အလေ့အကျင့်သစ်မွေးမြူရန် နည်းလမ်း ငါးသွယ်

အလေအကျင့်တစ်ခုကို ဘယ်လိုမွေးမြူရမလဲဆိုတာကိုနားလည်ခြင်းက ယေဘုယျအနေနဲ့ သင့်ရဲ့ဘဝ၊ ပျော်ရွှင်မှုနဲ့ကျန်းမာရေးစတာတွေ တိုးတက်ကောင်းမွန်လာမှုတွေအတွက် အရေးကြီးပါတယ်။ ဒါ့အပြင် တခြားအကြောင်းအရာတွေလည်း အများကြီးရှိနေပြီးတော့အလေ့အကျင့် တော်တော်များများဟာ ကျင့်ယူဖို့တော်တော်ခက်ခဲပါတယ်။

ဒီပြဿနာကိုဖြေရှင်းဖို့ရန် အကျင့်ဆိုးတွေကိုလွယ်ကူစွာ စွန့်လွှတ်နိုင်ဖို့နဲ့ အလေ့အကျင့်သစ်မွေးမြူဖို့ လွယ်ကူပြီး အမှန်တကယ်အသုံးဝင်တဲ့နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။ သင့်ရဲ့အလေ့အကျင့်တွေကို ပြောင်းလဲပစ်ဖို့ အောက်မှာဖော်ပြထားတဲ့ အခြေခံအချက်တွေက အကျိုးရှိစေမှာပါ။

၁။ လွယ်ကူတဲ့ အလေ့အကျင့်တစ်ခုကိုပဲ စတင်မွေးမြူပါ။

လူတော်တော်များများက အလေ့အကျင့်အသစ်တစ်ခုကိုကျင့်ယူတော့မယ်ဆိုရင် သူတို့တွေက ”ငါတို့စိတ်ကို တွန်းအားပေးဖို့လိုသေးတယ်၊ ဒါမှမဟုတ် ငါမင်းလိုစိတ်စွမ်းအားမျိုးရချင်လိုက်တာ” ပြောကြပါတယ်။ ဒါဟာ မှားယွင်းတဲ့အယူအဆတစ်ခုပါ။ သုတေသီတွေကတော့ စိတ်စွမ်းအင်ဆိုတာ ကြွက်သားတွေလိုပါပဲလို့ ပြောကြပါတယ်။ ဒါကို သင်တစ်နေကုန်အသုံးပြုမယ်ဆိုရင် ပင်ပန်းလာစေမှာပါ။ စဉ်းစားစရာ အခြားနည်းလမ်းကတော့ သင့်ရဲ့စိတ်ဝင်စားမှုအပြောင်းအလဲပါပဲ။ အတက်အကျရှိတယ်လေ။ ဒီပြဿနာကို ဖြေရှင်းဖို့ စိတ်ဝင်စားစရာမလိုတဲ့ အပြောင်းအလဲလေးတစ်ခုနဲ့စတင်လိုက်ပါ။ တစ်ရက်အကြိမ် ၅၀ လောက် လေ့ကျင့်မယ့်အစား ငါးကြိမ်လောက်စလုပ်ကြည့်ပါ။ တစ်ရက် ၁၀ မိနစ် တရားထိုင်မယ့်အစား တစ်မိနစ်လောက်ပဲ စတင်လေ့ကျင့်ကြည့်ပါ။ စိတ်ဝင်စားဖို့ လုံးဝမလိုတဲ့အပြောင်းအလဲလေးတစ်ခုနဲ့ စတင်လေ့ကျင့်ကြည့်လိုက်ပါ။

၂။ လွယ်ကူတဲ့နည်းလမ်းနဲ့သင့်ရဲ့အလေ့အကျင့်ကို တိုးတက်လာပါစေ။

၁ ရာခိုင်နှုန်းလောက် တိုးတက်အောင်မြင်အောင်လုပ်ဖို့ဆိုတာ တကယ်လွယ်ကူပါတယ်။ ဒါပေမဲ့ ၁ ရာခိုင်နှုန်းထက် ပိုနည်းတာနဲ့ စတင်လိုက်ပါ။ ကြီးမားတဲ့အပြောင်းအလဲတစ်ခုကို စလုပ်တာထက် အသေးအမွှားလေးတစ်ခုနဲ့စတင်ပြီး တဖြည်းဖြည်းတိုးတက်အောင်မြင်လာအောင် ပြုလုပ်ပါ။ သင့်ရဲ့စိတ်စွမ်းအင်နဲ့ စိတ်ဝင်စားမှုမြင့်မားလာတာနဲ့အမျ သင့်ရဲ့အလေ့အကျင့်ကို တစ်သက်တာစွဲမြဲလာစေမှာပါ။

၃။ အလေ့အကျင့်သစ်တွေ မွေးမြူသလို အကျင့်ဟောင်းတွေကို စွန့်လွှတ်ပါ။

နေ့စဉ် ၁ ရာခိုင်နှုန်းလောက် အလေ့အကျင့်တွေကို မွေးမြူမယ်ဆိုရင် နှစ်လ၊ သုံးလအတွင်းမှာ တော်တော်တိုးတက်လာတာကို သင်သတိထားမိပါလိမ့်မယ်။ သင့်ရဲ့တိုးတက်မှု စွမ်းအားနဲ့လွယ်ကူစွာအောင်မြင်စေတဲ့အပြုအမူတွေကို ထိန်းသိမ်းဖို့နဲ့ သင့်ရဲ့သင့်လျော်တဲ့အလေ့အကျင့်ဟောင်းတွေကို ထိန်းသိမ်းဖို့အလွန်အရေးကြီးပါတယ်။ မိနစ် ၂၀ လောက် တရားထိုင်ဖို့လေ့ကျင့်တာလား။ အစမှာ ၁၀ မိနစ်စီ နှစ်ခါ လောက် ခွဲထိုင်ကြည့်လိုက်လေ။ တစ်ရက်အကြိမ် ၅၀ စီ လေ့ကျင့်မှာလား။ ၁၀ ကြိမ်စီငါးခါလောက် လေ့ကျင့်တာက သင့်ကိုပိုပြီး လွယ်ကူစေတာပေါ့။

