စီးပွားရေးလုပ်ငန်းရှင်တိုင်း သိထားသင့်တဲ့ စီးပွားရေးလုပ်ငန်းကျင့်ဝတ် ၂၂ ချက်

စီးပွားရေးလုပ်ငန်းကျင့်ဝတ်တွေကို အခြေခံအားဖြင့် နားလည်ထားဖို့ဟာ သိပ်အရေးကြီးပါတယ်။ ဒီအတွက် စာရေးဆရာမ Barbara Patcher ရဲ့ The Essentials of Business Etiquette စာအုပ်ထဲက အရေးကြီးဆုံးအချက် ၂၂ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တစ်စုံတစ်ယောက်နဲ့ မိတ်ဆက်ပေးခံရတဲ့အခါ သင်မတ်တတ်ရပ်နေပါ။
မတ်တတ်ရပ်ခြင်းဟာ သင်ရှိနေခြင်းကို ကူညီဖော်ထုတ်ပေးပါတယ်။ သင်မတ်တတ်မရပ်ရင် သင့်ကို သူများ တွေ လျစ်လျူရှုဖို့လွယ်လိမ့်မယ်။

၂။ သင့်နာမည် အပြည့်အစုံအမြဲပြောပါ။
စီးပွားရေးလုပ်တဲ့အခါ သင့်နာမည်အပြည့်အစုံပြောသင့်သလို သူများတွေက ဘယ်လိုမိတ်ဆက်စေချင်တယ်ဆို တာလည်း အာရုံစိုက်ပါ။

၃။ သင်ဟာ ရာထူးကြီးသူ၊ ဒါမှမဟုတ် ပွဲရှင် (ဧည့်ခံသူ) ဖြစ်ရင် ဦးစွာလက်ဆွဲနှုတ်ဆက်ပါ။
အခုခေတ်လုပ်ငန်းခွင်မှာ အိမ်ရှင် (သို့) ရာထူးပိုကြီးသူ ဟာ ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ အရင်ဆုံး လက် ကမ်းပေးသင့်ပါတယ်။ သူက အဲဒီလိုမလုပ်ရင် ရာထူး ငယ်သူက ချက်ချင်းလက်ကမ်းပေးသင့်ပါတယ်။ လက် ဆွဲနှုတ်ဆက်ရာမှာလည်း မှန်ကန်စွာ လှုပ်ခါပါ။

၄။ သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်ပါ။
လူတစ်ဦးရဲ့ အသက်မွေးဝမ်းကျောင်းပညာရဲ့ သိက္ခာကို ပိုမြှင့်ပေးနိုင်၊ ဒါမှမဟုတ် လျော့ကျစေနိုင်တဲ့ စကား လုံးမဲ့ ပြောဆိုဆက်သွယ်နည်းဟာ သင့်ရဲ့ ဝတ်စားဆင် ယင်မှုဖြစ်ပါတယ်။ သင်ရွေးချယ်တဲ့ အဝတ်အစားက တစ်ဆင့် သင့်ရဲ့ပညာသည်ဆိုင်ရာ အသိပေးချက်ကို ဖော်ပြပါတယ်။

၅။ စကားစမြည်ပြောတဲ့အခါ ‘ကျေးဇူးတင်ပါတယ်’ ဆိုတာကို တစ်ကြိမ်၊ နှစ်ကြိမ်ပဲပြောပါ။
စကားစမြည်ပြောတဲ့အခါ သင်ဟာ ‘ကျေးဇူးတင် ပါတယ်’ ဆိုတာကို တစ်ကြိမ်နှစ်ကြိမ်ထက်ပိုပြောရင် သက်ရောက်မှုကို ပျက်ပြယ်စေပြီး သင်ဟာ အားကိုးရာမဲ့ သူ၊ ဒါမှမဟုတ် နွမ်းပါးသူ ဆန်သွားပါလိမ့်မယ်။

