စီးပွားရေးစွန့်စားလုပ်ကိုင်သူတိုင်း ကြည့်သင့်တဲ့ရုပ်ရှင် ၁၃ ကား

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်စွန့်စားလုပ်ကိုင်ရတာလွယ်မှာပဲလို့ ဘယ်သူမှမပြောခဲ့ကြဖူးသေးပါဘူး။ ဒီလိုလုပ်ရတာဟာ နေ့စဉ်အခက်အခဲပေါင်းများစွာရှိနိုင်ပါတယ်။ သူများတွေက ကဖျက်ယဖျက်ပြောလိုက်ရင်ပဲ၊ ဒါမှမဟုတ် ငွေကြေးအခက်အခဲရှိရင်ပဲ တစ်ခါတည်း လက်မြှောက်သွားတတ်ကြတယ်။

ဘာပဲဖြစ်ဖြစ် မိမိဟာသူလိုငါလိုလူမဟုတ်ဘူး။ စီးပွားရေးကို စွန့်စွန့်စားစားထလုပ်နေသူဖြစ်တယ်ဆိုတာသတိရပါ။ အခက်အခဲတွေကြားထဲက ရှေ့ကိုသွားနေတယ်ဆိုတာသိဖို့ပါပဲ။ အလုပ်တွေသိပ်များလာပြီဆိုရင်တော့ စိတ်အားတက်ကြွရွှင်လန်းစေတဲ့ရုပ်ရှင်တွေကိုကြည့်ရင်း အနားယူပေးပါ။

စွန့်စားခန်းတွေဖြစ်ဖြစ်၊ ဟာသတွေပဲဖြစ်ဖြစ်၊ ‌တွေးစရာပါတဲ့ကားတွေဖြစ်ဖြစ် ရုပ်ရှင်ဆိုရင် ပင်ပန်းနွမ်းနယ်နေတဲ့လုပ်ငန်းရှင်တွေကို စိတ်ရွှင်လန်းအားတက်စေနိုင်တာပါပဲ။ ဒါကြောင့်အောက်ပါရုပ်ရှင် ၁၃ ကားကို တင်ပြပေးလိုက်ပါတယ်။

၁။ The Social Network

ဒီကားကို ၂၀၁၀ ပြည့်နှစ်မှာရုံတင်တော့လူကြိုက်သိပ်များခဲ့ပါတယ်။ Mark Zuckerberg ဟာ ဟားဗတ်တက္ကသိုလ်ကျောင်းသားဘဝကနေ အခုအခါကမ္ဘာမှာ အကျော်ကြားဆုံးလူမှုကွန်ရက် Facebook ကိုတည်ထောင်သူတစ်ဦး ဖြစ်လာပုံကို ရိုက်ထားတဲ့ကားဖြစ်တယ်။ အနုပညာသဘောအရ နည်းနည်းချဲ့ကားထားတာတွေတော့ပါတယ်။ ဒါပေမဲ့ ဒါကအရေးမကြီးပါဘူး။ အရေးကြီးတာက စီးပွားရေးစတင်စွန့်စားလုပ်ကိုင်ရာမှာ အစစအရာရာအလျော့အတင်းလုပ်တတ်ဖို့နဲ့ အခက်အခဲနဲ့တွေ့တဲ့အခါ ကြံ့ကြံ့ခံနိုင်ဖို့ဆိုတဲ့ အရည်အသွေးတွေကို ဒီကားထဲမှာတွေ့ရမှာဖြစ်ပါတယ်။

