အိပ်မပျော်တဲ့ရောဂါကို ကုသနိုင်မယ့် သဘာဝကုထုံး ၁၀ ခု

ညအိပ်ရာဝင်တဲ့အချိန်မှာ သင်ဟာမျက်နှာကြက်ကို ကြည့်လိုက်၊ မျက်စိအကျယ်ကြီးဖွင့်လိုက်၊ စိတ်ပျံ့လွင့်လိုက်ဖြစ်ပြီး ကောင်းသောအိပ်စက်ခြင်းဆိုတာ သင့်အတွက်အိပ်မက်တစ်ခုလိုသာ ခံစားနေရတယ်ဆိုရင် ဒါဟာသင်တစ်ယောက်တည်းမဟုတ်ပါဘူး။

National Sleep Foundation ရဲ့ ပြောကြားချက်အရ နှစ်စဉ်နှစ်တိုင်းမှာ လူကြီး ၄၀ ရာခိုင်နှုန်းက အိပ်မပျော်တဲ့ရောဂါစွဲကပ်နေပြီး ၁၅ ရာခိုင်နှုန်းလောက်ကတော့ နာတာရှည်အိပ်မပျော်တဲ့ရောဂါခံစားနေရတယ်လို့ဆိုပါတယ်။ အိပ်ရေးမဝခြင်းဟာ သင့်ရဲ့ ကိုယ်ခံအားကိုကျဆင်းစေပြီး ဆီးချိုရောဂါ၊ နှလုံးရောဂါတွေဖြစ်စေနိုင်ကာ ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်စေပါတယ်။ ဒါကြောင့် အိပ်မပျော်တဲ့ရောဂါကို ကုသနိုင်မယ့် သဘာဝနည်းလမ်းဆယ်ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ဘယ်အရာက သင့်ကိုနှိုးထစေတာလဲဆိုတာ ဆန်းစစ်ပါ။

တချို့ဆေးတွေနဲ့ စိတ်ကျရောဂါဟာ အိပ်မပျော်ခြင်းကို ဖြစ်ပွားစေပေမယ့် အဓိကဖြစ်ပွားစေတဲ့ အကြောင်းအရာတွေကတော့ စိုးရိမ်ကြောင့်ကြမှုများခြင်းကြောင့်ပဲဖြစ်ပါသည်။ တကယ်လို့ သင်ဟာ အိပ်မပျော်တဲ့ရောဂါကို မကြာခဏခံစားရတယ်ဆိုရင် အရက်မသောက်တာ၊ ဒါမှမဟုတ် TV မကြည့်တာတို့ကို ပြုလုပ်ပြီးဖြစ်မှာပါ။ ဆေးသောက်တာတို့၊ ဇိမ်ရှိတဲ့ အိပ်ရာခေါင်းအုံးတွေနဲ့ အိပ်တာတို့ကိုလည်း ပြုလုပ်ပြီး ဖြစ်မှာပါ။

အိပ်စက်တာနဲ့ပတ်သက်တဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြောကြားချက်အရ တခြားလုပ်ဆောင်နိုင်တဲ့အချက် တွေရှိပါသေးတယ်တဲ့။ ဒါကြောင့် အရင်ဆုံး ဘယ်အရာက သင့်ကိုအိပ်မရအောင်ပြုလုပ်နေတာလဲဆိုတာကို ဆန်းစစ်လိုက်ပါ။

၂။ ကောင်းမွန်စွာအိပ်ပျော်နိုင်ဖို့ ငြိမ့်ညောင်းတဲ့ တီးလုံးသံလေးနားထောင်ပါ။

သင်ဟာ အိပ်မပျော်ဘူးဆိုရင် တီးလုံးအေးအေးလေးတွေ နားထောင်ပါ။ မအိပ်ခင်တီးလုံးတွေ နားထောင်တဲ့ သက်ကြီးရွယ်အိုတွေဟာ နားမထောင်တဲ့လူတွေထက် ပိုအိပ်ပျော်နိုင်တယ်ဆိုတာကို တွေ့ရှိရပါတယ်။

၃။ လှုပ်ကုလားထိုင်မှာ အနားယူပါ။

ကလေးလေးတွေဟာ မိခင်ရဲ့လက်မောင်းပေါ်မှာဆို အိပ်ပျော်တာပိုမြန်တယ်ဆိုတာ သင်သိမှာပါ။ ဒါလူကြီးတွေနဲ့ အတူတူပဲလို့ သုတေသနပညာရှင်တွေက ပြောပါတယ်။ ပုခက်ပေါ်မှာ အိပ်တာက ရိုးရိုးအိပ်ရာပေါ်မှာ အိပ်တာထက်ပိုပြီး အိပ်ပျော်တာမြန်ဆန်စေပါတယ်။ ဒါကြောင့် ပုခက်နဲ့ဆင်တူတဲ့လှုပ်ကုလားထိုင်မှာ အနားယူပြီး အိပ်ချင်စိတ်ကို တိုးလာအောင်လုပ်ပါ။

