အောင်မြင်သူတို့ ပြုလေ့ရှိသောအချက်ပေါင်း ၁၀၀

အောင်ကို (တောင်ငူ)

ယခင်လမှ အဆက်

၂၃။ ကျန်းမာအောင်နေပါ။

သင့်ကျန်းမာရေးကောင်းမွန်လျင် သင်ပျော်ရွှင်မည်ဖြစ်သည်။ သင့်ကျန်းမာရေးကောင်းမွန်ပြီး ပျော်ရွှင်လျင်သင်လိုချင်သော အရာအားလုံးမဟုတ်သည့်တိုင် သင်လိုအပ်သမျသောကြွယ်ဝမှုကို ပိုင်ဆိုင်နေပြီဖြစ်သည်။

Elbert Hubbard

အလုပ်ပြင်းထန်စွာလုပ်လွန်းခြင်း၊ ဖိစီးမှုများလွန်းခြင်း၊ အားအင်ကုန်ခန်းခြင်းတို့မှ သင့်ကျန်းမာရေးဝန်ဆောင်မှုအတွက် လုံလောက်ရုံငွေရရှိမည်ဆိုလျင် မည်သို့မျအဓိပ္ပာယ်ရှိပါတော့မည်နည်း။ ဤကဲ့သို့သော အဖြစ်အပျက်မျိုးကို ကျွနု်ပ်နှင့်အတူအလုပ်လုပ်သူတို့၏ ဘဝများအတွင်း မကြာခဏတွေ့နေရသည်။

– ကျွနု်ပ်အဖို့ လေ့ကျင့်ခန်းလုပ်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာစားရန်အချိန်မရှိပါ။ သို့သော် ကျွနု်ပ်လုပ်နေသည့် အလုပ်အကိုင်မျိုးအတွက်တော့ ဤအရာသည်အဆန်းမဟုတ်ပါ။

– ၁၁၀ ရာခိုင်နှုန်းနဲ့ နောက်ထပ်နှစ်အနည်းငယ်လောက်ဆက်သွားလိုက်ဦးမှာပါ၊ ပြီးရင်တော့ အလုပ်ကနားပြီး အေးအေးဆေးဆေးနေတော့မှာပါ။

– ကျွနု်ပ်အလုပ်လျော့လုပ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင်နေရင် မိသားစုတွေကို ဘယ်လိုထောက်ပံ့မလဲ သူတို့မှာအတိုင်းအတာတစ်ခုထိ ငွေကြေးလိုအပ်မှုနဲ့မျော်လင့်ချက်တွေရှိနေမှာပဲ။

– ကျွနု်ပ်ဝလွန်းနေတယ်ဆိုတာသိတယ်။ ဒါပေမဲ့ ဒီအသက်အရွယ်မှာ လေ့ကျင့်ခန်းစလုပ်ဖို့ဆိုတာကတော့ သိပ်နောက်ကျနေပြီထင်တယ်။

လူအတော်များများမှာ ငွေရှာပြီးအလုပ်ရပ်နားမှ ကျန်းမာရေးဂရုစိုက်ရန် စီမံကိန်းဆွဲထားသူများဖြစ်ကြကြောင်းတွေ့ရသည်။ ဝမ်းနည်းဖို့ကောင်းသည်က အထောက်အထားများအရအလုပ်မှအနားယူပြီးသည်နှင့်တစ်ပြိုင်နက် သင့်ကျန်းမာရေးကျဆင်းမှုနှုန်းသည် အလွန်လျင်မြန်သွားလေ့ရှိသည်ဟုသိရှိရခြင်းပင်။ အင်္ဂလန်နိုင်ငံ IEA အဖွဲ့၏ ၂၀၁၃ ခုနှစ်လေ့လာမှုတစ်ခုတွင် အလုပ်မှအနားယူခြင်းသည် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှင့်ကိုယ်တိုင်သုံးသပ်သည့်ကျန်းမာရေး အခြေအနေများကို ကျဆင်းစေသည်ဟု သုံးသပ်ထားသည်။ လွန်ကဲစွာ အလုပ်လုပ်ခြင်းသည် မည်သူ့ကိုမှအကျိုးမပြုပါ။