၂။ Glengarry Glen Ross

David Mamet’s ရဲ့ ပူလစ်ဇာဆုရပြဇာတ်ကို မှီငြမ်းပြီးရိုက်ထားတဲ့ကား ဖြစ်ပါတယ်။ ချီကာဂိုမြို့ရဲ့ အိမ်၊ ခြံ၊ မြေရောင်းဝယ်ရေးလုပ်ငန်းမှာဖြစ်ပျက်နေတဲ့ အမြတ်အစွန်းရရေးအတွက် အချင်းချင်းသူ့ထက်ငါ ညစ်ပတ်တဲ့နည်းလမ်းတွေအပါအဝင် နည်းမျိုးစုံသုံးပြီး စီးပွားရေးလုပ်ကိုင်နေကြပုံကို ပြထားပါတယ်။ စီးပွားရေးအောင်မြင်ဖို့ဆိုရင် လိမ်တာညာတာတွေ၊ သစ္စာဖောက်တာတွေကို လှိမ့်ပိမ့်ခံကြပုံတွေကို ရှုစားကြရမှာဖြစ်တယ်။ စီးပွားရေးလောကမှာ ရက်စက်မှု၊ ပတ်သက်မှုတွေရှိနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းပိုင်ရှင် မဟုတ်သေးတဲ့ အရောင်းဝန်ထမ်းအနေနဲ့တောင် ဒီအချက်ကိုသိနိုင်မှာဖြစ်ပါတယ်။ ၁၉၉၂ ခုနှစ်က ရိုက်ထားတဲ့ဒီကားထဲမှာ ဒီအချက်ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါးဖြစ်တယ်ဆိုတာတွေ့ရမှာပါ။

၃။ Citizen Kane

ဒီဇာတ်ကားတွေမှာပါတဲ့ဇာတ်ကောင်ဟာ သတင်းစာလုပ်ငန်းသူဌေးကြီးဖြစ်တယ်။ တကယ့်ဖြစ်ရပ်မှန်သတင်းစာသူဌေးကြီး William Randolph Hearst ရဲ့ စီးပွားရေးလုပ်ငန်းကြိုးစားလုပ်ကိုင်ပုံတွေကို အခြေခံထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ရုပ်ရှင်ထဲက ဇာတ်ကောင်ဟာ အဲဒီလိုစီးပွားရေအတွက် ကြိုးစားလုပ်ကိုင်နေရင်း နောက်ဆုံးကျတော့ လူ့ဘဝမှာ ဘယ်ဟာအရေးအကြီးဆုံးလဲဆိုတာ သဘောပေါက်လာပုံကို တွေ့မြင်ရမှာပါ။ ဘာကြောင့်ဒီကားကို ကြည့်သင့်သလဲ။ စီးပွားရေးကို စွန့်စားစတင်လုပ်ကိုင်ရတာ ရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ အဲဒီလုပ်ငန်းအောင်မြင်ရေးဖြစ်တယ်ဆိုတာမှန်ပေမယ့် လူ့ဘဝမှာဒီရည်ရွယ်ချက်တစ်ခုပဲရှိသင့်တယ်လို့ မမှတ်ယူစေဖို့ဖြစ်ပါတယ်။

၄။ Pirates of Silicon Valley

တီဗီမှာပြဖို့ ရိုက်ထားတဲ့ကားဖြစ်ပြီး ၁၉၉၉ ခုနှစ်မှာ ပြသခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နည်းပညာဗဟိုချက် မနေရာမှာ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ထွန်းခါစကာလက အကြောင်းတွေဖြစ်ပါတယ်။ Bill Gates နဲ့ Steve Jobs တို့နောက်ပိုင်း ကြီးပွားလာကြပုံတွေ ပါဝင်ပါတယ်။ ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့ စိတ်ဝင်စားဖွယ်ရာဘဝဇာတ်ကြောင်းတွေကို မှတ်တမ်းတင်ရုပ်ရှင်သဖွယ် ရိုက်ပြထားပါတယ်။ စီးပွားရေးစွန့်စားလုပ်ကိုင်သူတွေအတွက် မှတ်သားစရာတွေပါပဲ။

