အလုပ်ရှင်က ကိုယ့်မန်နေဂျာရဲ့ အမှား၊ အပြုအမူဆိုးတွေကို သိပေမယ့် လုပ်သက်ကြောင်ဖြစ်စေ၊ တာဝန်ယူထားမှုတချို့ကြောင့်ဖြစ်စေ ခွင့်လွှတ်ထားတဲ့အခါ

အလုပ်ရှင်က ကိုယ့်မန်နေဂျာရဲ့ အမှား၊ အပြုအမူဆိုးတွေကို သိပေမယ့် လုပ်သက်ကြောင်ဖြစ်စေ၊ တာဝန်ယူထားမှု တချို့ကြောင့်ဖြစ်စေ ခွင့်လွှတ်ထားတဲ့အခါ ဘာတွေဖြစ်လာနိုင်ပါမလဲဆိုတာကို ဒေါက်တာဒေါ်ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)မှ အကြံပြုဖြေကြားပေးထားပါတယ်။

မေးခွန်းထဲမှာ ပါတဲ့အတိုင်းဆိုရင်တာ့ သူ့နေရာအတွက် အစားထိုးဖို့ လူရှာတဲ့ကိစ္စကိုအဓိထားပြီး အချိန်ပါသတ်မှတ်ပြီး လုပ်ရမှာပဲဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ချပြီး လုပ်ရတော့မယ့်ကိစ္စကို ရွှေ့လာတာလည်းကြာခဲ့ပြီ၊ သူ့ဘက်ကို ပြန်ကြည့်တော့ ကောင်းတဲ့ဘက်ကို ပြောင်းလာတဲ့အလား အလာကိုလည်း မျော်လင့်နိုင်မယ်မထင်ဘူး။

ဒီလိုအခြေ အနေမျိုးဆိုရင် အစားထိုးဖို့ဆုံးဖြတ်ပြီး လိုအပ်တဲ့ပြင် ဆင်မှုတွေလုပ်ဖို့ လိုပါလိမ့်မယ်။ တာဝန်အချို့ကို သူ့ဆီက နေပြန်လွှဲယူပြီး ဒီအတိုင်းမဖြစ်နိုင်တော့တာကိုလည်း နားလည်စေသင့်ပါတယ်။ လိုအပ်တဲ့ပြောင်းလဲမှုနဲ့ ဆုံးဖြတ်ချက်တွေ မလုပ်ဘူးဆိုရင်တော့ ကောင်းတဲ့အခြေအနေဘက်ကို အလိုအလျောက် ရောက်လာလိမ့်မယ်လို့ မျော်လင့်ထားလို့မရပါဘူး။ အကျိုးဆက်လို့ပြောနိုင်မှာကတော့ အထက်လူကြီးရဲ့မပြတ်သားမှုကို အခွင့်အရေးအဖြစ် ဆက်ယူသွားနိုင်ပါတယ်။