၄။ လမ်းကြောင်းတွေနဲ့ လွဲချော်သွားရင်လမ်းကြောင်းပေါ်ကို ပြန်ရောက်အောင် ချက်ချင်းလုပ်ပါ။

အောင်မြင်သူတွေလည်း အမှားပြုလုပ်ကြပါတယ်။ အမှားတွေကို ဝန်ခံကြပါတယ်။ ပြီးတော့ တခြားလူတွေလိုပဲ အမှားတွေကို စွန့်လွှတ်လိုက်ကြပါတယ်။ သာမန်ထက် ထူးခြားတာကတော့ သူတို့တွေဟာ မှားမှန်းသိသိချင်း အမှန်ပြင်လိုက်ကြတာပါပဲ။ သုတေသီတွေကတော့ ”မိမိရဲ့အကျင့်ကို တစ်ခါလောက်လုပ်ဆောင်ဖို့ ပျက်ကွက်တာဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သင့်ရဲ့ရေရှည်တိုးတက်မှုစီမံကိန်းမှာ ဘယ်အနှောင့်အယှက်မှ ရှိလာမှာမဟုတ်ပါဘူး” လို့ ပြောကြပါတယ်။ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ရမယ်ဆိုတဲ့ သင့်ရဲ့သဘောထားကို စွန့်ပစ်လိုက်ပါ။ သင်ရှုံးနိမ့်မှာကို မမျော်လင့် သင့်ပေမဲ့ ရှုံးနိမ့်ဖို့အတွက်တော့ ပြင်ဆင်ထားရပါလိမ့်မယ်။ မင်းရဲ့အကျင့်ကို မပြုလုပ်ဖို့ ဘယ်အရာကတားဆီးနေ တယ်ဆိုတာကို အချိန်အနည်းငယ်ပေးပြီး ဆင်ခြင်ကြည့်လိုက်ပါ။ ဘယ်အရာက သင့်ရဲ့အလေ့အကျင့်ကိုတားဆီးနေတာလဲ။ ဘယ်အရေးကြီးတဲ့နေ့စဉ်အလုပ်က သင့်ရဲ့အကျင့်ကို မလုပ်ဖြစ်စေတာလဲ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သင်ဘယ်လိုအစီအစဉ်ဆွဲမလဲ။ ဒါမှမဟုတ် သင်ဒါတွေကို စွန့်လွှတ်ပြီး သင့်ရဲ့လမ်းကြောင်းမှန်ကိုပဲ ပြန်လျောက်မှာလား။ သင့်မှာ ခိုင်မာတဲ့သဘောထားရှိဖို့တော့ လိုပါတယ်။ အတိအကျကြီးတော့ မဟုတ်ဘူးနော်။ အလေ့အကျင့်တစ်ခုကို လုပ်ဆောင်ဖို့ နှစ်ခါမပျက်ကွက်တဲ့လူတစ်ယောက်ကို စံနမူနာယူကြည့်ပါ။

၅။ သည်းခံပါ။

သေချာလုပ်ကိုင်နိုင်တာကို စွဲမြဲစွာဆောင်ရွက်ပါ။ သည်းခံမှုကို သင်ယူတယ်ဆိုတာ အရည်အချင်းတွေအားလုံးရဲ့ အဓိကသော့ချက်ဖြစ်နိုင်ပါတယ်။ သင့်မှာ ခိုင်မာတဲ့သဘောထားနဲ့သည်းခံနိုင်စွမ်းသာရှိမယ်ဆိုရင် အံ့သြသင့်ဖို့ ကောင်းလောက်အောင် တိုးတက်ဖို့ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘူး။ သင်အားကစားရုံမှာ အလေးမတဲ့အခါ အလေး ပိုတိုးလိုက်မယ်ဆိုရင် သင်ထင်ထားတာထက် ပိုပြီး နှေးသွားနိုင်တယ်ဆိုတာ သတိထားမိမှာပေါ့။ ဒီလိုပဲ သင့်ရဲ့လုပ်ငန်းတွေကို ချဲ့ထွင်မယ်ဆိုရင် သင်ကောင်းကောင်းထိန်းချုပ်နိုင်တယ်လို့ ထင်ထားတဲ့ပမာဏထက် ပိုပြီး နည်းတဲ့ပမာဏနဲ့ စတင်သင့်ပါတယ်။ အစစအရာရာ သည်းခံပါ။ အထူးသဖြင့် အစပိုင်းမှာ အလေ့အကျင့်သစ်တစ်ခုကို မွေးမြူမယ်ဆိုရင် ပေါ့ပေါ့ပါးပါးပဲ သဘောထားသင့်ပါတယ်။ သင့်မှာ ခိုင်မာတဲ့သဘောထား ရှိရင် သင့်ရဲ့အလေ့အကျင့်တွေကလည်း မြန်မြန်ဆန်ဆန် စွဲမြဲလာမှာပါ။ ရာသက်ပန်အကျင့်တစ်ခု ဖြစ်လာမှာပေါ့။

Ref : entreprencur.com