အသက်ရှည်ရှည် ကျန်းမာစွာနေထိုင်ရမည့်အခွင့်အရေးကို လျော့ပါးစေမည်သာဖြစ်သည်။ ကြီးကျယ်ခမ်းနားသောအိမ်ကြီး၊ ကားလှလှလေးနှင့် ဘဏ်စုငွေမြောက်မြားစွာတို့အတွက် သင့်ကျန်းမာရေးနှင့် အသက်ရှည်မှုကို စတေးနိုင်ပါသလား။ လက်တွေ့လုပ်ဆောင်ခြင်းသင့်ကျန်းမာရေးကို သင့်အဓိကကြွယ်ဝမှုတစ်ခုအဖြစ်သတ်မှတ်ပါ။ ငွေကြေးဆိုသည်မှာ သင့်အတွက် အဆင်မပြေသောနှစ်များရှိနိုင်ပြီး ရှိသမျအကုန်လုံးပင်ဆုံးရှုံးသွားလျက်နောက်တစ်နှစ်တွင် အားလုံးတစ်ဖန်ပြန် လည်ရရှိခြင်းမျိုးလည်းဖြစ်နိုင်ပေသည်။ သင့်ကျန်းမာရေးနှင့် ပတ်သက်၍မူကား ရှိသမျဆုံးရှုံးသွားပြီဆိုလျင် အချိန်ကာလတိုအတွင်း ပြန်လည်ရရှိနိုင်မည်မဟုတ်ပေ။ သင့်ဘဝတစ်လျောက်လုံး သင့်ကျန်းမာရေး၏ကဏ္ဍမျိုးစုံအား စောင့်ရှောက်ဖို့ ဆုံးဖြတ်ချက်အခိုင်အမာချထားရန် လိုအပ်သည်။

– ကိုယ်လက်ဆန့်တန်းခြင်း၊ လမ်းလျောက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် ပြေးခြင်းစသည့်လေ့ကျင့်ခန်းများလုပ်ပါ။ အပြေးလေ့ကျင့်သည့်အသင်းသို့ဝင်ပါ၊ အတူရေကူးဖော်ရှာပါ။ သင့်ခန္ဓာကိုယ်ကျန်းမာရေး ထိန်းသိမ်းရန်အတွက် လိုအပ်သမျလုပ်ဆောင်ပါ။ နေ့စဉ်လမ်းလျောက်လေ့ရှိသည့် အကျင့်ရအောင်လုပ်ပါ။ UK မှ မကြာမီကပြုလုပ်သော လေ့လာမှုတစ်ခု၏ တွေ့ရှိချက်အရ နေ့စဉ်မိနစ်နှစ် ၂၀ခန့် အမြန်လမ်းလျောက်ခြင်းသည် သင့်အသက်ကို ခုနစ်နှစ်ခန့်ပိုရှည်စေပြီး ရုတ်တရက် နှလုံးရောဂါရနိုင်သည့် ရာခိုင်နှုန်းကို သိသာစွာလျော့နည်းစေသည်။

– ဖိစီးမှုများလွန်းခြင်း၊ အလုပ်ပြင်းထန်စွာ လုပ်ခြင်း၊ စိတ်ပူပန်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းနှင့် အားအင်ကုန်ခန်းစေမည့်အလုပ်များကို ရှောင်ရှားခြင်းဖြင့် သင့်စိတ်ကျန်းမာရေးကို ထိန်းသိမ်းပါ။ များသောအားဖြင့် အချိုးညီအောင်နေထိုင်ခြင်းနှင့် အလုပ်ကို လိုအပ်သည် ထက်ပိုမလုပ်ခြင်း စသည့်အချက်များတွင် အဖြေရှိနေပြီး၊ နောက်ကျောနာကျင်ခြင်း၊ ဇက်ကျောတောင့်တင်းခြင်း တို့ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာခံစားမှုများကို စတင်မခံစားရမီ အရေးယူဆောင်ရွက်ဖို့လိုအပ်မည်ဖြစ်သည်။

