ခရီးထွက်ဖို့အဝတ်အစား ၊ ပစ္စည်းတွေထုပ်ပိုးရာ မှာမှားတတ်ကြတဲ့ အမှား ၅ မျိုး

၁။ အဝတ်တွေကို လိပ်ပြီးထည့်တာ။

အဝတ်အစားတွေကို လိပ်ပြီးမှ အိတ်ထဲထည့်တာမျိုးကအဝတ်တွေကို တွန့်ကြေစေတဲ့အတွက် အင်္ကျီ၊ ဘောင်းဘီ သက်သက်စီထားပြီးမှ အတွင်းခံတွေကို အိတ်အသေးထဲထည့်ပါ။

၂။ ခရီးဆောင်အိတ်ထဲ ပစ္စည်းအများကြီးထည့်တာ။

အိတ်ထဲ ပစ္စည်းတွေများပြီး ရှုပ်နေတာမျိုးမဖြစ်အောင် မီးခိုး၊ အဖြူ၊ အမဲရောင်အဝတ်တွေပဲသယ်ပါ။ ရှူးဖိနပ်တွေ အစား ဖိနပ်အပါးလေးတွေသယ်ပါ။

၃။ Compression မသုံးတာ။

သင့်အိတ်ထဲက အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းတွေ မတွန့်ကြေအောင် Compression Pad သုံးပါ။

၄။ ရှိသမျှပစ္စည်းတွေကို အိတ်ထဲမှာ စုပြုံပြီးထည့်တာ။

အိတ်ရဲ့ညာဖက်မှာ အဝတ်အစားတွေကိုထားပြီး ဖိနပ်နဲ့ တခြား လိုအပ်တဲ့ အသုံးအဆောင်တွေကို ဘယ်ဘက်မှာ ထုပ်ပိုးထား လိုက်ရင် သင့်အဝတ်တွေလည်း မပေကျံတော့ဘူးပေါ့။

၅။ လေယာဉ်ပေါ်မှာ ဝတ်မယ့်အဝတ်တွေကို လက်ကိုင်အိတ်ထဲထည့်တာ။

သက်သောင့်သက်တာရှိမယ့် အဝတ်တွေကိုဝတ်ပြီး ကျန်တာတွေကို လက်ကိုင်အိတ်ထဲသာ ထည့်ထားလိုက်ပါ။ မှန်းဆမရတဲ့ ရာသီဥတုအခြေအနေ၊ လေယာဉ်အပူချိန်တွေကိုကာကွယ်ဖို့ လည်စည်းပုဝါ၊ စောင်တွေကို လက်ကိုင်အိတ်ထဲထည့်ထားပါ။