၆။ ပါဝင်ပတ်သက်သူအားလုံးဆီကို ကျေးဇူးတင်ကြောင်းစာတိုလေး တွေ သီးခြားစီပေးပို့ပါ။
သင်ကျေးဇူးတင်ချင်တဲ့ လူတိုင်းဆီကို ၂၄ နာရီအတွင်း ကျေးဇူးတင်လွှာလေးတွေ ပေးပို့လိုက်ပါ။ စာချက်ချင်း ရောက်အောင် သင့်လက်ရေးနဲ့ ရေးပို့မယ့်အစား သင့် အီးမေးလ်ပဲ သုံးသင့်ပါတယ်။ အလုပ်အင်တာဗျူးတစ်ခု ပြီးသွားတဲ့အခါ အလုပ်ခန့်ဖို့ ဆုံးဖြတ်ချက်ကိုလည်း မြန်မြန်လုပ်ပါ။

၇။ သင့်ဖုန်းကို သိမ်းထားလိုက်ပါ။
အစည်းအဝေးတက်တဲ့အခါ သင့်ဖုန်းကို မထုတ်ပါနဲ့။ အစည်းအဝေးမှာ စာရိုက်ခြင်း၊ သို့မဟုတ် အီးမေးလ်ပို့ ခြင်းဟာ ရိုင်းစိုင်းရာကျပါတယ်။ တစ်စုံတစ်ယောက်နဲ့ တွေ့တဲ့အခါ သင့်ဖုန်းကို စားပွဲပေါ်တင်ထားတာဟာ လည်း သူ့ကိုဥပက္ခာပြုပြီး အခြားတစ်ယောက်နဲ့ ဆက် သွယ်ဖို့ သင်အသင့်ရှိကြောင်း ပြသသလိုဖြစ်နိုင်ပါတယ်။

၈။ သင့်ရဲ့ ‘လိုင်စင်ဓာတ်ပုံ’ တွေကိုသာ သုံးပါ။
LinkedIn နဲ့ သင့်ရဲ့ အလားတူတခြား Website တွေမှာ အလုပ်သဘောဆန်ဆန် သင့်တော်တဲ့ဓာတ်ပုံတွေသာ အမြဲတင်ပါ။ သင်ဟာ ကမ်းခြေကပြန်လာတဲ့ပုံစံ မ ပေါက်စေဘဲ ယုံကြည်စိတ်ချရပြီး ချဉ်းကပ်နိုင်တဲ့ လူပုံ စံပေါက်ဖို့အတွက် သင့်ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်နဲ့ ပခုံးတစ်ပိုင်းပါတဲ့ ဓာတ်ပုံမျိုးတင်ပါ။

၉။ လုပ်ငန်းအီးမေးလ်လိပ်စာကိုသာ သုံးပါ။
သင်ဟာ ကုမ္ပဏီမှာလုပ်ရင် ကုမ္ပဏီအီးမေးလ်လိပ် စာသုံးပါ။ ဒါပေမဲ့ သင်ဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ၊ ဒါမှမဟုတ် အလုပ်နဲ့သက်ဆိုင်တဲ့ ချောစာတွေ အခါ အားလျော်စွာ ရေးရသူဖြစ်ရင် အီးမေးလ်လိပ်စာ ရွေး ချယ်တာကို ဂရုစိုက်သင့်ပါတယ်။ သင့်အနေနဲ့ စာ လက်ခံမယ့်သူက ဘယ်သူပေးပို့ကြောင်း အတိအကျ သိနိုင်အောင် သင့်နာမည်ပူးတွဲပါရှိတဲ့ အီးမေးလ်လိပ် စာပဲ အမြဲသုံးသင့်ပါတယ်။

၁၀။ သင့်အီးမေးလ်လက်ခံမယ့်သူကို ရွေးချယ်ထားတာ မှန်၊ မမှန် အမြဲတမ်းနှစ်ခါပြန်စစ်ဆေးပါ။
‘သို့’ ကွက်လပ်မှာ လက်ခံသူနာမည်ရိုက်ထည့်တိုင်း သင့်လိပ်စာစာအုပ်ကို အာရုံစိုက်ပါ။ နာမည်မှားပြီး မ ရွေးချယ်မိဖို့ အထူးသတိပြုပါ။

