စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

‘စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များအသိပညာပေးဆွေးနွေးပွဲ အပိုင်း ၃- Copyright and Contracts Webinar: Episode 3” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၂၇ရက်က Zoomစနစ် ပြုလုပ်ခဲ့ပါတယ်။အဆိုပါဆွေးနွေးပွဲမှာ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲတဲ့အဖွဲ့အစည်း ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဆရာချစ်ဦးညိုကလည်းဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အကြိုနှုတ်ဆက်စကားကို ဗီဒီယိုမက်ဆေ့ဖြင့်ပြောကြားခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ကူညီပံ့ပိုးမှုနဲအတူ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲတဲ့ အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး စာပေနဲ့အနုပညာမူပိုင်ခွင့်ဥပဒေ (၂၀၁၉) နဲ့ပတ်သက်ပြီးအသိပညာ ဆွေးနွေးပွဲအပိုင်း(၁)နဲ့ စာပေနှင့်အနုပညာမူပိုင်ခွင့်နည်းပညာ အသိပညာဆွေးနွေးပွဲ အပိုင်း(၂)တို့ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ စာပေမူပိုင်ခွင့်ဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဦးမျိုးအောင်က စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါတယ်။ဒါအပြင် ဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ဦးမျိုးအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဒေါက်တာသာထွန်းဦး(တူဒေးစာအုပ်တိုက်)၊ ဦးသိန်းအောင်(ဥပဒေပညာရှင်) နဲ့ ဦးမြင့်သူ(အိုင်တီပညာရှင်)တို့က စာပေအနုပညာမူပိုင်ခွင့်နှင့်စာချုပ်များနှင့်ပတ်သက်တဲ့ အကြောင်းအရာများပါဝင် တဲ့စာပေအနုပညာမူပိုင်ခွင့်နှင့် စာချုပ်များအသိပညာပေးဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပါတယ်။