စီးပွားရေးအဘိဓာန် ၁၂၇

ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း))

ယခင်လမှအဆက်

Galbraith ၊ John Kenneth (ဂဲလ်ဘရိတ်၊ ဂျွန်ကဲနက်)

ကနေဒီယန်ဖွားအမေရိကန်စီးပွားရေးပညာရှင် ၁၉၀၈ ဖြစ်ပြီး ခေတ်သစ်ဂန္ထဝင်မြောက်စီးပွားရေးပညာရပ် (အယ်ဖရက်မာရှယ်နှင့် အပေါင်းပါတို့) ကိုထက်မြက်စွာဝေဖန်မှုကြောင့် လူသိများလာသူဖြစ်သည်။ ခေတ်မီစီးပွားရေးအခြေအနေများကို ရှင်းလင်းဖော်ပြရန် သီအိုရီသစ်များ ဖော်ထုတ်ရန် အထူးအားဖြင့်ကြီးမားသည့် ကော်ပိုရေးရှင်းများ၊ စီးပွားရေးစီမံချက်များနှင့် ထုတ်လုပ်သူများက သိသိသာသာထိန်းချုပ်ရန်ကြိုးပမ်းသည့် ဈေးကွက်များအကြောင်းဆိုင်ရာတို့ကြောင့် ထင်ရှားလာသည်။ သူ၏အမေရိကန်အရင်းရှင်ဝါဒ (American Capitalism) ၁၉၅၂ ခုနှစ်၌ ဈေးကွက်သည် ပြိုင်ဆိုင်မှုမှဝေးကွာနေပြီး ကော်ပိုရေးရှင်းကြီးများက သြဇာအာဏာအလွန်ကြီးမားပြီး ယင်းကိုတုံ့ပြန်ရန် ချုပ်ထိန်းကန့်သတ်ရန် အစိုးရ၏အာဏာနှင့် အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်လာပြီးဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။

ပေါကြွယ်ချမ်းသာသည့် လူ့အဖွဲ့အစည်း ((The Affluent Society) ၁၉၅၈ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုသက်သက် သဘောတရားကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ ချမ်းသာကြွယ်ဝသူက ပိုမိုချမ်းသာပြီး ဆင်းရဲသူက ပို၍ဆင်းရဲသည့် လူ့အဖွဲ့အစည်းဖြစ်သည်ဟုဆိုသည်။ ယင်းသို့သော စီးပွားရေးတွင်ကြော်ငြာများက လိုအပ်ချက်အသစ်များ ဖန်တီးခြင်း၊ ငွေကြေးဖောင်းပွမှုကပျံ့နှံ့ခြင်း၊ နိုင်ငံ၏ ဘတ်ဂျက်က စစ်သုံးစရိတ်အတွက်ဖြစ်သွားခြင်းနှင့် အမျိုးသားသွင်းအားစုများ လိုအပ်သည့်နေရာများသို့ ခွဲတမ်းချသုံးစွဲစေမည့် ဈေးကွက်ယန္တရားမရှိဖြစ်စေကြောင်း ဆိုခဲ့သည်။ စက်မှုနိုင်ငံသစ် (The New Industrial State) ၁၉၆၇ ခုနှစ်တွင် ဂဲဘရိတ်ကကော်ပိုရေးရှင်းကြီးများက လူတန်းစားသစ်တစ်ရပ်ဖန်တီးခဲ့ပြီး နည်းနိဿယအဆောက်အအုံကို ဆက်လက်ရှင်သန်ရေးအတွက် အမြတ်ရရှိရေးအတွက်ထက် ပို၍အာရုံစိုက်စိတ်ပါနေသည်ဟုဆိုပြန်သည်။ ဘောဂဗေဒစီးပွားရေးနှင့် ပြည်သူ့ကိစ္စအကျိုးစီးပွား (Economics & Public Purpose) ၁၉၇၃ ခုနှစ်တွင် လုပ်ငန်းငယ်လေးများကာကွယ်ရန်နှင့် ပြည်သူအားလုံးအတွက် ကောင်းမွန်သောဝင်ငွေခံစားခွင့်ရရှိရန် ဆိုရှယ်လစ်ဝါဒသစ်တောင်းဆိုခဲ့သည်။

