အရည်အသွေးမြင့် Fabric Conditioner တံဆိပ် Comfort ကို Unilever က မိတ်ဆက်

Unilever ရဲ့ကမ္ဘာ့အဆင့်မီ Fabric Conditioner တံဆိပ်ဖြစ်တဲ့ Comfort မိတ်ဆက်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel မှာကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို သရုပ်ဆောင်အကယ်ဒမီ ဖွေးဖွေးအပါအဝင် အခြား အနုပညာရှင်များစွာလည်း တက်ရောက်ချီးမြှင့် ခဲ့ကြပါတယ်။

Comfort ကို ကမ္ဘာကျော်ရေမွှေးပညာရှင်များနဲ့ ပူးပေါင်းဖန်တီးခဲ့ပြီး နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ရေမွှေးရနံ့များရဲ့ အငွေ့အသက်များပါဝင်အောင် ထည့်သွင်းထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဆိုပါ Fabric Conditioner အသစ်ကို Elegance နဲ့ Romance အဖြစ် နှစ်မျိုးရရှိနိုင်မှာဖြစ်ပြီး 20 ml နှင့် 600 ml အထုပ်များဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

Unilever ဟာ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ အစားအစာ၊ အဖျော်ယမကာ၊ အိမ်သုံးနှင့် လူသုံးကုန်ပစ္စည်းများကို ဖြန့်ဖြူးရောင်းချနေတဲ့ လုပ်ငန်းကြီးတစ်ခုဖြစ်ပါတယ်။