ဝန်ထမ်းသစ်ငှားရမ်းခြင်းလျှော့ချနေတဲ့ Google

Alphabet & Google တို့ရဲ့ CEO Sundar Pichai ၏ အင်္ဂါနေ့တွင်ထုတ်ပြန်ခဲ့သော ရုံးတွင်းအမိန့်စာအရ အနာဂတ်ကမ္ဘာ့စီးပွားရေးအခြေအနေကို မျှော်မှန်းရန်ခက်ခဲသဖြင့် ဈေးကွက်စိန်ခေါ်မှုကို လျင်လျင်မြန်မြန် တုန့်ပြန်ရန်၊ ထိထိရောက်ရောက်အာရုံစူးစိုက်လုပ်ဆောင်ရန်နှင့် ယခင်ကထက် ပိုမိုခွန်အားထည့်လုပ်ကိုင်ရန်လိုအပ်ကြောင်း အသိပေးထားလေသည်။

ထိုအထဲတွင် ဝန်ထမ်းသစ်ငှားရမ်းခြင်းကို ယခုနှစ်ကုန်သည်အထိ ဆိုင်းငံ့ထားရန်နှင့် ရင်းနှိးမြှုပ်နှံမှုများကို ပြန်လည်ဆန်းစစ်ရန်လည်း ပါရှိလေသည်။

ဤသည်မှာSilicon Valley ရှိနည်းပညညဆိုင်ရာ ကုမ္ပဏီကြီးများအနေဖြင့် အခက်အခဲများရင်ဆိုင်နေရကြောင်းသိသာထင်ရှားလေသည်။ လက်ရှိတွင် Google ၏ မိခင်ကုမ္ပဏီဖြစ်သည့် Alphabet Inc အနေဖြင့် ယခုနှစ်မတ်လကုန်အထိ အချက်အလက်များအရ ယခင်နှစ်နှင့်စာလျှင် ဝန်ထမ်း နှစ်သောင်း ပိုမိုရှိလာပြီး စုစုပေါင်း ဝန်ထမ်း ၁၆၃၉၀၆ ဦိးရှိလေသည်။

လက်ရှိအခြေအနေတွင် Netflix ၊ Coinbase နှင့် လျင်မြန်စွာကြီးထွားလာသည့် Gopuff စသည့်နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးများအနေဖြင့် အများဆုံး ၁၀ ရာခိုင်နှုန်းထိ ဝန်ထမ်းများလျှော့ချနေကြသည်။ Gopuff အနေဖြင့် ဒါဇင်မကသော ကုန်လှောင်ရုံများကို အမေရိကန်နိုင်ငံတစ်ဝန်းတွင် ပိတ်ခဲ့ရပါသည်။ ယခင်သီတင်းပတ်က Microsoft အနေဖြင့် ဝန်ထမ်းလျှော့ချခြင်းအနည်းငယ်ရှိသော်လည်း ဆက်လက်ငှားရမ်းမည်ဖြစ်ကြောင်း အသိပေးလေသည်။ ထို့ပြင် Uber ၊ Snap Inc ၊ Twitter နှင့် Apple တို့မှလည်း စရိတ်များလျှော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသေးသည်။

Ref : CNN