Galloping Inflation က ဆုံချပြေးငွေဖောင်းပွမှု

ထွက်ပြေးငွေဖောင်းပွမှု (RUNAWAY INFLATION )တွင် ကြည့်ပါ။

Gambling လောင်းကစားခြင်း

စီးပွားရေးပညာရပ်တွင်တစ်ခု၊ သို့မဟုတ် ထို့ထက်ပိုသော မသိကိန်းများအခြေခံ၍ ကြိုတင်ခန့်မှန်းခြေများပြုလုပ်ခြင်းကိုဆိုသည်။ ပြိုင်ပွဲများသီအိုရီ AMES THEORY: ဖြစ်တန်စွမ်းသီအိုရီ (PROBABILITY THEORY) ကို ကြည့်ပါ။

Game Theory ပြိုင်ပွဲများ

သီအိုရီ ပြိုင်ပွဲသီအိုရီ (Game Theory) လည်းဖြစ်သည်။၁၉၂၈ ခုနှစ်က စတင်မိတ်ဆက်ခဲ့သည့် သင်္ချာ ပညာရပ်ခွဲတစ်ခုဖြစ်သည်။ ဟန်ဂေရီယံ-အမေရိကန် သင်္ချာပညာရှင် ဂျွန်ဗွန်နယူးမင်း (John Von Neumann) (၁၉၀၃-၅၇) နှင့် အခြားသူများက စီးပွားရေးပြဿနာဖြေရှင်းရန် အသေးစိတ် ရှင်းလင်းဖော်ထုတ်ပြဆိုခဲ့ကြသည်။ အနှစ်သာရအားဖြင့် ပြိုင်ပွဲများသီအိုရီသည် သင်္ချာ ဖြစ်စဉ်များသုံးသည်။ သင်္ချာပညာရှင် ထိန်းချုပ်နိုင်မှုမရှိသော ကိန်းရှင်များဆိုလိုသည်မှာ ပြိုင်ပွဲမဟာဗျူဟာ၊ စစ်အတွင်းနှင့်လက်တွေ့စီးပွားရေးဘဝတို့ ထည့်သွင်းတွက်ချက်၍ သင်္ချာဖြစ်စဉ်တွင်ထည့်ထားသည်။ ဥပမာ- လက်လီဈေးနှုန်းများအဆုံးမရှိကျဆင်းနေခြင်း (လက်ကားဈေးများ မကျဆင်းသည့်ကြားတွင်) သည် နောက်ဆုံး၌ လက်လီသမားများ၏အမြတ်ငွေလျော့နည်းမည် ဖြစ်သည်။ ပြိုင်ဘက်များထက် ပိုမိုဈေးမြှင့်ခြင်းကလည်း ဖောက်သည်များပြိုင်ဘက်များသို့ ဆုံးရှုံးသွား၍ အမြတ် နိမ့်သွားမည်ဖြစ်သည်။ ပြိုင်ဘက် (က) က ဖောက်သည် များ ပြန်ရရန်ဈေးချပါက ပြိုင်ဘက် (ခ)ကလည်း ယင်းနည်းတူလိုက်ပါဆောင်ရွက်ပြီး ဤပုံစံမျိုးဆက်ရှိနေပါက နှစ်ဦးလုံးဆုံးရှုံးမည်ဖြစ်သည်။ (က)က ဖောက်သည်များကိုယ့်ဆီမှ ဆက်လက်ဝယ်ယူ အားပေးရန် (ခ)က ဈေး နှုန်းလျော့ချတုံ့ပြန်ခြင်း မနှိုးဆွဘဲဘယ်ဈေးဘယ်နည်းဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါက ပြိုင်ဘက် (က) ကအကျိုးသာပေမည်။ ပြိုင်ပွဲများသီအိုရီသည်အကျိုးအများဆုံး မဟာဗျူဟာချမှတ်နိုင်ရန် ကူညီထောက်ပံ့ပေးနိုင်စေမည်။ ဤဘာသာရပ်ဆိုင်ရာပြိုင် ပွဲများသီအိုရီနှင့် စီးပွားရေးပြုမူမှု(Theory Games & Economic Behavior) ၁၉၄၄ ခုနှစ် ဂန္ထဝင်မြောက်စာအုပ်ကို ဗွန်နယူးမင်းက အော်စကာမောဂန်စတိန်း (Oskar Morgenstern) နှင့် တွဲဖက်၍ပြုစု ခဲ့သည်။

