ဒုတိယအကြိမ်မြောက် Huawei Authorized Information and Network Acadamy(HAINA) Project အကောင်အထည်ဖော်ရေး သဘောတူလက်မှတ်ရေးထိုးပွဲ

အနာဂတ် ICT ပညာရှင်လောင်းများပေါ်ပေါက်လာဖို့ရည်ရွယ်ပြီး အမျိုးသားမူဝါဒကော်မရှင် ပါမောက္ခချုပ်များကော်မတီနဲ့ Huawei တို့ကြားပူးပေါင်းလုပ်ဆောင်တဲ့ ဒုတိယအကြိမ်မြောက် Huawei Authorized Information and Network Acadamy(HAINA) ကို အကောင်အထည် ဖော်ရေးသဘောတူလက်မှတ်ရေးထိုးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်က အွန်လိုင်းကနေတစ်ဆင့် ပြုလုပ်ခဲ့ပါတယ်။

ပြည်တွင်းတက္ကသိုလ်များမှာ လုပ်ငန်းခွင်လိုအပ်ချက်များနဲ့ကိုက်ညီတဲ့ ICT နည်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးနဲ့ မြန်မာနိုင်ငံနည်းပညာနယ်ပယ် ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အရည်အသွေးမြင့် ICT ပညာရှင်များကို မြေတောင်မြှောက်ပျိုးထောင်ပေးဖို့အဓိကရည်ရွယ်ပြီး လုပ်ဆောင်တဲ့ ဒုတိယအကြိမ်မြောက် HAINA Project ဖြစ်ပါတယ်။

အဆိုပါ HAINA Project မှ ICT မေဂျာများဖွံ့ဖြိုးလာစေရန်၊ စံနှုန်းမီ လက်တွေ့စမ်းသပ်ခန်းများ တည်ဆောက်ထားရှိရန်တို့အတွက် အရည်အသွေးမီသင်ရိုးညွှန်းတမ်းများနဲ့ အထောက်အကူ ပြုဝန်ဆောင်မှုများကို Huawei မှ တက္ကသိုလ်များကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ Huawei အနေနဲ့ ယခု ထောက်ပံ့မှုကဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်အဖြစ် ၂၀၁၆ ခုနှစ်ကထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါတယ်။