၅။ The Pursuit of Happyness

ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ကားဖြစ်ပါတယ်။ ဇာတ်ကောင်ဖြစ်သူ Chris ဟာ အိုးမဲ့အိမ်မဲ့ဘ၀ရောက်သွားပြီးသား ကလေးကိုလည်း ကြိုးစားပမ်းစားပြုစုပံ့ပိုးပေးနေရပေမယ့် သူ့ရဲ့ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုတော့ မျက်ခြည်ပြတ်မခံပါဘူး။ ဒီဇွဲသတ္တိကို ဖော်ကျူးထား တဲ့ကားဖြစ်ပါတယ်။

၆။ Rocky

လူတိုင်း အနည်းဆုံးတစ်ကြိမ်ကြည့်သင့်တဲ့ကားဖြစ်ပါတယ်။ Sylvester Stallone ရေးသားပြီးကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပါတယ်။ လက်ဝှေ့အထူးကျွမ်းကျင်သူတစ်ဦးဖြစ်လာအောင် ကြိုးစားပုံတွေဖြစ်တယ်။ အနိုင်မခံအရှုံးမပေးတဲ့ဇွဲသတ္တိကို ပေါ်လွင်အောင် ပြသထားပါတယ်။

၇။ Wall Street

အမေရိကန်ရုပ်ရှင်စီးပွားရေးလုပ်ငန်းမှာ မသမာတဲ့နည်း၊ လူ့ကျင့်ဝတ်နဲ့မညီတဲ့နည်းတွေသုံးပြီး ကြီးပွားလာသူတစ်ယောက်အကြောင်း ဖြစ်ပါတယ်။

၈။ Moneyball

ဘေ့စ်ဘောအားကစားအသင်းရဲ့မန်နေဂျာ (Billy Beane) အဖြစ်ရုပ်ရှင်မင်းသား Brad Pitt က သရုပ်ဆောင်ထားပါတယ်။ အသင်းမှာပါဝင်ကစားကြသူတွေအတွက်သုံးစွဲဖို့ ငွေကြေးအလုံအလောက်မရှိဖြစ်နေတဲ့ အဲဒီအသင်းမန်နေဂျာဟာ သူ့အသင်းဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ဘယ်လိုအကြံဉာဏ်တွေသုံးပြီး လုပ်ကိုင်ခဲ့သလဲဆိုတာတွေ့ရမှာဖြစ် တယ်။ အဲဒီလိုအကြံဉာဏ်တွေ၊ တီထွင်ဆန်းသစ်တဲ့ အရည်အချင်းတွေဟာ ထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အရည်အချင်းတွေဖြစ်ပါတယ်။ ဘယ်လိုပိုကောင်းအောင် လုပ်မလဲဆိုတာ ကြံဆနေကြသူတွေဖြစ်ပါတယ်။ ဇာတ်ကောင်ဟာအပျက်မြင်သမားတွေရဲ့စကားကို နားမထောင်တဲ့ မိမိရည်မှန်း ချက်ကိုလည်းလက်မလျော့ဘဲ ရအောင်ကြိုးစားသူဖြစ်ပါတယ်။ 

၉။ Jerry Maguire

ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်ဟာအသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာလည်းအောင်မြင်ပြီး မိတ်ဆွေအပေါင်းအသင်းတွေလည်း အများကြီးရှိပါတယ်။ ချစ်သူမိန်းမချောလေးတစ်ယောက်လည်း ရှိပါတယ်။ အားကစားကိုယ်စားလှယ်လုပ်ငန်းလုပ်ကိုင်နေသူတွေဟာ ငွေကိုချည်းမကြည့်ဘဲ လုပ်ငန်းအရမိမိနဲ့ဆက်ဆံနေရသူတွေကိုပါဂရုစိုက်သင့်တယ်ဆိုတာ တစ်နေ့မှာသူသဘောပေါက် လာပုံကို ဇာတ်လမ်းဖွဲ့ထားတာဖြစ်ပါတယ်။

