အလုပ်အတွက်လုံလောက်တဲ့ လူ့အရင်းအမြစ်၊ ငွေအရင်းအမြစ်၊ စက်ပစ္စည်းစတာတွေမပြည့်စုံဘဲ စီမံခန့်ခွဲလုပ်ကိုင်တဲ့အခါ

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)

အလုပ်အတွက် လုံလောက်တဲ့ လူ့အရင်းအမြစ်၊ ငွေအရင်းအမြစ်၊ စက်ပစ္စည်းစတာတွေမပြည့်စုံဘဲ စီမံခန့်ခွဲလုပ်ကိုင်တဲ့အခါ နောက်ဆက်တွဲအကျိုးဆက်တွေကိုသိချင်ပါတယ်။

စီးပွားရေးလုပ်ငန်းတစ်ခုကို အကျိုးရှိအောင်၊ တိုးတက်အောင်လုပ်ဖို့ဆိုတဲ့နေရာမှာ ဘောဂဗေဒ အသုံးအနှုန်းနဲ့ ပြောရင် Land ၊ Labour ၊ Capital ဆိုတာဟာ စီးပွားရေးရဲ့အခြေခံအရင်းခံပါပဲ။ ဒါတွေမပြည့်စုံဘဲ စီးပွားရေးလုပ်တယ်ဆိုတာက စီးပွားရေးလုပ်ငန်းလုပ်တာမဟုတ်ဘဲ ဝင်ငွေရလခ၊ အတိုးရဖို့လုပ်တာမျိုးအပြင် ကုမ္ပဏီဖွဲ့ပြီးရှယ်ယာထုတ်ရောင်းတဲ့လုပ်ငန်းတွေမှာ ရှယ်ယာဝယ်၊ နှစ်စဉ်အမြတ်ဝေစုယူပြီး နေထိုင်စားသောက်တဲ့ပုံစံမျိုးလို့ ဆိုရပါမယ်။

စီးပွားရေးလုပ်ချင်ပေမယ့်လိုအပ်တဲ့အရာတွေ အပြည့်အစုံမရှိဘူးဆိုရင်လည်း စီးပွားရေးလုပ်ငန်းဖြစ်လာဖို့ တစ်ခုခုနဲ့တော့စနိုင်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ကိုယ့်မှာပညာရပ်တစ်ခုခုကိုကျွမ်းကျင်မှုနဲ့ လုပ်နိုင်တဲ့အရည်အချင်းရှိရင် ပထမဦးဆုံးကိုယ့်လုပ်ငန်းကျွမ်းကျင်မှု အတွက် ထိုက်ထိုက်တန်တန် ဝင်ငွေရတဲ့အလုပ်မှာဝင်ပြီး ငွေအရင်းအနှီးစုဆောင်းတာမျိုး လုပ်ရမှာပါ။

ကိုယ့်မှာ ငွေရှိပေမယ့် အကြောင်းကြောင်းကြောင့် ကိုယ်တိုင်စီးပွားရေးမလုပ်ခဲ့ဖူးဘူးဆိုရင် အတိုးရမယ့်လုပ်ငန်း၊ အမြတ်ေ၀စုရမယ့်မြှုပ်နှံမှု စတာတွေအတွက် စီးပွားရေးလုပ်နေတဲ့ မိတ်ဆွေအရင်းအချာတွေနဲ့ လုပ်ငန်းမိတ်ဖက်ပါတနာလုပ် ပြီး ဥပဒေနဲ့အညီ စနစ်တကျလုပ်နိုင်ပါတယ်။ မြေနေရာ ကောင်း၊ စက်မှုပစ္စည်းစတာတွေ ပိုင်ဆိုင်ထားတယ်ဆိုပေ မယ့် ဒါတွေကိုအသုံးမချဘဲ ဒီအတိုင်းပဲထားတဲ့ ပိုင်ရှင်မျိုးအတွက်ကတော့ စီးပွားတိုးတက်တဲ့အခြေအနေ မရှိ တာမျိုးလည်း ဖြစ်တတ်ပါတယ်။