Gantt Chart ဂန့်ပုံကားချပ်

ထုတ်လုပ်မှုအစီအစဉ်တစ်ခုကို အမှန်ဆောင်ရွက်ချက်နှင့် နှိုင်းယှဉ်မှု၊ သို့မဟုတ် လုပ်သားတစ်ဦး၏ ဆောင်ရွက်ချက်ကို ကြိုတင်သတ်မှတ်ထားသည့် စံနှင့်နှိုင်းယှဉ်မှုကို ပုံကားချပ်နှင့် ဖော်ပြခြင်းဖြစ်သည်။ စတင်တီထွင်သူအမေရိကန်အင်ဂျင်နီယာအိပ်ချဂျီဂန့် (H.G.Gantt) ၏အမည်ကိုသုံးပြီး အစီအစဉ်တွင် အလုပ်၏အစိတ်အပိုင်း အားလုံး၊ သို့မဟုတ် အလုပ်အမှာလွှာအလုပ်ရုံ၊ အလုပ်တစ်ခုစီ၏ လုပ်ဆောင်ချက်အားလုံးပါဝင်သည်။ အလုပ်များ ပုလင်းဝတစ်ဆို့ခြင်းမျိုးကို ရှောင်ရှားရန်၊ သို့မဟုတ် စက်များလုပ်ငန်းသစ်အတွက် ပြန်လည်ညှိနှိုင်းချိန်အတွက် လေလွင့်ချိန်ကိုလည်း ထည့်သွင်းပါရှိသည်။

ရွေ့လျားမြားများက အမှန်လုပ်ငန်းတိုးတက်မှုကို ဖော်ပြ သည်။ ပုံ -၃၃ သည် စက်သုံးမျိုး (တွင်ခုံ၊ လွှဝိုင်းနှင့် ဖိဖောက်) သာပါရှိသောလုပ်ငန်း၏ ဂန့်ပုံကားချပ်ကို ဖော်ပြထားသည်။ ပုံသည် ရက်သတ္တပတ်ခုနစ်၏ ကြွေးကျန်အလုပ်များတိုးတက်မှုများ၊ မြားများက စက်များ၌ အမှန်အလုပ်တိုးတက်မှုများ၊ ရက်သတ္တပတ်ခုနစ် နောက် မျဉ်းကြောင်းများ အလုပ်တိုးတက်မှုကို ပြထားသည်။ ကြက်ခြေခတ်ပြဧရိယာများက စက်များတပ်ဆင်ရန် သတ်မှတ်လေလွင့်ချိန်များနှင့် အဖြူကွက်များက အလုပ်သတ်မှတ်ချိန်မရှိကာလကို ကိုယ်စားပြုထားသည်။ တင်ပြမှု၏ အနှစ်သာရဖြစ်သောလွယ်ကူမှုက မန်နေဂျာများအား ခဏလေးကြည့်ရှုရုံဖြင့် မည့်သည့်လုပ်ဆောင်ချက်များသည် စီစဉ်ထားချက်အရနောက်ကျနေခြင်းကို သိနိုင် ပြောနိုင်နေပေသည်။ ထုတ်လုပ်မှုကြီး ကြပ်ထိန်းချုပ်ရေး (PRODUCTION CONTROL) ကိရိယာအဖြစ် ဂန့်ပုံကားချပ်သည် အကျယ်ပြန့်ဆုံးသုံးခဲ့သည်။ အစီအစဉ်အကဲ ဖြတ်ပြန်လည် သုံးသပ်နည်းနိဿယ Program Evaluation & Review Techniqe PERT ကိုလည်းကြည့်ပါ။

Gantt Premium Plan ဂန့်အပိုချီးမြှင့်ငွေ

အစီအမံလုပ်ခဆွဲဆောင်ကြေး WAGE INCENTIVE အောက် ကြည့်ပါ။

Garnishment အစားတန်ဆာဆင်ပေးဆောင်မှု

ဥပဒေတွင် မြီစားတစ်ဦး၏ မြေ၊ လုပ်ခ၊ ငွေကြေး၊ သို့မဟုတ် ရရန်ကိုသိမ်းယူပြီး သူ၏မြီရှင်သို့ပေးသည့် လုပ်ပုံနည်းဖြစ်သည်။ ဝေါဟာရကို လုပ်ခများသိမ်းယူပြီး ဝန်ထမ်း၏ မြီရှင်သို့ တိုက်ရိုက်ပေးရာ၌ မကြာခဏအသုံးပြုသည်။ အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်ဥပဒေများတွင် ဤအကြောင်းအရာကိစ္စတွင် များစွာခြားနားကြပြီး အချို့က တားမြစ်ခြင်းပင်ပြုကြသည်။ တွဲကပ်ဖမ်းဆီးထားခြင်း ATTACHMENT ကိုလည်းကြည့်ပါ။

