အင်တာနက်ပေါ်က သက်တမ်းအကြာဆုံးစီးပွားရေးလုပ်ငန်းကြီးတစ်ခု ဒေါ်လာကိုးဘီလီယံနဲ့ ရောင်းထွက်သွားပြီ

Web ပေါ်ကသက်တမ်းအကြာဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ရှင်သစ်ရသွားပါပြီ။ ကမ္ဘာ့အကြီးဆုံးအွန်လိုင်းကြော်ငြာငယ်များ ကုမ္ပဏီတစ်ခုတည်ထောင်ဖို့ နော်ဝေးနိုင်ငံက Adevinta က eBay ရဲ့ကြော်ငြာငယ်များလုပ်ငန်းကို (Classifieds) အမေရိကန်ဒေါ်လာ ၉.၂ ဘီလီယံနဲ့ ဇူလိုင်လကုန်ပိုင်းလောက်ကဝယ်ယူခဲ့ပါတယ်။ Google နဲ့ Facebook ခေတ်မှာ ဒီကြော်ငြာငယ်လုပ်ငန်းဟာ သိပ်ပြီးကြီးကျယ်လွန်းတဲ့လုပ်ငန်းတစ်ခုတော့မဟုတ်ပါဘူး။ အင်တာနက်ရဲ့ကြော်ငြာဝင်ငွေဒေါ်လာ ၁၂၅ ဘီလီယံရှိတဲ့အထဲက ကြော်ငြာငယ်လုပ်ငန်းဟာ ၂၀၁၉ ခုနှစ်မှာ ၃ ရာခိုင်နှုန်းပဲရှိပါတယ်လို့ ဒစ်ဂျစ်တယ်ကြော်ငြာလုပ်ငန်းရဲ့ တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းဖြစ်တဲ့ Interactive Advertising Bureau ကထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ တချိန်တုန်းကတော့ World Wide Web ရဲ့အများဆုံးကြော်ငြာတဲ့ နေရာတွေမှတော့ Craigslist နဲ့ eBay Classifieds ဖြစ်လာမယ့် ကနဦးကမ္ပဏီတို့ဟာစိုးမိုးထားခဲ့တာဖြစ်ပါတယ်။ EBAY Classifieds Group ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကစတင်ခဲ့တာဖြစ်ပြီး eBay ကိုတော့ Auction Web အနေနဲ့ စတင်အသက်သွင်းခဲ့တာဖြစ်ပါတယ်။ DBA ရဲ့ကြော်ငြာငယ်လုပ်ငန်းဟာ ကနဦးက DBA ဖြစ်ပါတယ်။ DBA ဆိုတာက ၁၉၇၀ ပြည့်နှစ်ကျော်လောက်ကစခဲ့တဲ့ ဒိန်းမတ်နိုင်ငံက ကြော်ငြာငယ်လေးတွေ သီးသန့်ထုတ်ဝေတဲ့သတင်းစာဖြစ်ပါတယ်။ Jerry and David’s Guide to World Wide Web ဟာ Yahoo ဖြစ်သွားတာ လအနည်းငယ်ကြာပြီးတဲ့အချိန် ၁၉၉၅ ခုနှစ်က DBA က ဝက်ဘ်ဆိုဒ် စတင်ခဲ့ပါတယ်။ EBay က DBA နဲ့ (တစ်ကမ္ဘာလုံးက ကြော်ငြာငယ်လုပ်ငန်းတွေ တော်တော်များများ) ကို ၂၀၀၈ ခုနှစ်မှာဝယ်ပြီး eBAY Classifieds Group ဆိုပြီးဖွဲ့လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီကြော်ငြာလုပ်ငန်းဟာ eBay ရဲ့အဓိက E-commerce မျော်မှန်းချက်တော့ မဟုတ်သေးပါဘူး။ Classifieds က ၂၀၂၀ ပြည့်နှစ် ပထမသုံးလမှာ ဒေါ်လာ ၂၄၈ သန်းပဲရတဲ့အတွက် ကုမ္ပဏီဝင်ငွေစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကျော်လေးပဲရှိပါတယ်။ အဓိကမကျဘဲ ဘေးဝင်ငွေရတဲ့လုပ်ငန်းတွေ (Skype ၊ Paypal နဲ့ Stubhub) က ဝင်ငွေတွေရနေပါလျက်နဲ့ ယခုအခါ eBay ကသူ့ကြော်ငြာငယ်လုပ်ငန်းကိုဖြုတ်ချလိုက်တာဟာ သူ့ရဲ့ပြိုင်ဘက်ကြီးဖြစ်တဲ့ Amazon (AMZN) နဲ့ ပိုပြီးယှဉ်ပြိုင်နိုင်ဖို့ ဖြစ်ပါတယ်။

သေးသေးကွေးကွေး၊ သန့်သန့် ပြန့်ပြန့် eBay

eBay ကအခုလိုရောင်းချလိုက်တာဟာ Elliott Management လိုရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီကြီးတွေရဲ့ ဖိအားပေးတာကြောင့် ၂၀၁၉ ခုနှစ်၊ မတ်လကကြေညာခဲ့တဲ့ မဟာ ဗျူဟာကျတဲ့သုံးသပ်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ eBay က StubHubကို Viagogo ကို နိုဝင်ဘာလက ဒေါ်လာလေးဘီလီယံနဲ့ ရောင်းချလိုက်ခဲ့ပါသေးတယ်။ အခု BAY Classifieds Group အရောင်းအဝယ်မှာ eBay ကငွေသားအမေရိ ကန်ဒေါ်လာ ၂.၅ ဘီလီယံနဲ့ Adevinta ရဲ့ ရှယ်ယာသန်း ၅၄၀ (ကုမ္ပဏီရဲ့စုစုပေါင်းရှယ်ယာရဲ့ ၄၄ ရာခိုင်နှုန်း) ရရှိမှာဖြစ်ပါတယ်။ ဒီနည်းနဲ့ eBay က ကမ္ဘာ့ကြော်ငြာလုပ်ငန်းငယ်ကဏ္ဍမှာဆက်လက်ပါဝင်ပတ်သက်နေဦးမှာဖြစ်သလို ငွေသားအမြတ်လည်းရရှိခဲ့တာဖြစ်ပါတယ်။ အော်စလိုစတော့ဈေးကွက်မှာ မနှစ်ကစပြီးအရောင်းအဝယ်လုပ်ခဲ့တဲ့ Adevinta ရဲ့ ရှယ်ယာဟာ ဒီအဝယ်သတင်းကြောင့် ၃၂ ရာခိုင်နှုန်းတက်သွားခဲ့ပါတယ်။