– စိတ်ခံစားမှုကြောင့် အားအင်ကုန်ခန်းစေမည့်သူများနှင့် အခြေအနေများမှ ရှောင်ရှားပါ။ သင့်စိတ်ကျန်းမာရေးကို တန်ဖိုးထားပါ။ မနာလိုဖြစ်နေသည့် လုပ်ဖော်ကိုင်ဖက်တစ်ဦး၊ အရာရာစွက်ဖက်လေ့ရှိသောအထက်အရာရှိ၊ အမြဲတစေသင့်ကို မျက်နှာပျက်စေသည့် မိသားစုဝင်တစ်ဦး စသည်တို့ဖြစ်နိုင်ပေသည်။ စိတ်ပိုင်းဆိုင်ရာအားနည်းခြင်းသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပေသည်။- သင်လုပ်သည့်အရာများတွင် အဓိပ္ပာယ်ကိုရှာဖွေခြင်းအားဖြင့် သင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိန်းသိမ်းပါ။

အဓိပ္ပာယ်မရှိ သို့မဟုတ် ငြီးငွေ့ဖွယ်ကောင်းသည်၊ အချိန်ဖြုန်းနေသည်၊ စိတ်ဝင်စားဖွယ်မကောင်းဟုထင်ရသည့် အလုပ်များကိုရှောင်ကြဉ်ပါ။ စိတ်ဝေဒနာနှင့် ခံစားမှုဆိုင်ရာကျန်းမာရေးချို့ယွင်းချက်များနည်းတူ ဤအရာများသည်လည်း သင့်ခန္ဓာကိုယ်ကိုအားနည်းစေမည်ဖြစ်သည်။

၂၄။ ခွင့်လွှတ်ပါ။

ခွင့်လွှတ်ခြင်းဆိုသည်မှာ ချုပ်နှောင်ခြင်းခံထားရသူတစ်ဦးအား လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး၊ ထိုချုပ်နှောင်ခြင်းခံနေရသူမှာ သင်ကိုယ်တိုင်ဖြစ်နေကြောင်း သိလိုက်ရခြင်းပင်ဖြစ်သည်။

Louis B. Smedes

ခွင့်လွှတ်ရန်ငြင်းဆိုခြင်းသည် မည်သူ့ကိုမျ မည်သည့်အကြောင်းကြောင့်မျ ကောင်းသောခံစားမှုကိုမပေးနိုင်ပေ။ လုပ်သမျအရာအားလုံးသည် စိတ်အနှောင့်အယှက် ဒေါသနှင့်မနာလိုမှု စသည့်ခံစားချက်များကို ဖက်တွယ်ထားလျက် မည်သည့်အခါမျကောင်းနိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးအပေါ်စိတ်ဆိုးဒေါသထွက်ပြီး ခွင့်မလွှတ်နိုင်ခြင်းသည် ကိုယ်တိုင်အဆိပ်သောက်ထားပြီးတစ်ဖက်လူသေဆုံးသည်ကို စောင့်ကြည့်နေသော သူတစ်ဦးနှင့်တူသည်ဟု ဖတ်ခဲ့ရဖူးသည်။

အောင်မြင်သောဘဝတစ်ခုကိုဖန်တီးရန် သင့်ကိုနာကျင်စေခဲ့သူ၊ သင့်ကို စော်ကားခဲ့သူများကို ခွင့်လွှတ်ရမည်ဖြစ်ပြီး သူတို့၏ လုပ်ရပ်မှန်ကန်သောကြောင့်၊ သူတို့ပြုခဲ့သမျတို့ကို ခွင့် လွှတ်နိုင်သောကြောင့်မဟုတ်ဘဲ ခွင့်လွှတ်ခြင်းက သင့်အားလွတ်လပ်သောအနာဂတ်၊ ပို၍ပြည့်စုံကောင်းမွန် သောဘဝကို ပေးမည့်အတွက်ကြောင့်ဖြစ်သည်။ ခွင့်လွှတ်ခြင်းအားဖြင့် သင်ရှေ့သို့ဆက်သွားနိုင်မည်ဖြစ်သည်။ ကိုယ်တိုင်ဒဏ်ခတ်ထားသည့် အဆိုးမြင်ခံစားမှုအကျဉ်းထောင်မှ လွတ်မြောက်စေမည်ဖြစ်သည်။ ဤအချက်ကိုသဘောပေါက်ရန် လွန်စွာအရေးကြီးသည်။ သင်ကိုယ်တိုင်၏ကောင်းကျိုးအတွက် အခြားသူများအား ခွင့်လွှတ်ရမည်ဖြစ်သည်။

