စီးပွားရေးဆိုင်ရာ စာတိုပို့ရာမှာလိုက်နာသင့်တဲ့ အချက် ၁၀ ချက်

စီးပွားရေးလုပ်ငန်းရှင်တော်တော်များများက စမတ်ဖုန်းတွေကို စီးပွားရေးလုပ်ငန်းသုံး ဆက်သွယ်ရေးကိရိယာအနေနဲ့ အသုံးပြုလာကြပါပြီ။ သုံးစွဲမှုအရေအတွက်များလာတာနဲ့အမျ ဘယ်လိုအခြေအနေမှာ ဘယ်လိုမျိုးပို့ဆောင်ဆက်သွယ်ရမလဲဆိုတာ လုပ်ငန်းရှင်တချို့က သေသေချာချာမသိတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရပါတယ်။

စီးပွားရေးဆိုင်ရာ စာတိုရေးသားပေးပို့မှုမှာ အရေးကြီးတဲ့အချက်က အမှန်တကယ်လိုအပ်တဲ့အချိန်၊ သင့်တော်တဲ့အချိန်မှာ ပို့ပြီးဆက်သွယ်ဖို့ပဲ ဖြစ်ပါတယ်။

၁။ စီးပွားဖော်စီးပွားဖက်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ Client တွေရဲ့ ဖိတ်ကြားချက်၊ ဒါမှမဟုတ် ခွင့်ပြုချက်မရဘဲ ဘယ်တော့မှ စာမပို့ပါနဲ့။

၂။ အလုပ်ချိန်ပြင်ပမှာ ဖိတ်ကြားထားခြင်းမရှိတဲ့ စာတွေကိုမပို့ပါနဲ့။

၃။ အတိုကောက်စာလုံးတွေဖြစ်တဲ့ USA ၊ BBC ၊ FAQ အစရှိတဲ့ စာလုံးအသုံးအနှုန်းတွေကို အတတ်နိုင်ဆုံးရှောင်ပါ။

၄။ အသေးစိတ်ရေးသားထားတဲ့ Email နဲ့ ဖုန်းခေါ်ဆိုမှုတွေမှာ အစားထိုးသုံးတာ မဟုတ်တဲ့အတွက် စာတွေကို ကဏ္ဍအလိုက်ခွဲသုံးပါ။

၅။ ရှိသမျပုဂ္ဂိုလ်တွေက ပါဝင်ဆောင်ရွက်ဖို့ သဘောတူမှ စာကို အကျယ်ချဲ့ရေးသားပါ။

၆။ စီးပွားဖော် စီးပွားဖက်တွေနဲ့ အစည်းအဝေးလုပ်နေချိန်မှာ စာမပို့ပါနဲ့။ ဒါက သင်သူတို့နဲ့အလုပ်လုပ်ရာမှာ အလေးအနက်မထားတာကို သိသာစေပါလိမ့်မယ်။

၇။ သတင်းဆိုးတွေကို ဘယ်တော့မှ စာတိုနဲ့မပို့ပါနဲ့။ (ဥပမာ- ဝမ်းနည်းပါတယ်။ သင်စာချုပ်ချုပ်ဆိုခွင့် မရှိတော့ပါဘူး။)

၈။ ချိန်းဆိုချက်၊ အစည်းအဝေးအချိန်နဲ့ နေရာအပြောင်းအလဲတွေကို စာတိုပို့အကြောင်းကြားတာမျိုးရှောင်ပါ။ ပါဝင်ဆွေးနွေးမယ့်သူတွေက ဒီစာကို အချိန်မီဖတ်နိုင်မှာ မဟုတ်ပါဘူး။

၉။ စီးပွားရေးနဲ့ပတ်သက်ပြီး စာရေးသားပေးပို့ရာမှာ သင့်ဘက်က အတတ်နိုင်ဆုံးကြိုးစားပြီး ချက်ချင်းအကြောင်းပြန်ပါ။

၁၀။ သင်လိုချင်တဲ့ အဖြေတစ်ခုမရမချင်း ဖုန်းနဲ့ဆက်သွယ်ပြီးတဲ့နောက်ပိုင်း အကြောင်းအရာတစ်ခုတည်းကိုပဲ Email ထပ်ပို့ထားတာမျိုး၊ စာပို့တာမျိုးတွေ မလုပ်ပါနဲ့။ အမှန်တကယ်အရေးကြီးတဲ့ ကိစ္စမဟုတ်ရင်တော့ အထိရောက်ဆုံးဆက်သွယ်ရေးတစ်မျိုးကိုပဲ ရွေးသုံးပါ။

တခြားသူတွေလည်း စာပို့ချင်သလို ပို့နေကြတဲ့အတွက် သင့်အနေနဲ့ အဆင်ပြေပါတယ်ဆိုပြီး အမှုမဲ့အမှတ်မဲ့ မနေလိုက်ပါနဲ့။ သင်က နောက်လိုက်တစ်ယောက်၊ ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်လား၊ ဖုန်းခေါ်တာနဲ့ Email ပို့တာထက် ပိုပြီးမြန်ဆန်လွယ်ကူတဲ့အတွက် ကျွနု်ပ်တို့က စာပို့နေကြတာပါ။ ဒီလိုလုပ်တာက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်အောင် လုပ်ဆောင် သွားနိုင်တဲ့ နည်းလမ်းလား။ လုံးဝမဟုတ်ပါဘူး။

စီးပွားရေးလုပ်ငန်းဆိုင်ရာ စာပို့ဆောင်ဆက်သွယ်ဖို့ အချိန်နဲ့နေရာရှိပေမယ့် အဲဒါက သင့်ရဲ့ပင်တိုင်လုပ်ဆောင်မှု မဖြစ်သင့်ပါဘူး။ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်တွေအတွက် စာပို့ရာမှာသင့်ရဲ့အကောင်းဆုံး ထင်မြင်ချက်တွေနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို အသုံးပြုပါ။ ဒါမှ သင့်ကို စစ်မှန်ပြီး အရည်အချင်းပြည့်၀တဲ့ လူရည်ချွန်တစ်ဦးအဖြစ် သတ်မှတ်ပြီး သင်နဲ့အတူလက်တွဲလုပ်ကိုင်ချင်ကြမှာ ဖြစ်ပါတယ်။