ဖိလစ်ပိုင်နိုင်ငံရဲ့ Fast-food chain လုပ်ငန်းအရှုံးပေါ်

ဖိလစ်ပိုင်နိုင်ငံရဲ့ Fast-food chain လုပ်ငန်းကြီးဟာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအရှုံးပေါ်သွားကြောင်းသိရပါတယ်။ ဒါကတော့ ဖိလစ်ပိုင်နိုင်ငံရဲ့ Fast-food chain လုပ်ငန်းဈေးကွက်တစ်ခုလုံးရဲ့ ၅၆ ရာခိုင်နှုန်းကိုလွှမ်းမိုးထားနိုင်တဲ့ Jollibee လို့ခေါ်တဲ့ လုပ်ငန်းကြီးပဲဖြစ်တယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ကြက်ကြော်တွေကို အဓိကထားရောင်းချတဲ့ ဒီလုပ်ငန်းဟာ McDonald’s လုပ်ငန်းကိုတောင်အမေရိကဈေးကွက်များကို အပြတ်အသတ်အနိုင်ယူနိုင်ခဲ့တယ်။

Jollibee ဟာ အမေရိကန်နိုင်ငံမှာ လုပ်ငန်းနှစ်ခုကို ဒေါ်လာသန်း ၄၀ ဝယ်ယူလုပ်ကိုင်လိုက်ရာကနေအရှုံးပေါ်နေရတဲ့အထဲ ယခုအခါကိုရိုနာဗိုင်းရပ်(စ်) ကြောင့် ရောဂါတွေဖြစ်နေတဲ့အတွက် အရောင်းတွေကျနေတယ်။ ဘယ်အတိုင်းအတာထိ နစ်နာနေတယ်ဆိုတာကို အတိအကျမပြောနိုင်သေးပေမယ့် အရှုံးကတော့ဆက်လက်ကြုံတွေ့နေရတယ်။

Jollibee လုပ်ငန်းပိုင်ရှင် Tan ဟာ တရုတ်နိုင်ငံမှ ရွေ့ပြောင်းလာတဲ့ ဆင်းရဲတဲ့မိသားစုမှ ဖွားမြင်သူဖြစ်တယ်။ တရုတ်ပြည်မှာ Jollibee Group ရဲ့တံဆိပ်အမျိုး အမည် ၁၅ ခုလောက်အောက်မှာ စားသောက်ဆိုင် ၃၈၇ ဆိုင်ရှိပြီး အဲဒီဆိုင်တွေရဲ့ ရောင်းအားကလုပ်ငန်းစုရဲ့ စုစုပေါင်းအရောင်းပမာဏရဲ့ ၇.၄ ရာခိုင်နှုန်းရှိပြီး လောလောဆယ်မှာ အဲဒီတရုတ်ပြည်ရှိသူ့ဆိုင်ခွဲတွေမှာ ကိုရိုနာဗိုင်းရပ်(စ်)ကြောင့် ဘယ်အတိုင်းအတာ အထိနာတယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ လာမယ့်နှစ်အနည်းငယ်အတွင်းတရုတ်ပြည်မှာ ဆိုင်ခွဲပေါင်း တစ်ထောင်ကျော်ဖွင့်သွားဖို့ အစီအစဉ်တွေရှိတယ်လို့ သိရတယ်။

Jollibee ဟာ ၁၉၇၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ လုပ်ငန်းဖြစ်တယ်။ အဲဒီတုန်းကတော့ ရေခဲမုန့်ဆိုင်ပါပဲ။ နောက်ပိုင်းမှာ စားသောက်ဆိုင်ဖွင့်တယ်။ မှာယူသူရှိရင် အသားညှပ်ပေါင်မုန့်တွေလည်းရောင်းတယ်။ နောက်ပိုင်း ၁၉၇၈ ခုနှစ်ထဲမှာ စားသောက်ဆိုင်စတင်လုပ်ကိုင်တယ်။ အဲဒီနှစ်ထဲမှာပဲ McDonald’s က ဖီလစ်ပိုင်နိုင်ငံမှာ လာဖွင့်တဲ့အတွက် ယှဉ်ပြိုင်ခဲ့ရပေမယ့် ဒေသ ခံဖိလစ်ပိုင်နိုင်ငံသားများရဲ့ ခံတွင်းတွေ့မယ့် အစားအသောက်တွေကို ဖန်တီးရောင်းချရင်း ကြံ့ကြံ့ခံရပ်တည်လာနိုင်ခဲ့တယ်။

Ref : www.scmp.com