ခွင့်လွှတ်ခြင်းသည် အားနည်းချက်တစ်ခုမဟုတ်။ သင်အမှန်တကယ်ထိခိုက် ခံစားရခြင်းမဟုတ် ကြာင်း သို့မဟုတ် စိတ်ဆိုးဒေါသထွက်ခြင်းသည်မှားကြောင်း စသည်တို့ကို သက်သေပြရန်မဟုတ်ပေ။ အခြားသူများအား သင်ခွင့်လွှတ်လိုက်သောအချိန်တွင် သင်နှင့်သင့်အပြုအမူများကြောင့် ဖြစ်ပေါ်ရသည့်ခံစားမှုများအတွက် ကျွနု်ပ်ဆက်လက် အချိန်ဖြုန်းနေစရာမလိုတော့ပါဆိုသည်ကို ပြောကြားလိုက်ခြင်းဖြစ်သည်။ ရှေ့ဆက်သွားနိုင်သည့် ခွန်အားကိုပြသလိုက်ခြင်းဖြစ်သည်။ လူ အများအားသင်တန်းပေးနေစဉ် ကျွနု်ပ်၏ကဏ္ဍမှာ ယင်းတို့အား ယင်းတို့ကိုယ်တိုင်အပါအဝင် အခြားသူများကို ခွင့်လွှတ်ခြင်းအားဖြင့် ဖြေလွှတ်ကာရှေ့ဆက်သွားနိုင်ရန် ကူညီရန်ဖြစ်သည်။အခြားသူများအားခွင့်လွှတ်ခြင်းသည် ထပ်မံယုံကြည်နိုင်ရန် သင်ယူလေ့ကျင့်ခြင်းနှင့်ယှဉ်တွဲလေ့ရှိသည်။

ဆက်ဆံရေးတစ်ခုတွင် ဆိုးဆိုးဝါးဝါးတစ်ခုခုဖြစ်ခဲ့ပြီဆိုလျင် ထိုဆက်ဆံရေးကိုကျောခိုင်းထွက်သွားခြင်း သို့မဟုတ် ပြန်လည်တည်ဆောက်ခြင်းတို့အနက် သင်ကြိုက်ရာရွေးချယ်နိုင်သည်။ ခွင့်လွှတ်ခြင်းသည် အယုံအကြည်မရှိသည့် အဆိုးမြင်ခံစားချက်များကို ပယ်ဖျက် ပေးပြီး၊ ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ခွင့်ပေးပါသည်။အောင်မြင်သည့်ဘဝတစ်ခုဖန်တီးရန် သင့်ကိုထိခိုက်နာကျင်စေသူ အမှားပြုသူတို့အား ခွင့်လွှတ်နိုင်ရမည်ဖြစ်သည်။လက်တွေ့လုပ်ဆောင်ခြင်း ခွင့်လွှတ်ရန်လိုအပ်သောအခြေအနေများတွင် ရိုးသားဖြောင့်မတ်ပါ။အခြားသူများအား ခွင့်လွှတ်ရန်အကြောင်းကိစ္စတစ်စုံတစ်ရာမရှိပါဟု တွေးခြင်းဖြင့် ကျွနု်ပ်တို့ကိုယ်ကျွနု်ပ်တို့ ကြိမ်ဖန်များစွာပြန်လည်လှည့်စားနေကြသည်။