GATT ကုန်သွယ်ရေးနှင့်အခွန်အကောက်ဆိုင်ရာသဘောတူညီမှု

ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာအထွေထွေ သဘောတူညီမှု GENERAL AGREEMENT ON TARIFFS & TRADE General Accounting Office ၊ U.S စာရင်းကိုင်ချုပ်ရုံး။

ထိန်းချုပ်ရေးမှူး CONTROLLER အောက် ကြည့်ပါ။

General Agreement on Tariffs & Trade– GATT ဖြစ်သည်။

သွင်းကုန်ကိုယ်တာများပယ်ဖျက်ရေး၊ အခွန်အကောက်များလျော့ရေးနှင့် ခွဲခြားမှုကင်းလွတ်လပ်စွာ နိုင်ငံတကာကုန်သွယ်မှု တိုးတက်မြင့်မားရေးအတွက် တည်ထောင်ထားသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၁၉၄၇ ခုနစ်၊ ဂျနီဗာကုန်သွယ်ရေးကွန်ဖရင့်၌ နိုင်ငံ ၂၂ အကြား သဘောတူညီမှုတစ်ခုမှ စတင်ခဲ့သည်။ ယင်းသို့စတင်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများ၊ နိုင်ငံအများအပြားကြားသဘောတူညီချက်များ (၁၉၈၃ ဆိုသည်နှင့် နိုင်ငံပေါင်း ၉၀) နှင့် အခွန်အကောက်လျော့ပေါ့မှု ထောင်နှင့်ချီသက်ရောက်မှုများကို ကမကထပြုဆောင်ရွက်နိုင်ခဲ့သည်။ ၁၉၆၄ မှ ၁၉၆၇ နှစ်အထိ အမေရိကန်သမ္မတ ကနေ ဒီကိုအစွဲပြုကနေ ဒီညှိနှိုင်းစကားဝိုင်းများဖြစ်ပေါ် ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်မှု ၈၀ ရာခိုင်နှုန်းသက်ရောက်နိုင်ငံ ပေါင်း ၄၉ နိုင်ငံက အခွန်အကောက်သုံးပုံတစ်ပုံလျော့ချနိုင်ခဲ့သည်။ အကြီးစားကုန်သွယ်ဖက်များဖြစ်သည့် တရုတ်နှင့်ရုရှားနှစ်နိုင်ငံပါဝင်ခဲ့ခြင်းမရှိပေ။ ဂတ်အဖွဲ့ ဝင်များက မျက်နှာသာအပေးဆုံးနိုင်ငံသတ်မှတ်ချက်ကိုလည်းလိုက်လျောရန် သဘောတူခဲ့ကြသည်။ ဤသတ်မှတ်ချက်အရ ကုန်သွယ်ရေးလျော့ပေါ့မှုများကို မျက်နှာသာရနိုင်ငံများသို့ လွှဲပေးခဲ့သည်။ (အခွန်အကောက် TARIFF,def.1 ၁ ကြည့်ပါ) သို့သော် အချင်းချင်းအခွန်မဲ့အကောက်ခွန်သမဂ္ဂ CUSTOMSUNION အဖွဲ့ဝင်များကို ကင်းလွတ်ထားသည်။ ဖွံ့ဖြိုးမှုနိမ့် နိုင်ငံများကိုလည်း အထူးလျော့ပေါ့မှုများ အထူးသဖြင့်ယင်းတို့၏ ကုန်စည်များအတွက် အခွန်နှင့်ကိုယ်တာများနှိမ့်ပေးခဲ့သည်။ ၁၉၇၁ ခုနှစ်မှစတင်၍ အမေရိကန်ပြည်ထောင်စု၊ ဘုံဈေးနှင့် ဥရောပလွတ်လပ်စွာ ကုန်သွယ်ရေးအဖွဲ့တို့က ဖွံ့ဖြိုး မှုနည်းနိုင်ငံများသို့ အချို့သောယင်းတို့၏စက်မှုထုတ် ကုန်များအတွက်ဦးစားပေးခြင်းကို အနည်းဆုံးဆယ်နှစ်တာကာလအတွင်းပေးခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်စွာကုန်သွယ်မှု တိုးတက်လိုသောဆန္ဒများကြောင့် ဂတ်အဖွဲ့ဆောင်ရွက်နိုင်ခဲ့သော်လည်း ၁၉၇၀ ပြည့်နှစ်ဆုံးချိန်၌ ဘုံဈေးနှင့် အမေရိကန်ပြည်ထောင်စု၌ ကိုယ်ကျိုးစီးပွားကာကွယ်မှုလှိုင်းရင်ဆိုင်ခဲ့ရသည်။ နှစ်ဖွဲ့လုံးသည် အခြားနိုင်ငံများနှင့် ကုန်သွယ်ရေးဦးစားပေးသဘောတူညီမှုများလုပ်ရန် ဦးတည်လာကြသည်။ အမေရိကန်သည် ပြည်တွင်းလယ်ယာ စိုက်ပျိုးရေးစက်မှုကဏ္ဍကာကွယ်ရန် အသား၊ နို့ထွက် ပစ္စည်းနှင့်သကြားတို့အတွက် သွင်းကုန်အခွန်များကို ပြည်တွင်းအလားတူပစ္စည်းတို့၏ ဈေးနှုန်းပေါ် အခြေခံကောက်ခံပုံမျိုးဖြင့် ဆောင်ရွက်ခဲ့သည်။ ဘုံဈေးနိုင်ငံများကလည်း စိုက်ပျိုးရေးပို့ကုန်များဆောင်ရွက်ပေးသည့် လယ်သမားများအား ထောက်ပံ့ငွေကြီးမားစွာပေးဆောင်ရွက်သဖြင့် အခြားနိုင်ငံများရှိ လယ်သမားများ လူနေမှုအဆင့်နှင့်ဈေးနှုန်းများ အမေရိကန်၊ သြစတြီးယားသာမက၊ ဖွံ့ဖြိုးမှုနည်းနိုင်ငံများ သကြားပေါ်ရပ်တည်ရသည့် ဒိုမီနီကန်နိုင်ငံကိုထိခိုက်ခဲ့သည်။ ၁၉၈၀ ပြည့်နှစ်များဆီ စိုက်ပျိုးရေးကုန်စည်များ ကုန်သွယ်ရေးဖြေလျော့မှုက ဦးတည်ရည်မှန်းချက်ကို ဆက်လက်စိန်ခေါ်ခဲ့သည်။ ရည်မှန်းဦးတည်ချက်အသစ်များ ချမှတ်ခဲ့သည်။ ကုန်သွယ်ရေးဖြေလျော့မှုကို ဝန်ဆောင်မှုကဏ္ဍဖြစ်သော ဘဏ်၊ အာမခံ၊ သင်္ဘောသယ်ယူပို့ဆောင်မှုနှင့် အချက်အလက် ပြုစုခြင်းတို့ ပါဝင်လာသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ကြောင့် ကုန်သွယ်လွဲမှားမှုများ ပပျောက်စေခဲ့သည်။ အစိုးရများ၏ ပြည်တွင်းလုပ်ငန်းကာကွယ်ရန် သွင်းကုန်တိုးတက်မှုကြောင့် ဆောင်ရွက်ချက်များအပေါ်နိုင်ငံတကာလုပ်နည်းများအားဖြည့်နိုင်ခဲ့သည်။

