawwin 5

တော်ဝင်မိသားစုကုမ္ပဏီရဲ့ CSR လှုပ်ရှားမှုတစ်ခုအဖြစ် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကနေ ဆောက်လုပ် လှူဒါန်းထားတဲ့ တော်ဝင်မင်္ဂလာလူနေအိပ်ဆောင်နဲ့ တော်ဝင်မင်္ဂလာခန်းမ ရေစက်ချလှူဒါန်းပွဲကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်က အဆိုပါအဆောက်အဦးတည်ရှိရာ တွံတေးမြို့နယ် ဘုရားကြီးစံပြကျေးရွာရှိ ဘုရား ကြီးမင်္ဂလာတိုက်ကျောင်း မင်္ဂလာလူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပွဲမှာ တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ ဦးကိုကိုထွေး၊ ဗိုလ်ကလေးဦးတင့်အောင်နဲ့အတူ တာဝန်ရှိသူတွေက တော်ဝင်မင်္ဂလာခန်းမကို စက်ခလုတ်နှိပ်ကာ ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တော်ဝင် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ဥက္ကဌ ဦးကိုကိုထွေးက လှူဒါန်းရခြင်းအကြောင်းနဲ့အတူ ကျေးဇူးတင်စကားပြောကြားပြီး လှူဒါန်းမှုအစုစုကို ရေစက်ချကာ အမျှပေးဝေခဲ့ကြပါတယ်။

အဆိုပါတော်ဝင်မင်္ဂလာလူနေဆောင်ဟာဆိုရင် အကျယ်အ၀န်းအားဖြင့် အလျားပေ ၁၀၀ ၊ အနံ ပေ ၃၀ ကျယ်ဝန်းတဲ့ နှစ်ထပ်အဆောက်အဦးဖြစ်ပြီး တော်ဝင်မင်္ဂလာခန်းမဆောင်ကတော့ အလျား ၁၀၈ ပေ၊ အနံ ၄၅ ပေ ကျယ်ဝန်းတဲ့ နှစ်ထပ်အဆောက်အဦးဖြစ်ပါတယ်။ လူပေါင်း ၂၀၆ ယောက်စာကုတင်နဲ့ ပရိဘောဂအသုံး အဆောင်တွေအပါအ၀င် စုစုပေါင်းလှူဒါန်းကုန်ကျငွေဟာဆိုရင် သိန်းပေါင်း သုံးထောင်ကျပ်တိတိဖြစ်တယ်လို့ သိရပါတယ်။

Tawwin 8

Tawwin 2

Tawwin 7

Tawwin 1