– အလုပ်ထဲမှာရာထူးတိုးတဲ့အထဲ ကျွန်တော်ကျန်နေခဲ့တဲ့အတွက် စိတ်မဆိုးပါဘူး။

– အတူအလုပ်လုပ်သူက အကြံဉာဏ်တွေ ခိုးယူသွားပြီး သူကိုယ်တိုင်တီထွင်ခဲ့တဲ့ ပုံစံနဲ့တင်ပြခဲ့တာ ပြဿနာမရှိပါဘူး။

– မဟုတ်ပါဘူး၊ ကျွန်တော့်အဖော်ဖောက်ပြန်တာနဲ့ ပတ်သက်လို့ ဘယ်လိုမှစိတ်ထဲမထိခိုက်ပါဘူး။ သင်ငြင်းပယ်နေသည့် ကိစ္စရပ်များအနက် မည်သည့်ကိစ္စရပ်က သင့်အားထိခိုက်နာကျင်စေခဲ့သနည်းဆိုသည်ကို ပြန်စဉ်းစားကြည့်ပါ။

အများအမြင်တွင် အားလုံးအဆင်ပြေနေကြောင်း ဟန်ဆောင်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်မလိမ်ပါနှင့်။ တစ်ခါတစ်ရံ ကျွနု်ပ်တို့၏ခံစားချက်အမှန်ကို မဖော်ပြလိုကြပါ။ ပြဿနာမရှိပါ။အရေးကြီးသည့်အချက်မှာ ခွင့်လွှတ်ရမည့်အချိန်ကိုက်နှင့် အခိုက်အတန့်တို့ကို ရွေးချယ်တတ် ရန်ဖြစ်သည်။ ထို့အတွက် အချိန်ယူရခြင်းသည် ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ ကြာကောင်း ကြာနိုင်သည်။ ထိုထက်ပို၍လည်းကြာနိုင်သည်။ သင်ယုံကြည်စိတ်ချရသူတစ်ဦးအား သင့်ခံစားချက်များ၊ ခွင့်လွှတ်ရခြင်းနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဖွင့်ပြောခြင်းအားဖြင့် သင့်အတွက်အထောက်အကူဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ခွင့်လွှတ်မည့်နည်းလမ်းများ ကိုယ်တိုင်ရှာဖွေပါ။မည်သည့်ပုံစံဖြင့် ခွင့်လွှတ်မည် ဆိုသည်မှာကား သင့်ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည်။ သို့သော် ခွင့်လွှတ်ရန် အဆင်သင့်ဖြစ်နေကြောင်း မိမိကိုယ်မိမိ ဦးစွာသေချာမှု ရှိပါစေ။

အချို့ဖြစ်ရပ်များတွင် တစ်ဖက်လူအားပြောပြရန် ဆုံးဖြတ်ခဲ့ပြီး၊ အမှန်တကယ်စာဖြင့် ရေးသားပေးပို့ခြင်းက ပိုမိုစိတ်သက်သာရာရစေမှာဖြစ်သည်။ ယင်းတို့အနေနှင့် ထိုကဲ့သို့ ခွင့်လွှတ်ခြင်းမျိုးလိုအပ်ခြင်း၊ မလိုအပ်ခြင်းနှင့် အလိုရှိခြင်း၊ မရှိခြင်းသည် အကြောင်းမဟုတ်ပေ။ သို့မဟုတ် အခြားတစ်နည်းအားဖြင့် ထိုပုဂ္ဂိုလ်တစ်စုံတစ်ဦး အား သင်ခွင့်လွှတ်၍ သင့်ဘဝကိုရှေ့ဆက်သွားမည့်အကြောင်း သင့်မိသားစုနှင့် ရင်းနှီးသောမိတ်ဆွေများကိုသာ ပြောပြခြင်းပြုနိုင်သည်။ အရေးကြီးသည့်အချက်မှာ တစ်စုံတစ်ဦးအားခွင့်မလွှတ်နိုင်သောကြောင့် စုဆောင်းနေသော ကောင်းကျိုးမပြုသည့်ခံစားချက်အလုံးစုံအား ဖွင့်ချစွန့်လွှတ်လိုက်ရန်ဖြစ်သည်။