၁၀။ Office Space

ဒီကားကတော့ လုပ်ငန်းခွင်ဟာသကားပါပဲ။ ၁၉၉၉ ခုနှစ်ကပြခဲ့တာပါ။ လုပ်ငန်းခွင်တစ်ယောက်စာ အခန်းကျဉ်းလေးထဲမှာ အလုပ်လုပ်နေရင်း အထက်လူကြီးက ဟိုဟာလုပ်ပေးစမ်းပါ၊ ဒီဟာလုပ်ပေးစမ်းပါနဲ့ လာလာခိုင်းနေလို့ စိတ်ပိန်နေရပုံကို ဟာသဆန်ဆန်ရိုက်ကူးထားတယ်။

၁၁။ The Founder

ဒီဇာတ်ကားကတော့ ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့ McDonald’s ဟမ်ဘာဂါဆိုင်ရဲ့တည်ထောင်သူ Ray Kroc ရဲ့အကြောင်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပါတယ်။ 

၁၂။ Forrest Gump

Forrest Gumpဆိုတဲ့ ဉာဏ်ရည်မမှီတဲ့ မသန်မစွမ်းကလေးလေးတစ်ယောက်အကြောင်းရိုက်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၂နာရီကျော်ကြာပေမယ့် ပျင်းချိန်မရလိုက်အောင် ဗဟုသုတနဲ့ရသမျိုးစုံပေးစွမ်းပါတယ်။ Forrest ရဲ့ခေါင်းထဲမှာ သူ့အမေနဲ့ Jenny တို့ပဲရှိတယ်။ အမုန်းတရားတွေ၊ သူ့အပေါ်မကောင်းကြံတာတွေ၊ မလိုမုန်းထားတာတွေကို သူ့မှာခွဲခြားသိနိုင်တဲ့ ဉာဏ်ရည်မရှိဘူး။ ဒါ့ကြောင့် သူ့ဘဝဟာပကတိအေးချမ်းလှတယ်လို့ ထင်မိပါတယ်။ဒါပေမယ့် လောကဓံအလှည့်အပြောင်းတွေကြားထဲမှာ ဉာဏ်ရည်နိမ့်ပြီး ခြေထောက်မသန်စွမ်းတဲ့ကလေးတစ်ယောက် ဘယ်လိုတွေရုန်းကန်ထွက်လာတာလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ 

13.Ford vs Ferrari

ဖရာရီအီတလီကားကုမ္ပဏီနဲ့ ဖို့ဒ်ကုမ္ပဏီပိုင်ရှင် ဒုတိယမြောက်ဟင်နရီဖို့ဒ်ကားကုမ္ပဏီတို့ရဲ့ အားပြိုင်မှုတို့ကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ နာမည်ကျော်လမန်းစ်ကားပြိုင်ပွဲမှာ ဖရာရီကားကုမ္ပဏီက ၆ နှစ်ဆက်တိုက် ဗိုလ်စွဲထားခဲ့တဲ့အတွက် ဒုတိယမြောက်ဟင်နရီဖို့ဒ်ဟာ ငွေတွေပုံအောသုံးပြီး အကောင်းဆုံးလူတွေနဲ့ ပြိုင်ကားတည်ဆောက်၊ လမန်းစ်ပြိုင်ပွဲမှာ ဖရာရီကိုအနိုင်ယူဖို့ ကြိုးစားလာပါတော့တယ်။

လမန်းစ်ကားပြိုင်ပွဲဟာ၂၄ နာရီတိတိ ပတ်လမ်းတွေထဲမှာ တစ်နာရီကို မိုင် ၂၀၀ နှုန်းလောက်နဲ့ ပတ်နေရတဲ့ ပြိုင်ပွဲပါပဲ။ ကားတစ်စီးရဲ့ အမြန်နှုန်း၊ ခံနိုင်ရည်၊ စိတ်ချယုံကြည်ရမှု စမ်းသပ်တဲ့နေရာဖြစ်ပါတယ်။ဘယ်လိုကြိုစားပြီး အနိုင်ယူသွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။