General Equilibrium Theory

အထွေထွေအားမျခြေ သီအိုရီစီးပွားရေးကဏ္ဍတစ်ခုလုံးအတွင်းရှိ ကိန်းရှင်အများအပြား၏ အချင်းချင်းအပြန်အလှန်ချိတ်ဆက်မှုများ ကိစ္စ အများအပြား အထူးသဖြင့် ဈေးနှုန်းများနှင့် ထွက်ကုန် များကို စိစစ်သုံးသပ်မှသာ မှန်ကန်သည့် ဥပဒေသနှင့်မူဝါဒများရရှိနိုင်သည်ဟုဆိုသောသီအိုရီဖြစ်သည်။ ၁၉ ရာစုတွင် လီယွန်ဝေါရပ် (Leon WALRAS) ကထုတ်ပြန်လိုက်သည်။ ဤသီအိုရီက ကိန်းရှင်တစ်ခုတည်း၏အပြောင်းအလဲနွားနို့ဈေးနှုန်းက စီးပွားရေးတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုကို သင်္ချာနည်းဖြင့်ဖော်ပြနိုင်ရန် ကြိုးစားခဲ့သည်။ တစ်စိတ်တစ်ပိုင်းအားမျခြေသီအိုရီ PARTIAL EQUILIBRIUM THEORY ကပင် ဈေးနှုန်းတက်ပါက စားသုံးသူများက နွားနို့လျော့ဝယ်ယူမည်။ အထွေထွေ အားမျခြေစိစစ်သုံးသပ်မှုက နွားနို့အခြေခံပစ္စည်းများ ထောပတ်၊ ဒိန်ခဲ၊ ရေခဲမုန့်သည်များတို့၏ ထုတ်လုပ်မှုနှင့်စားသုံးမှု နှစ်မျိုးလုံးပေါ် ပြောင်းလဲမှု၊ အစားထိုးပစ္စည်းများ (မာဂျရင်း၊ အဆီထုတ်ပြီး နို့မှုန့်ခြာက်) သုံးစွဲမှု၊ ငွေရင်းမြှုပ်နှံမှုနှင့်လုပ်အား၊ စက်ကိရိယာပြောင်းလဲမှု စသည်တို့ပါ ထည့်သွင်းတွက်ချက်သွားပေမည်။ ယနေ့ခေတ်မီစီးပွားရေးကဏ္ဍသည် ရှုပ်ထွေးထွေပြားလှသည်ဖြစ်၍ ကိန်းရှင်အားလုံးနှင့် ချိတ်ဆက်မှုများ သတ်မှတ်ဖော်ပြရန်ခက်ခဲလှပေသည်။ နောက်ရာစုတစ်ဝက်တွင် ဖော်ထုတ်ခဲ့သည့် အသွင်း၊ အထုတ် သုံးသပ်မှု (INPUT-OUTPUT ANALYSIS) ဘရွတ်ကင်းကျောင်းတော်နှင့်အခြားသုတေသနအဖွဲ့များထုတ်ဖော်ခဲ့သောကြီးမားသည့် မေခရိုစီးပွားရေးသဏ္ဌာန်ပုံစံများကိုသုံး၍ အထွေထွေအားမျခြေသီအိုရီ၏ ကိန်းရှင်များဆက်စပ်မှုကို ရေတွက်ဖော်ပြနိုင်ပေမည်။

General Journal အထွေထွေနှစ်ဖက်သွင်းဂျာနယ်

နှစ်ဖက်သွင်းဂျာနယ် JOURNAL အောက်ကြည့်ပါ။

General Mortgage Bond အထွေထွေပေါင်နှံစာချုပ်

ပေါင်နှံစာချုပ် MORTGAGE BOND အောက်ကြည့်ပါ။ General Obligation အထွေထွေပေးရန်တာဝန်၊ ရေရှည် စည်ပင်ချေးငွေ။ G.O လည်းဖြစ်သည်။ ထုတ်ဝေသောဒေသ၏ အခွန်စီးကြပ်ကောက်ခံခွင့်အာဏာပေါ်ယုံကြည်၍မြီစားထိုက်တန်မှုပေါ် အခြေခံသည့် စည်ပင်သာယာအဖွဲ့ကထုတ်ဝေသည့် ရေရှည်ချေးငွေဖြစ်သည်။ သီးသန့်ပရောဂျက်တစ်ခုမှ ရရန်ဝင်ငွေပေါ် အခြေပြုခြင်းမဟုတ်ဘဲ ချေးငွေဈေးကွက်တွင် အထွေထွေတာဝန်များ ရောင်းဝယ်ကြသည်။General Services Administration အထွေထွေဝန်ဆောင်မှုအုပ်ချုပ်ရေးအဖွဲ့ ဗဂျီအက်စ်အေလည်းဖြစ်သည်။လွတ်လပ်သော အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့ တစ်ခုဖြစ်သည်။ ဖက်ဒရယ်အစိုးရ၏ အိမ်ရှင်မသဖွယ် တိုက်တာခြံမြေများ စီမံအုပ်ချုပ်ပြီး မှတ်တမ်းများ ထိန်းသိမ်းပေးသည်။