၁၁။ လုပ်ငန်းဆိုင်ရာအီးမေး(လ်) နှုတ်ခွန်းဆက်စကားများသုံးပါ။
‘ဟေ့ သူငယ်ချင်းတို့’ ‘ယို့’ ‘ဟိုင်း-ကိုယ့်လူတို့’ ဆိုတာ မျိုး အရပ်သုံးစကားတွေ မသုံးပါနဲ့။ ကျွန်မတို့ စာတွေထဲက ပေါ့ပါးလွတ်လပ်တဲ့သဘာဝက အီးမေးလ် နှုတ် ခွန်းဆက်မှုအပေါ် မသက်ရောက်စေသင့်ပါဘူး။ ‘ဟေး’ ‘ယို့’ အစား ‘ဟိုင်း’ (သို့) ‘ဟဲလို’ သုံးပါ။ လက်ခံသူရဲ့နာမည်က မိုက်ကယ်ဖြစ်ပြီး သူကိုယ်တိုင်က ‘မိုက်ခ်’ လို့မခေါ်စေချင်ရင် အတိုကောက်မသုံးသင့်ဘူး။

၁၂။ တစ်စုံတစ်ယောက်ရဲ့ နာမည်ကို သင်မေ့နေရင် ဝန်ခံပါ။
သင့်လိုပဲ လူတိုင်းဟာ သူများနာမည်မေ့တတ်ပါတယ်။ သင်မေ့သွားတဲ့အခါ ‘ခွင့်လွှတ်ပါနော်’၊ ‘ခင်ဗျားနာမည် မေ့သွားလို့’၊ ဒါမှမဟုတ် ‘ခင်ဗျားကို မှတ်မိပေမယ့် နာမည်စဉ်းစားလို့မရဘူး” ဆိုတာမျိုး ပြောနိုင်ပါတယ်။

၁၃။ သင့်အလုပ်ထဲကလူတွေကို နှုတ်ဆက်ပါ။
လုပ်ငန်းခွင်မှာ သင်သိသူရော သင်မသိသူကိုပါ ‘ဟဲလို’ နဲ့ ‘မင်္ဂလာနံနက်ခင်းပါ’ လို့ လိုက်နှုတ်ဆက်ပါ။ အစည်း အဝေးအသွားမှာ သင်နှုတ်ဆက်ခဲ့တဲ့လူဟာ အဲဒီကျရင် သင့်ဘေးမှာ ထိုင်သူဖြစ်ချင်ဖြစ်နေလိမ့်မယ်။ သူများက ‘ဟဲလို’ ပြောရင် သင်ကလည်း ‘ဟဲလို’ ပြန်ပြောပါ။

၁၄။ သင်ညွှန်ပြတဲ့အခါ သင့်လက်ချောင်းတွေကို ပူးထားပါ။
တစ်ခုခုကို ညွှန်ပြတဲ့အခါ သင့်လက်ချောင်းတွေပူးပြီး လက်ဖဝါးနဲ့သာ ညွှန်ပါ။ လက်ညှိုးထိုးပြတာက ရိုင်းပါတယ်။

၁၅။ အချိန်တိကျပါ၊ အစည်းအဝေးကို အချိန်မှန်ရောက်ပါစေ။
အချိန်မတိကျ ခြင်းနဲ့ သူတစ်ပါးအချိန်ကို မဖြုန်းချင်ပါနဲ့။ ဒါအပြင် ဒါက သင်ဟာ အသက်မွေးဝမ်းကျောင်းပညာသည်မဆန် တဲ့ လက္ခဏာပြပါတယ်။ အခြေအနေတစ်ခုကြောင့် နောက်ကျနေပြီဆိုရင် သင်ချိန်းထားတဲ့သူဆီ အီးမေးလ် ပို့ပါ၊ ဒါမှမဟုတ် သင်ရောက်မယ့်အချိန်ခန့်မှန်းပြီး ဖုန်း ဆက်ပြောပါ။ သူ့ဆီရောက်တဲ့အခါ ယာဉ်ကြောကျပ် တာ၊ ဒါမှမဟုတ် ရထားနောက်ကျတဲ့အကြောင်း ပြောပြီးတော့လည်း သူတို့ရဲ့အချိန်ကို ထပ်မဖြုန်းပါနဲ့။

၁၆။ သူများအတွက် ဘယ်တော့မှ ထိုင်ခုံဆွဲမထုတ်ပေးပါနဲ့။
သင် ဧည့်သည်အတွက် တံခါးကိုင်ထားပေးတာကောင်း ပေမယ့် အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ထိုင်ခုံဆွဲ မထုတ်ပေးပါနဲ့။ လုပ်ငန်းခွင်မှာ လူမှုရေးဆိုင်ရာ ဖိုမ စည်းကမ်းတွေကို မေ့ထားလိုက်ပါ။

