အခြေအနေနှင့်ကိုက်ညီစွာခေါင်းဆောင်ခြင်း

Different Leadership Styles – ခြားနားသောခေါင်း ဆောင်မှုဟန်များ
ခေါင်းဆောင်မှုပုံစံကို အခြေအနေလိုအပ်ချက်နှင့် ကိုက်ညီအောင် ဆောင်ရွက်ခြင်းအားဖြင့် လိုအပ်သလို ပြီး မြောက်နိုင်သည်။

မည်သည့်ခေါင်းဆောင်မှုဟန်သည် အကောင်းဆုံးဖြစ်သည်ကိုဆုံးဖြတ်ရန်မှာ အကြောင်းအရာ ကိစ္စ၊ မည်သို့ဖြစ်ချင်သည်နှင့် ပါဝင်မည့်သူများကို သေချာလေ့လာရမည်။ ဆီလျော်သော ခေါင်းဆောင်မှုပုံစံကို အသုံးပြုရန်မှာ မိမိကိုယ်မိမိသိပြီး အခြားသူများအပေါ် မိမိက မည်သို့အကျိုးသက်ရောက်သည်ကိုပါသိရမည်။

ပညာရှင် Ken Blanchard နှင့် Spencer Johnson တို့က အခြေအနေနှင့်ကိုက်ညီပြီး ကွဲပြားသော သွင်ပြင်လက္ခဏာများကို အသေးစိတ်တင်ပြထားသည်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

Using the Right Style (ခေါင်းဆောင်မှုပုံစံအမှန်ကို အသုံးပြုရန်)

အခြေအနေတစ်ခုတိုင်းအတွက် ဆီလျော်သင့်တော်သည့် ခေါင်းဆောင်မှုပုံစံရှိပေသည်။ ဥပမာ- ထူးခြားသော အခြေအနေအခက်အခဲများတွင် လမ်းကြောင်းတစ်ခုကို တိတိကျကျ လိုက်နာရန်လိုသည့်အခါနှင့် ခက်ခဲသောလူမှုရေးကိစ္စများကို ကိုင်တွယ်ရသည့်အခါများတွင် ညွှန်ကြားသည့် ပုံစံကိုသုံးရန်ဖြစ်သည်။

CEO Business and Management Magazine, www.ceo-myanmar.com, စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ သတင်းဆောင်းပါးကောင်းများ, Leader Myanmar, Business and Management, Effective Leader Yangon ၊ Business Magazine in Myanmar, Business Magazine Yangon, Management Book in Myanmar, Management Book in Yangon၊ စီမံခန့်ခွဲမှု

မည်သည့်ခေါင်းဆောင်မှုပုံစံကိုသုံးရန် လိုမည်ကို စဉ်းစားသည့်အခါ ပါဝင်သူများ၏ ရင့်ကျက်မှု၊ အရည်အချင်း၊ ယုံကြည်မှုနှင့် စိတ်ဓာတ်တို့ကို ထည့်စဉ်းစားရမည်။ ဥပမာ- – ယုံကြည်မှုမရှိခြင်း/နည်းခြင်းသည် အလုပ်၌ ခိုင်မြဲမှုမရှိသေးခြင်းကို ဖော်ညွှန်းခြင်းဖြစ်နိုင်သဖြင့် ပံ့ပိုးမှုနှင့် အားပေးသော ခေါင်းဆောင်မှုကိုသုံးနိုင်သည်။

– စိတ်ဓာတ်တက်ကြွမှု လိုအပ်ခြင်းဟုသုံးသပ်ပါက ပွင့် ပွင့်လင်းလင်းပြောရန် အားပေး၍အကြောင်းရင်းကိုသိပါက အပြောင်း အလဲလုပ်ရန်စီမံနိုင်သည်။

ဒေါက်တာဒေါ် ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)