လုပ်ငန်းခွင်ထဲမှာ Favouritism က အားကောင်းနေသောအခါ

လုပ်ငန်းခွင်ထဲမှာ Favouritism က အားကောင်းနေသောအခါ ဘာတွေဖြစ်လာနိုင်မလဲ။
လုပ်ငန်းခွင်မှာ အချို့လုပ်သားတွေကိုတော့ မျက်နှာသာ ပေးပြီး သူတို့ရဲ့နေရာက သိသာတဲ့ပုံစံမျိုးဖြစ်နေတာကတော့ စီမံခန့်ခွဲပုံမှားတဲ့အပြင် ဝန်ထမ်းအချင်းချင်း မညီညွတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ သတိပြုစရာတစ်ခု ရှိပါတယ်။

မျက်နှာရနေတဲ့ဝန်ထမ်းက ဘယ်လိုအားကိုးရပြီး ယုံကြည်အားထားရတာလဲဆိုတဲ့အချက်ကို စဉ်းစားသင့်ပါတယ်။ သူက အလုပ်မှာအားထားရတဲ့ အပြင်တခြားဝန်ထမ်းတွေနဲ့လည်း ဆက်ဆံရေးကောင်းတယ်၊ ကူညီတယ်ဆိုရင်တော့ သူ့ကိုမျက်နှာသာပေးတယ် ဆိုတာထက် ပိုအားကိုးရလို့၊ စိတ်ချရလို့များလားဆိုတာလည်း စဉ်းစားကြည့်ပါ။ ‘ပြဿနာရှိတဲ့အခါ အဖြေကို ချက်ချင်းမရှာဘဲ ပြဿနာရဲ့ အခြေခံအကြောင်းအရာကို သုံးသပ်အကြောင်းရှာပြီးမှ ဆုံးဖြတ်အဖြေရှာပါ’ လို့ ညွှန်ကြားချက်ကို ဖတ်ရဖူးပါတယ်။

မတရားတာတင်မဟုတ်ဘဲ တခြားအကြောင်းလည်းရှိလို့လားဆိုတာကို စဉ်းစားပြီးမှ ကြုံနေရတဲ့အခြေအနေအပေါ် ဆက်လက်ခံနိုင်မယ်၊ မခံနိုင်ဘူးဆိုတာကို ဆုံးဖြတ်ပါ။ ကိုယ်တစ်ယောက် တည်းက လက်မခံနိုင်အောင် ဖြစ်နေရတယ်ဆိုရင်လည်း ပြောင်းလဲမှုတွေ လုပ်နိုင်ပါတယ်။ တစ်ဖွဲ့လုံးအနေနဲ့ စိတ် ဝမ်းကွဲမှုတွေ ဖြစ်လာတာ ရှိနိုင်ပါတယ်။

Professional Negotiation Etiquette တချို့…

Professional ဆိုတာ လုပ်ငန်းဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကို ညွှန်းတာဖြစ်ပြီး မိသားစုဆန်ဆန်၊ အရပ်ဆန်ဆန် ပြောဆိုကြတာမျိုး မဟုတ်ဘူးပေါ့။ ပညာရှင်အချင်းချင်း အလုပ်သဘောတွေ့ဆုံညှိနှိုင်း ဆွေးနွေးစေ့စပ်ကြတာကို ဆိုလိုတာဖြစ်ပါတယ်။

Etiquette ကတော့ ယဉ်ကျေးတဲ့ အသုံးအနှုန်းနဲ့ လေးလေးစားစားအပြုအမူ ဖြစ်ပါတယ်။ ဆွေးနွေးပွဲရဲ့အကြီးအကဲဝင်လာတဲ့အခါမှာ လေးစားတဲ့အနေနဲ့ ထိုင်ရာကနေထကြတာ၊ ပရိသတ်ကိုလေးစားတဲ့ အနေနဲ့ စင်ပေါ်ကနေ ဦးညွှတ်တာ၊ ဆုပေးတဲ့အခါ လက်ဆွဲနှုတ်ဆက်တာတို့ဟာ ယဉ်ကျေးဖွယ်ရာ အပြုအမူပဲဖြစ်ပါတယ်။

အထူးသဖြင့် တွေ့ဆုံဆွေးနွေးကြပြီး၊ သဘောတူညီချက်ရပြီး စာချုပ်မှာလက်မှတ်ထိုး လက်ဆွဲနှုတ် ဆက်တာတို့ဟာလည်း ယဉ်ကျေးမှုအပြုအမူတွေပါပဲ။ယဉ်ကျေးမှုကွာခြားတဲ့ တိုင်းပြည်တွေအနေနဲ့ကွာခြားတဲ့ Etiquette တွေလည်း ရှိနိုင်ပါတယ်။ လက်အုပ်ချီတယ်၊ နှုတ်ဆက်ကျေးဇူးတင်တယ်ဆိုတာတွေဟာ လေးစားမှုဖော်ပြတဲ့အပြုအမူဓလေ့ထုံးစံတွေပဲ ဖြစ်ပါတယ်။

ဒေါက်တာဒေါ်ရီရီမြင့် (စီးပွားရေးတက္ကသိုလ်- ပါမောက္ခ – ငြိမ်း၊ ရန်ကုန်စီးပွားရေး