၁၇။ သိပ်ဈေးကြီးတဲ့အစားအစာ ဘယ်တော့မှ မမှာယူပါနဲ့။
ဈေးကြီးတဲ့ အမဲကြော်၊ ဒါမှမဟုတ် ကျောက်ပုစွန်ဟင်းကို သင်မှာရင် ဒကာခံသူအပေါ် အမြတ်ထုတ်သလို ဖြစ် လိမ့်မယ်။ ဒကာခံသူက မှာသင့်တဲ့ အစားအစာရည်ညွှန်း ရင် အဲဒီစာရင်းထဲကပဲမှာပါ။ ဈေးအကြီးဆုံးတော့ မမှာ ပါနဲ့။ ဝိုင်အရက်လည်း ထို့အတူပါပဲ။

၁၈။ သင့်ဧည့်သည်၊ ဒါမှမဟုတ် ဒကာခံသူမှာယူတာပဲ သင်လိုက်မှာပါ။
သင့်ဧည့်သည်၊ ဒါမှမဟုတ် ဒကာခံသူက အမြည်း၊ ဒါ မှမဟုတ် အချိုပွဲမှာတော့မှသာ သင်လိုက်မှာပါ။

၁၉။ ဘယ်တော့မှ ‘ပါဆယ်’ မထည့်ခိုင်းပါနဲ့။
ဟင်းကျန်တွေ ယူဖို့ သင်လာတာမဟုတ်။ အလုပ်ကိစ္စ အတွက် လာတာပါ။ မိသားစုညစာစားပွဲမှာ သင့်အိမ်က ခွေးကိုကျွေးဖို့ အကျန်တွေ ပါဆယ်ထည့်ခိုင်းတာ ပြဿနာမရှိပေမယ့် အလုပ်ကိစ္စတွေ့ဆုံပွဲတွေမှာ မလုပ်ပါနဲ့။

၂၀။ ဖိတ်ကြားသူကပဲ ကျသင့်ငွေ အမြဲရှင်းသင့်တယ်ဆိုတာ မှတ်ထားပါ။
သင်က ဖိတ်ကြားရင် သင်ဟာ ပွဲရှင်ဖြစ်လို့ ဧည့်သည်က အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် သင်ကပဲ ကျသင့် ငွေရှင်းသင့်ပါတယ်။ ဒါမှမဟုတ် စားပွဲကနေ ကောင် တာဆီထသွားပြီး သင်ငွေရှင်းပေးလို့ရတယ်။ ဒါဟာ ကျသင့်ငွေရှင်းဖို့ကောင်းတဲ့ နည်းလမ်းပဲ။

၂၁။ မူးအောင်မသောက်ပါနဲ့။
အလုပ်နဲ့ ဆက်စပ်တဲ့ လူမှုရေးပွဲတွေမှာ သင်အရက်မမူး ပါစေနဲ့။ ဒီအတွက် သင်မကြိုက်တဲ့ အရက်မျိုးကိုမှာပြီး အဲဒါကို အချိန်အကြာကြီးမျဉ်းသောက်ဖို့ အကြံပေးချင်ပါတယ်။

၂၂။ ယဉ်ကျေးစွာ ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်ပါ။
သင် ထွက်ခွာစဉ် စကားပြောရမယ့်သူက သင်ပဲဖြစ်သင့် ပါတယ်။ အဲဒီအချိန်မှာ သင်က အခြေအနေထိန်းချုပ် ထားပြီး ချောမောစွာ ထွက်ခွာနိုင်ပါတယ်။ စကားဝိုင်းမှ ထွက်ခွာဖို့ လိုအပ်တဲ့အခါ ပြောဖို့စကားတချို့လည်း သင့်မှာ အဆင်သင့်ရှိပါစေ။
”တွေ့ရတာ ဝမ်းသာပါတယ်”
”ခင်ဗျားနဲ့ စကားပြောရတာ ကောင်းတယ်”
”နောက်အပတ်ကျ အစည်းအဝေးမှာ ပြန်ဆုံ ကြရအောင်” ဆိုတာမျိုးတွေ သင်ပြောနိုင်ပါတယ်။