၄။ မအိပ်ခင် တစ်နာရီအလိုလုပ်ဆောင်ရမယ့် အရာတွေရှိပါတယ်။

အိပ်စက်ခြင်းဆိုတာ အဖွင့်အပိတ်လုပ်လို့ရတဲ့ ခလုတ်တစ်ခုမဟုတ်ပါဘူး။ အိပ်ရာမဝင်ခင်တစ်နာရီကို သုံးပိုင်းပိုင်းလိုက်ပါ။ ပထမမိနစ် ၂၀ မှာ လုပ်စရာရှိတာတွေကို အဆုံးသတ်လိုက်ပါ။ နောက်မိနစ် ၂၀ မှာ သွားတိုက်၊ မျက်နှာသစ်ပြီး အဝတ်အစားလဲလိုက်ပါ။ နောက်ဆုံးမိနစ် ၂၀ မှာတော့ အိပ်ရာပေါ်ကို ဖြည်းဖြည်းတက်ပြီး သင့်ရဲ့ အသက်ရ၏ရှူသံတိုင်းကို အာရုံစိုက်ပါ။ ပြီးတော့ မကောင်းတဲ့အတွေးတွေအားလုံးကို နှင်ထုတ်လိုက်ပါ။

၅။ လွယ်ကူတဲ့ ယောဂလေ့ကျင့်ခန်း ပြုလုပ်ပါ။

အကြောတွေလျော့သွားဖို့ ခေါင်းလှည့်လေ့ကျင့်ခန်း၊ ပခုံးလေ့ကျင့်ခန်းတွေပါဝင်တဲ့ ယောဂလေ့ကျင့်ခန်းကို ၁၅ မိနစ်ခန့်လုပ်ပါ။

၆။ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်ပါ။

၂၀၁၀ ပြည့်နှစ်မှာထွက်ရှိတဲ့ Northwestern University ရဲ့ သုတေသနအရ အေရိုးဗစ်လေ့ကျင့်ခန်းလုပ်တဲ့သူ တွေဟာ သာမန်လူတွေထက် ပိုမိုအိပ်ပျော်နိုင်တယ်လို့ သိရပါတယ်။

၇။ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ပါ။

မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ခြင်းက နေ့လယ်နဲ့ညနေဘက် လေ့ကျင့်ခန်းလုပ်ခြင်းထက် ပိုမိုအိပ်ပျော်စေပါတယ်။ Appalachian State University ရဲ့သုတေသနပညာရှင်တွေ ပြောကြားချက်အရ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်သူရဲ့ ၈၅ ရာခိုင်နှုန်းက အိပ်ပျော်ပြီး ၇၅ ရာခိုင်နှုန်းကတော့ နှစ်ခြိုက်စွာ အိပ်ပျော်ကြပါတယ်။

၈။ အိပ်ရာဝင်ခါနီး ချယ်ရီသီးဖျော်ရည်သောက်ပါ။

အရက်က သင့်ကို အိပ်ပျော်အောင်ပြုလုပ်နိုင်ပေမယ့် သင့်ရဲ့တစ်ညတာအိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ချယ်ရီသီးဖျော်ရည်ကတော့ သင့်ရဲ့အိပ်စက်ခြင်းကို အထောက်အကူပြုနိုင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်မှာ ထုတ်ဝေတဲ့ Journal of Medicinal Food ရဲ့ ဖော်ပြချက် အရ တစ်နေ့ကို ချယ်ရီသီးဖျော်ရည် နှစ်ကြိမ်သောက်တဲ့သူဟာ ယမကာသောက်တဲ့သူထက်ပိုပြီး အိပ်ပျော်တယ်လို့ သိရပါတယ်။

၉။ သိပ်အစောကြီးမအိပ်ပါနဲ့။

သင်တအားပင်ပန်းနေရင်တောင်မှ သင့်ပုံမှန်အိပ်ချိန်ရဲ့ မိနစ် ၃၀ လောက်ပဲ စောပြီးအိပ်ခြင်းဟာ သင့်ရဲ့ ပုံမှန်အသက်ရှူနှုန်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တကယ်လို့ သင်ဟာညဘက်မှာ အိပ်မပျော်ရင်တောင်မှ နေ့ဘက်မှာ မအိပ်ပါနဲ့။

၁၀။ Weekends မှာ ပိုအိပ်ခြင်းကို ရှောင်ရှားပါ။

Tenn State College က ဆေးသုတေသနပညာရှင်တွေရဲ့ ပြောကြားချက်အရ သင်ဟာ Weekday မှာ မအိပ်ဖြစ်တဲ့အကြွေးကို Weekends မှာ အစားထိုးပြီးအိပ်လို့မရပါဘူးတဲ့။ ဒါကြောင့် Weekday မှာပဲ သင့်တော်တဲ့အချိန်ကို အိပ်ပေးပါ။ ဥပမာပြောရရင် သင်က ည ၁၁း၃၀ မှာ အိပ်မယ်ဆိုရင် ရက်အနည်းငယ်မှာ ၁၁း၃၀ မှာ အိပ်ပါ။ ပြီး ရင် ၁၁ နာရီ၊ ၁၁ နာရီကနေ ၁၀း၄၅ ကနေ သင်သတ်မှတ် ထားတဲ့အချိန်ရောက်တဲ့အထိပေါ့။