ဒုတိယအကြိမ်မြောက် Singpore Festival 2020 ကျင်းပ

စင်ကာပူရဲ့ အငွေ့အသက်တွေကိုခံစားရစေမယ့် Singapore Festival 2020 ကို ဖေဖော်ဝါရီလ ၂ ရက်နဲ့ ၃ ရက် နေ့လည် ၃ နာရီကနေ ည၁၀ နာရီထိ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းဆုံအနီးက ချင်ချောင်းနန်းတော် ( Lim Chin Tsong Palace) မှာ ပြုလုပ်လျှက်ရှိပါတယ်။

စင်ကာပူ ခရီးသွားဘုတ်အဖွဲ့မှ ပြုလုပ်ကျင်းပတဲ့ Singapore Festival 2018 ကို ရန်ကုန်မြို့ ဘိုကလေးစျေးမှာ ပထမအကြိမ်မြောက် ပြုလုပ်ခဲ့ပြီးနောက် ပုံစံသစ် သီးသန့် Garden Party အဖြစ် Singapore Festival 2020 ကို ဒုတိယကြိမ်မြောက် ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။ ယခု ပွဲတော်မှာ မြန်မာနိုင်ငံနဲ့ စင်ကာပူနိုင်ငံရှိ ဆိုင်များ Collaborate လုပ်ထားတဲ့ အစားအသောက်ဆိုင်ခန်းများ၊ Music Zone ၊ Art Zone တွေ အပြင် တခြား ဖန်တီးမှုလက်ရာတွေကို လေ့လာခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

စိတ်ပါဝင်စားသူတွေ အနေနဲ့ Singapore Festival 2020 လက်မှတ်များကို http://bit.ly/SingFest2020 လင့်ခ့် သို့ ဝင်ရောက်၀ယ်ယူနိုင်မယ့်အပြင် ပွဲအတွင်းမှာလည်း ဝယ်ယူနိုင်ပါတယ်။