ဂျီအက်စ်အေ အထွေထွေဝန်ဆောင်အုပ်ချုပ်ရေးအဖွဲ့သည် အဆောက်အအုံများဆောက်လုပ်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပစ္စည်းများဝယ်ယူဖြန့်ဖြူးခြင်း၊ မြေယာတိုက်တာများ အသုံးပြုခြင်းရောင်းချခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စီမံခန့်ခွဲခြင်း၊ ပို့ဆောင်ဆက်သွယ်ခြင်း၊ မဟာဗျူဟာကျပစ္စည်းများ STRATEGIC MATERIALS စုဆောင်းထိန်းသိမ်းခြင်း၊ အလိုအလျောက် အချက်အလက်ပြုစုလုပ်ငန်းနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ကိရိယာပစ္စည်းများ စီမံအုပ်ချုပ်ခြင်းကိုဆောင် ရွက်ပေးသည်။

General store အထွေထွေသိုလှောင်ရုံ

လက်လီလုပ်ငန်း RETAIL အောက်ကြည့်ပါ။

General Strike အထွေထွေသပိတ်

လုပ်ငန်းကဏ္ဍအားလုံး သို့မဟုတ် အားလုံးနီးပါးရှိ အလုပ်သမားအားလုံးနီးပါး သို့မဟုတ် အားလုံးတစ်ပြိုင်တည်း သပိတ်မှောက်သည်ကိုဆိုသည်။ ၁၉၃၄ ဆန်ဖရန်စစ်စကို အထွေထွေသပိတ်ကဲ့သို့ မြို့တစ်မြို့တည်းသော် လည်းကောင်း တစ်နိုင်ငံလုံးတွင်သော်လည်းကောင်း ဖြစ် ပေါ်နိုင်သည်။ ရည်ရွယ်ချက်မှာ သီးသန့်အခွင့်အရေးများရရှိရန်ထက် အစိုးရအပေါ် နိုင်ငံရေးဖိအားပေးရန် သို့မဟုတ် အလုပ်သမားလှုပ်ရှားမှုတစ်ရပ်၏ စည်းလုံးညီညွတ်မှုဆန္ဒထုတ်ဖော်ပြသရန်ဖြစ်သည်။ အထွေထွေသပိတ်များ ဒုတိယကမ္ဘာစစ်အပြီး ပြင်သစ်နှင့်အီတလီနိုင်ငံတို့တွင် အခါအားလျော်စွာပေါ်ပေါက်ခဲ့သည်။

Geneva Trade Conference ဂျနီဗာကုန်သွယ်ရေးညီလာခံ

ကုန်သွယ်ရေးနှင့် အခွန်အကောက်ဆိုင်ရာ သဘောတူ ညီမှု၊ ဂတ် (GATT) အောက်ကြည့်ပါ။

Gentlemen’s Agreement လူကြီးလူကောင်းများ သဘောတူညီမှု

စီးပွားရေးနှင့်စက်မှုလုပ်ငန်းကဏ္ဍတို့တွင် အကျုံးဝင်ပါ ဝင်သူများ၏ နှုတ်ကတိအရ စာဖြင့်ရေးသားထားခြင်းမရှိသော ပုံစံတကျမဟုတ်သော သဘောတူညီမှုကိုဆိုသည်။ တည်ရှိမှုကို စာဖြင့်ရေးသားထားသည့် သက်သေအထောက်အထားမဲ့သဖြင့် ယင်းသို့သောသဘောတူညီမှုများ တရားမဝင် သို့မဟုတ် ကျင့်ဝတ်နှင့်မညီသော လုပ်နည်းများဖြစ်သည်။ ဈေးကွက်များခွဲဝေယူခြင်း၊ ဈေးနှုန်းပုံသေသတ်မှတ်ခြင်း၊ သတ်မှတ်ဝယ်ယူသူ သို့မဟုတ် ရောင်းချသူအပေါ် ကန့်သတ်ခြင်းမျိုးများဖြစ်ကြသည်။